တာချီလိတ်မြို့တွင် လင်မယားအချင်းချင်း စကားများရန်ဖြစ်ရာမှ  ဇနီးဖြစ်သူ သေဆုံး

တာချီလိတ်မြို့တွင် လင်မယားအချင်းချင်း စကားများရန်ဖြစ်ရာမှ  ဇနီးဖြစ်သူ သေဆုံး

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် လင်မယားချင်း စကားများရန်ဖြစ်ရာမှ ခင်ပွန်းဖြစ်သူ၏ ကိုယ်ထိလက်ရောက် ရိုက်နှက်မှု ဒဏ်ကြောင့် ဇနီးဖြစ်သူ သေဆုံးမှု ၂၀၂၂ခုနှစ် ဩဂုတ်လ(၁၈)ရက်နေ့ ည(၁၀)နာရီခွဲဝန်းကျင်အချိန်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်အတွင်း၌ နေထိုင်ကြသည့် လင်မယား နှစ်ဦးသည် အချင်းချင်း စကားများရန်ဖြစ်ကြပြီးနောက်  ကိုယ်ထိလက်ရောက် ရိုက်နှက်မှု ဒဏ်ကြောင့် ဇနီးဖြစ်သူမှာ ဦးခေါင်းဒဏ်ရာများဖြင့် သေဆုံးခြင်းဖြစ်ကြောင်း သိရသည်။

ဦးခေါင်းဒဏ်ရာများရရှိထားသည့် အဆိုပါ အမျိုးသမီးကို ဦးလှမိုး (တာချီလိတ်)လူမှုကူညီရေးအသင်းက တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့သော်လည်း အသက်မမှီဘဲ သေဆုံးသွားသည်ဟု သိရသည်။

သေဆုံးသူမှာ အသက်(၅၀)ကျော်အရွယ် ဖြစ်ပြီး သေစေသည်အထိ ရိုက်နှက်သည့် ခင်ပွန်းဖြစ်သူကို တာချီလိတ်မြို့မရဲစခန်းက ဖမ်းဆီးစစ်ဆေးနေကြောင်း သိရသည်။

#TachileikNewsAgency

Photo:  ဦးလှမိုး (တာချီလိတ်)လူမှုကူညီရေးအသင်း