တာခ်ီလိတ္တြင္ ျမန္မာ-ထိုင္း ခ်စ္ၾကည္ေရးတံတား အမွတ္(၁)၊ အမွတ္ (၂) ဘီးခြန္ေကာက္ခံေရးအပါအဝင္ လုပ္ငန္း (၅) ခု ေလလံဆြဲသူမရိွေသး၍ ထပ္မံေခၚယူ

တာခ်ီလိတ္တြင္ ျမန္မာ-ထိုင္း ခ်စ္ၾကည္ေရးတံတား အမွတ္(၁)၊ အမွတ္ (၂) ဘီးခြန္ေကာက္ခံေရးအပါအဝင္ လုပ္ငန္း (၅) ခု ေလလံဆြဲသူမရိွေသး၍ ထပ္မံေခၚယူ
သြဂုတ် 28, 2019
By Tachileik News Agency
ထုိင္းႏုိင္ငံႏွင့္နယ္စပ္ ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕တြင္ ၿမိဳ႕နယ္စည္ပင္သာယာေရးေကာ္မတီ၏ ၂၀၁၉-၂၀၂၀ ဘ႑ာေရးႏွစ္ အရပ္ရပ္အခြင့္အေရးလိုင္စင္ (၂၈)ခုေရာင္းခ်သည့္အနက္ (၅)ခုမွာ သတ္မွတ္ရက္အတြင္း ေလလံဆြဲသူမရိွ၍ ထပ္မံေခၚယူထားသည္။

"ဒုတိယအႀကိမ္ ေၾကာ္ျငာေခၚမယ္။ ေလလံဆြဲသူမရိွဘူးဆုိရင္ ေနာက္ဆံုး တတိယအႀကိမ္ အဲဒီလိုမ်ိဳး ဆက္သြားမယ္။ ေနာက္ဆံုး က်ေတာ့ ခ်ိတ္ပိတ္တင္ဒါတို႔၊ ညိႇႏိႈင္းေရာင္းခ်မႈတို႔ အဆင့္ (၅) ဆင့္ေလာက္အထိ သြားရမွာေပါ့"ဟု တာခ်ီလိတ္ၿမိဳ႕နယ္ စည္ပင္သာယာေရးေကာ္မတီမွ အမႈေဆာင္အရာရိွ ဦးစိုင္းခြန္ေဇာ္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အရပ္ရပ္အခြင့္အေရးလိုင္စင္ (၂၈) ခုကို ၂၀၁၉ ခုနွစ္၊ ၾသဂုတ္လ (၂၇)ရက္ေန႔ နံနက္ပိုင္းက ေအာင္ျမတ္ခန္းမ၌ ေလလံတင္ခဲ့ရာတြင္ လုပ္ငန္း (၂၃)ခုကို ေလလံတင္ေရာင္းခ်ခဲ့ၿပီး  ေလလံဆြဲသူမရိွသည့္ ၾကမ္းခင္းေစ်း က်ပ္သိန္း (၂၁၀၀.၉၅၀) သတ္မွတ္ထားသည့္ ျမန္မာ-ထိုင္း ခ်စ္ၾကည္ေရးတံတား အမွတ္(၁)၊ အမွတ္ (၂) ဘီးခြန္ေကာက္ခံေရးလုပ္ငန္း၊ ၾကမ္းခင္းေစ်း က်ပ္သိန္း (၂၁.၅၃၀) သတ္မွတ္ထားသည့္ ဆန္ဆိုင္း(က) အေပါင္ဆိုင္(၃) ၊ ၾကမ္းခင္းေစ်း က်ပ္သိန္း (၁၄.၉၁၀) သတ္မွတ္ထားသည့္ ပုန္းထြန္အေပါင္ဆိုင္(၃)၊ ၾကမ္းခင္းေစ်း က်ပ္သိန္း (၂၁.၂၁၀)သတ္မွတ္ထားသည့္ ပါဆတ္အေပါင္ဆိုင္ႏွင့္ ၾကမ္းခမ္းေစ်း က်ပ္သိန္း (၁၃.၁၃၀) သတ္မွတ္ထားသည့္ မုိင္းကိုးအေပါင္ဆိုင္တို႔အတြက္ ေလလံထပ္မံေခၚယူထားျခင္းျဖစ္သည္။

စည္ပင္သာယာေရးေကာ္မတီ၏ အရပ္ရပ္အခြင့္အေရးလိုင္စင္မ်ားျဖစ္သည့္ မယ္ေခါင္အေပါင္ဆုိင္ကို က်ပ္သိန္း (၁၇.၃၃၀)၊ ဆန္ဆုိင္း(က)အေပါင္ဆုိင္ (၁)ကို က်ပ္သိန္း (၃၅.၁၈၀)၊ ဆန္ဆိုင္း(က) အေပါင္ဆုိင္(၂)ကို က်ပ္သိန္း (၁၇.၃၃၀)၊ ဝမ္ေကာင္းအေပါင္ဆုိင္(၁)ကို က်ပ္သိန္း (၂၀.၄၈၀)၊ ဝမ္ေကာင္းအေပါင္ဆုိင္(၂)ကို က်ပ္သိန္း (၁၅.၂၃၀)၊ ဝမ္ေကာင္းအေပါင္ဆုိင္ (၃)ကို က်ပ္သိန္း (၁၇.၀၁၀)၊ ပုန္းထြန္အေပါင္ဆုိင္(၁)ကို က်ပ္သိန္း (၂၁.၅၃၀)၊ ပုန္းထြန္အေပါင္ဆုိင္ (၂)ကို က်ပ္သိန္း (၁၆.၂၈၀)၊ တာေလာ့ေစ်းေရအိမ္ကို က်ပ္သိန္း (၂၂.၀၅၀)၊ တာေလာ့ေစ်းယာဥ္ေစာင့္လုပ္ငန္းကို က်ပ္သိန္း (၂၉.၉၃၀)၊ ရန္ေအာင္ေျမေဟာင္လိတ္အေပါင္ဆုိင္ကို က်ပ္သိန္း (၂၂.၂၆၀)၊ မကာဟိုခမ္းအေပါင္ဆုိင္ (၁)ကို က်ပ္သိန္း (၁၇.၀၁၀)၊  မကာဟိုခမ္းအေပါင္ဆုိင္(၂)ကို က်ပ္သိန္း (၂၁.၂၁၀)၊  ဝိန္းေက်ာက္အေပါင္ဆုိင္ကို က်ပ္သိန္း (၁၉.၄၃၀)၊ ဖန္မင္ေစ်းေကာက္လုပ္ငန္းကို က်ပ္သိန္း (၁၈၅.၂၂၀)၊ အေဝးေျပးကားႀကီးဘီးေကာက္လုပ္ငန္းကို က်ပ္သိန္း (၃၈၈.၅၀၀)ႏွင့္ တာေလာ့ေစ်းပ်ံက်ေစ်းေကာက္လုပ္ငန္းကို က်ပ္သိန္း (၇၃၅.၀၀၀)ျဖင့္ ၾကမ္းခမ္းေစ်းမ်ားအတုိင္း ဝယ္ယူသြားၾကျခင္းျဖစ္သည္။

သက္တမ္းတိုးေပးလုိက္သည့္ လုပ္ငန္းလုိင္စင္မ်ားအျဖစ္ ၿမိဳ႕ဝင္ေၾကးဘီးေကာက္(မုိင္းဆတ္)ကို က်ပ္သိန္း (၁၇၂.၂၀၀)၊ ၿမိဳ႕ဝင္ေၾကးဘီးေကာက္ (ျပည္တြင္း) က်ပ္သိန္း (၅၂၂.၉၀၀)၊  ၿမိဳ႕မပ်ံက်ေစ်းေကာက္ကို က်ပ္သိန္း (၂၇၄.၇၉၀)၊ ၿမိဳ႕မေစ်းေရအိမ္ကို က်ပ္သိန္း (၄၀.၁၁၀)၊ ၿမိဳ႕မေစ်းစက္ဘီးဆုိ္င္ကယ္အပ္ႏွံျခင္းကို က်ပ္သိန္း (၃၄၁.၇၈၀)ႏွင့္ ပါဆတ္ေရခ်ိဳးခန္းအိမ္သာကို က်ပ္သိန္း (၁၀.၈၂၀)ျဖင့္ ေလလံေရာင္းခ်လုိက္ျခင္းျဖစ္သည္။

Tachileik News Agency
သတင္း - ဟန္စိုးထိုက္


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ထိုင်းနိုင်ငံနှင့်နယ်စပ် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် မြို့နယ်စည်ပင်သာယာရေးကော်မတီ၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် အရပ်ရပ်အခွင့်အရေးလိုင်စင် (၂၈)ခုရောင်းချသည့်အနက် (၅)ခုမှာ သတ်မှတ်ရက်အတွင်း လေလံဆွဲသူမရှိ၍ ထပ်မံခေါ်ယူထားသည်။

"ဒုတိယအကြိမ် ကြော်ငြာခေါ်မယ်။ လေလံဆွဲသူမရှိဘူးဆိုရင် နောက်ဆုံး တတိယအကြိမ် အဲဒီလိုမျိုး ဆက်သွားမယ်။ နောက်ဆုံး ကျတော့ ချိတ်ပိတ်တင်ဒါတို့၊ ညှိနှိုင်းရောင်းချမှုတို့ အဆင့် (၅) ဆင့်လောက်အထိ သွားရမှာပေါ့"ဟု တာချီလိတ်မြို့နယ် စည်ပင်သာယာရေးကော်မတီမှ အမှုဆောင်အရာရှိ ဦးစိုင်းခွန်ဇော်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အရပ်ရပ်အခွင့်အရေးလိုင်စင် (၂၈) ခုကို ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၂၇)ရက်နေ့ နံနက်ပိုင်းက အောင်မြတ်ခန်းမ၌ လေလံတင်ခဲ့ရာတွင် လုပ်ငန်း (၂၃)ခုကို လေလံတင်ရောင်းချခဲ့ပြီး လေလံဆွဲသူမရှိသည့် ကြမ်းခင်းဈေး ကျပ်သိန်း (၂၁၀၀.၉၅၀) သတ်မှတ်ထားသည့် မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား အမှတ်(၁)၊ အမှတ် (၂) ဘီးခွန်ကောက်ခံရေးလုပ်ငန်း၊ ကြမ်းခင်းဈေး ကျပ်သိန်း (၂၁.၅၃၀) သတ်မှတ်ထားသည့် ဆန်ဆိုင်း(က) အပေါင်ဆိုင်(၃)၊ ကြမ်းခင်းဈေး ကျပ်သိန်း (၁၄.၉၁၀) သတ်မှတ်ထားသည့် ပုန်းထွန်အပေါင်ဆိုင်(၃)၊ ကြမ်းခင်းဈေး ကျပ်သိန်း (၂၁.၂၁၀)သတ်မှတ်ထားသည့် ပါဆတ်အပေါင်ဆိုင်နှင့် ကြမ်းခမ်းဈေး ကျပ်သိန်း (၁၃.၁၃၀) သတ်မှတ်ထားသည့် မိုင်းကိုးအပေါင်ဆိုင်တို့အတွက် လေလံထပ်မံခေါ်ယူထားခြင်းဖြစ်သည်။

စည်ပင်သာယာရေးကော်မတီ၏ အရပ်ရပ်အခွင့်အရေးလိုင်စင်များဖြစ်သည့် မယ်ခေါင်အပေါင်ဆိုင်ကို ကျပ်သိန်း (၁၇.၃၃၀)၊ ဆန်ဆိုင်း(က)အပေါင်ဆိုင် (၁)ကို ကျပ်သိန်း (၃၅.၁၈၀)၊ ဆန်ဆိုင်း(က) အပေါင်ဆိုင်(၂)ကို ကျပ်သိန်း (၁၇.၃၃၀)၊ ဝမ်ကောင်းအပေါင်ဆိုင်(၁)ကို ကျပ်သိန်း (၂၀.၄၈၀)၊ ဝမ်ကောင်းအပေါင်ဆိုင်(၂)ကို ကျပ်သိန်း (၁၅.၂၃၀)၊ ဝမ်ကောင်းအပေါင်ဆိုင် (၃)ကို ကျပ်သိန်း (၁၇.ဝ၁၀)၊ ပုန်းထွန်အပေါင်ဆိုင်(၁)ကို ကျပ်သိန်း (၂၁.၅၃၀)၊ ပုန်းထွန်အပေါင်ဆိုင် (၂)ကို ကျပ်သိန်း (၁၆.၂၈၀)၊ တာလော့ဈေးရေအိမ်ကို ကျပ်သိန်း (၂၂.ဝ၅၀)၊ တာလော့ဈေးယာဉ်စောင့်လုပ်ငန်းကို ကျပ်သိန်း (၂၉.၉၃၀)၊ ရန်အောင်မြေဟောင်လိတ်အပေါင်ဆိုင်ကို ကျပ်သိန်း (၂၂.၂၆၀)၊ မကာဟိုခမ်းအပေါင်ဆိုင် (၁)ကို ကျပ်သိန်း (၁၇.ဝ၁၀)၊ မကာဟိုခမ်းအပေါင်ဆိုင်(၂)ကို ကျပ်သိန်း (၂၁.၂၁၀)၊ ဝိန်းကျောက်အပေါင်ဆိုင်ကို ကျပ်သိန်း (၁၉.၄၃၀)၊ ဖန်မင်ဈေးကောက်လုပ်ငန်းကို ကျပ်သိန်း (၁၈၅.၂၂၀)၊ အဝေးပြေးကားကြီးဘီးကောက်လုပ်ငန်းကို ကျပ်သိန်း (၃၈၈.၅၀၀)နှင့် တာလော့ဈေးပျံကျဈေးကောက်လုပ်ငန်းကို ကျပ်သိန်း (၇၃၅.ဝဝဝ)ဖြင့် ကြမ်းခမ်းဈေးများအတိုင်း ဝယ်ယူသွားကြခြင်းဖြစ်သည်။

သက်တမ်းတိုးပေးလိုက်သည့် လုပ်ငန်းလိုင်စင်များအဖြစ် မြို့ဝင်ကြေးဘီးကောက်(မိုင်းဆတ်)ကို ကျပ်သိန်း (၁၇၂.၂၀၀)၊ မြို့ဝင်ကြေးဘီးကောက် (ပြည်တွင်း) ကျပ်သိန်း (၅၂၂.၉၀၀)၊ မြို့မပျံကျဈေးကောက်ကို ကျပ်သိန်း (၂၇၄.၇၉၀)၊ မြို့မဈေးရေအိမ်ကို ကျပ်သိန်း (၄၀.၁၁၀)၊ မြို့မဈေးစက်ဘီးဆို်င်ကယ်အပ်နှံခြင်းကို ကျပ်သိန်း (၃၄၁.၇၈၀)နှင့် ပါဆတ်ရေချိုးခန်းအိမ်သာကို ကျပ်သိန်း (၁၀.၈၂၀)ဖြင့် လေလံရောင်းချလိုက်ခြင်းဖြစ်သည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net