မိုင်းတွမ်း မယ်ဖါ့လုံ COVID 19 စင်တာမှတဆင့် တာချီလိတ်သို့ ထွက်ပြေးရန် ကြိုးစားသည့် အတည်ပြုလူနာ(၂)ဦး လမ်းတွင် ဂိတ်ပိတ်၍ Q စင်တာသို့ ပြန်ရောက်

မိုင်းတွမ်း မယ်ဖါ့လုံ COVID 19 စင်တာမှတဆင့် တာချီလိတ်သို့ ထွက်ပြေးရန် ကြိုးစားသည့် အတည်ပြုလူနာ(၂)ဦး လမ်းတွင် ဂိတ်ပိတ်၍ Q စင်တာသို့ ပြန်ရောက်
စက်တင်ဘာ 23, 2021 | Covid-19| ရှမ်းရှေ့

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ၊ မိုင်းဆတ်မြို့နယ်အတွင်း မိုင်းတွမ်း မယ်ဖါ့လုံ COVID 19 Center မှ Covid-19 ပိုးကူးစက်ခံထားရသည့် အမျိုးသား(၂) ဦး ၂၀၂၁ ခုနှစ် စက်တင်ဘာလ (၂၃) ရက်နေ့တွင် စင်တာသို့ ပြန်လည်ရောက်ရှိလာကြပြီဖြစ်ကြောင်း သိရသည်။

ပြန်ရောက်လာတယ် မနက်စောစောက။ အမျိုးသား (၂) ဦး အရက်မူးပြီး ထွက်သွားတာ။ မိုင်းဆတ် - တာချီလိတ် "ဝ"ဂိတ်က ပိတ်ထားလို့ ပြန်လာကြတာ။ အခုတော့ စင်တာပြန်ရောက်နေကြပြီ

ဟု  တာဝန်ရှိသူတစ်ဦးက Tachileik News Agency သို့ ပြောသည်။

အဆိုပါ အတည်ပြုလူနာ အမျိုးသား (၂) ဦးသည် ယမန်နေ့ည (၇) နာရီဝန်းကျင်က စင်တာမှ ထွက်၍ တာချီလိတ်ဘက် ပြန်ရန်ကြိုးစားကြရာ မိုင်းဆတ် - တာချီလိတ်လမ်းမှ 'ဝ'ဂိတ်ပိတ်ထား၍   ပြန်လာကြခြင်းဖြစ်သည်ဟု သိရသည်။

မိုင်းတွမ်း မယ်ဖါ့လုံ COVID 19 စင်တာတွင် ယနေ့အထိ ကုသမှုခံယူဆဲ အတည်ပြုလူနာ (၂၂) ဦးရှိနေကြောင်း သိရသည်။