တာချီလိတ် နှင့် မိုင်းဆတ်ခရိုင် ဝင်ပြိုင်ရသည့် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် (၃)တွင် USDP အနိုင်ရ

တာချီလိတ် နှင့် မိုင်းဆတ်ခရိုင် ဝင်ပြိုင်ရသည့် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် (၃)တွင် USDP အနိုင်ရ
နိုဝင်ဘာ 10, 2020
By Tachileik News Agency
 
တာချီလိတ် နှင့် မိုင်းဆတ်ခရိုင် ဝင်ပြိုင်ရသည့် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် (၃)တွင် USDP အနိုင်ရ
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်နှင့် မိုင်းဆတ်ခရိုင် အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ် (၃)တွင် NLD ပါတီမှ ကိုယ်စားလှယ်လောင်းက USDP ကိုယ်စားလှယ်လောင်းအား ဆန္ဒမဲ (၅၀၀၀) ဝန်းကျင်ဖြင့် အနိုင်ရထားကြောင်း မဲရုံများတွင် ရေတွက်ထားသည့် ဆန္ဒမဲရလဒ်များအရ သိရသည်။
တာချီလိတ်မြို့နယ်၊ မိုင်းယောင်းမြို့နယ်၊ မိုင်းဖြတ်မြို့နယ်၊ မိုင်းဆတ်မြို့နယ်နှင့် မိုင်းတုံမြို့နယ်များမှ မဲရုံများတွင် ရေတွက်သည့် ဆန္ဒမဲရလဒ် စုစုပေါင်းတွင် NLD ပါတီ ကိုယ်စားလှယ်လောင်းက ဆန္ဒမဲ (၆၁၀၀၀)ကျော်နှင့် USDP ကိုယ်စားလှယ်လောင်းက ဆန္ဒမဲ (၅၇၀၀၀)ကျော် ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
NLD ပါတီမှ ကိုယ်စားလှယ်လောင်းမှာ တာချီလိတ်မြို့နယ် မဲဆန္ဒနယ်မှ (၃၉,၉၁၂)မဲ၊ မိုင်းဖြတ်မြို့နယ် မဲဆန္ဒနယ်မှ ( ၄,၅၁၄) မဲ၊ မိုင်းယောင်းမြို့နယ် မဲဆန္ဒနယ်မှ (၉,၈၆၄)မဲ၊ မိုင်းဆတ်မြို့နယ် မဲဆန္ဒနယ်မှ (၆,၀၅၇)မဲနှင့် မိုင်းတုံမြို့နယ်မဲဆန္ဒနယ်မှ (၂,၉၅၅) မဲ စုစုပေါင်း ဆန္ဒမဲ (၆၃,၃၀၂)မဲ ရရှိရာ စုစုပေါင်း ဆန္ဒမဲ (၆၃,၃၀၂)မဲရရှိသည်။
USDP ပါတီမှ ကိုယ်စားလှယ်လောင်းမှာ တာချီလိတ်မြို့နယ် မဲဆန္ဒနယ်မှ (၁၃၉၁၁)မဲ၊ မိုင်းဖြတ်မြို့နယ် မဲဆန္ဒနယ်မှ (၅၆၃၈)မဲ၊ မိုင်းယောင်းမြို့နယ် မဲဆန္ဒနယ်မှ (၆၅၅၃)မဲ၊ မိုင်းဆတ်မြို့နယ် မဲဆန္ဒနယ်မှ (၁၉၉၂၂)မဲနှင့် မိုင်းတုံမြို့နယ်မဲဆန္ဒနယ်မှ (၁၇၅၄၂) မဲ စုစုပေါင်း ဆန္ဒမဲ (၆၃၅၆၆) မဲရရှိထားခြင်းဖြစ်သည်။
တာချီလိတ်ခရိုင်နှင့် မိုင်းဆတ်ခရိုင် အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ် (၃)တွင် နိုင်ငံရေးပါတီ (၇)ခုမှ ကိုယ်စားလှယ်လောင်းများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြခြင်းဖြစ်သည်။
Tachileik News Agency

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~