ငလ်င္ေဘးအႏၱရာယ္အတြင္း ရွာေဖြကယ္ဆယ္ေရးလုပ္ငန္းမ်ားကို မီးသတ္ႏွင့္လူမႈကူညီေရးအသင္းမ်ား စုေပါင္းကာ တာခ်ီလိတ္တြင္ သရုပ္ျပ

ငလ်င္ေဘးအႏၱရာယ္အတြင္း ရွာေဖြကယ္ဆယ္ေရးလုပ္ငန္းမ်ားကို မီးသတ္ႏွင့္လူမႈကူညီေရးအသင္းမ်ား စုေပါင္းကာ တာခ်ီလိတ္တြင္ သရုပ္ျပ
သြဂုတ် 28, 2019
By Tachileik News Agency

ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ ရွမ္းရိုးမကြင္းအတြင္း တာခ်ီလိတ္ခရိုင္ မီးသတ္တပ္ဖြဲ႕ဝင္မ်ား ႏွင့္ လူမႈေရးအသင္းအဖြဲ႕မ်ား ပူးေပါင္းၿပီး ငလ်င္ေဘးအႏၱရာယ္ ကယ္ဆယ္ေရးမ်ားႏွင့္ ပတ္သက္သည့္ ငလ်င္ေဘးအႏၱရာယ္အတြင္း ရွာေဖြကယ္ဆယ္ေရးသရုပ္ျပပြဲကို ၂၀၁၉ ခုႏွစ္၊ ၾသဂုတ္လ (၂၈) ရက္ေန႔ နံနက္ (၁၀) နာရီက ျပဳလုပ္သည္။

အဆိုပါသရုပ္ျပပြဲတြင္ ဒဏ္ရာရသူမ်ားအား ေရွးဦးသူနာျပဳစုႏိုင္ေရးအတြက္ အေရးေပၚတဲထိုးမႈမ်ား၊ မီးသတ္တပ္ဖြဲ႕မွ ရွာေဖြကယ္ဆယ္ေရးယာဥ္မ်ား၊ လူမႈေရးအသင္းအဖြဲ႕မွ လူနာတင္ယာဥ္မ်ားပူးေပါင္းၿပီး မီးသတ္တပ္ဖြဲ႕ဝင္မ်ားက ရွာေဖြကယ္ဆယ္ထားသည့္လူနာမ်ားကို အေရးေပၚေရွးဦးသူနာျပဳစုၿပီး လူနာတင္ယာဥ္မ်ားျဖင့္ သယ္ေဆာင္မႈ၊ လူနာမ်ား၏ဒဏ္ရာအေျခအေနေပၚမႈတည္ၿပီး အေရာင္ (၄) မ်ိဳး သတ္မွတ္ၿပီး ဦးစားေပးအဆင့္အလိုက္ ေဘးကင္းရာသို႔ သယ္ေဆာင္မႈမ်ား၊ အေဆာက္အဦးၿပိဳက်မႈေၾကာင့္ ပ်က္စီးသြားသည့္ ေမာ္ေတာ္ယာဥ္မ်ားကို ဖယ္ထုတ္မႈမ်ားကို ျပသခဲ့သည္။

"ကၽြန္ေတာ္တို႔ႏိုင္ငံရဲ႕ ၿမို႕ေတြမွာဆိုရင္ လူမႈေရးအသင္းအဖြဲ႕ေတြရဲ႕ အခန္းက႑က တျဖည္းျဖည္းနဲ႔မ်ားလာၿပီ။ ကၽြန္ေတာ္တို႔ၿမိဳ႕မွာလည္း လူမႈေရးအသင္းအဖြဲ႕ေတြ ရိွတာေပါ့။ သူတို႔ေတြနဲ႔ ေပါင္းစပ္ၿပီးေတာ့ ကၽြန္ေတာ္တို႔ရဲ႕လုပ္ေဆာင္ခ်က္ေတြ၊ ကၽြန္ေတာ္တို႔လုပ္ထံုးလုပ္နည္းေတြနဲ႔ ပတ္သက္ၿပီး သူတို႔လည္း နားလည္ေအာင္၊ တကယ္တမ္းျဖစ္လာရင္ မီးသတ္တပ္ဖြဲ႕က ဘာလုပ္မယ္၊ လူမႈေရးအသင္းအဖြဲ႕က ဘာလုပ္မယ္ဆိုတာ သိေအာင္ ေပါင္းစပ္လုပ္ကိုင္တဲ့သေဘာပါ"ဟု တာခ်ီလိတ္ခရိုင္မီးသတ္တပ္ဖြဲ႔မွ ခရိုင္ဦးစီးမွဴး ဦးေက်ာ္ကိုကိုက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ငလ်င္ေဘးအႏၱရာယ္အတြင္း ရွာေဖြကယ္ဆယ္ေရးသရုပ္ျပပြဲကို တာခ်ီလိတ္ခရိုင္မီးသတ္တပ္ဖြဲ႕မွ သေႏၶတပ္ဖြဲ႕ဝင္မ်ားႏွင့္ အရန္မီးသတ္တပ္ဖြဲ႕ဝင္ (၈၀) ဦး၊ လူမႈေရးအဖြဲ႕မ်ားျဖစ္သည့္ ၾကက္ေျခနီအသင္း၊ မဇၥ်ိမလူမႈကူညီေရးအဖြဲ႕၊ အလင္းေရာင္ပရဟိတအသင္းတို႔မွ အဖြဲ႕၀င္ (၃၆) ဦး၊ စုစုေပါင္း အမ်ိဳးသား (၁၁၅) ဦးႏွင့္ အမ်ိဳးသမီး(၁)ဦးတုိ႔ ပါဝင္သရုပ္ျပခဲ့ျခင္း ျဖစ္သည္။

Tachileik News Agency
သတင္း - ဟန္စိုးထုိက္
ဓါတ္ပံု -  ေက်ာ္ဇင္ဟိန္း ၊ Thin Swe၊ ေအာင္ေက်ာ္၀င္းစိန္


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ ရှမ်းရိုးမကွင်းအတွင်း တာချီလိတ်ခရိုင် မီးသတ်တပ်ဖွဲ့ဝင်များ နှင့် လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းပြီး ငလျင်ဘေးအန္တရာယ် ကယ်ဆယ်ရေးများနှင့် ပတ်သက်သည့် ငလျင်ဘေးအန္တရာယ်အတွင်း ရှာဖွေကယ်ဆယ်ရေးသရုပ်ပြပွဲကို ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၂၈) ရက်နေ့ နံနက် (၁၀) နာရီက ပြုလုပ်သည်။

အဆိုပါသရုပ်ပြပွဲတွင် ဒဏ်ရာရသူများအား ရှေးဦးသူနာပြုစုနိုင်ရေးအတွက် အရေးပေါ်တဲထိုးမှုများ၊ မီးသတ်တပ်ဖွဲ့မှ ရှာဖွေကယ်ဆယ်ရေးယာဉ်များ၊ လူမှုရေးအသင်းအဖွဲ့မှ လူနာတင်ယာဉ်များပူးပေါင်းပြီး မီးသတ်တပ်ဖွဲ့ဝင်များက ရှာဖွေကယ်ဆယ်ထားသည့်လူနာများကို အရေးပေါ်ရှေးဦးသူနာပြုစုပြီး လူနာတင်ယာဉ်များဖြင့် သယ်ဆောင်မှု၊ လူနာများ၏ဒဏ်ရာအခြေအနေပေါ်မှုတည်ပြီး အရောင် (၄) မျိုး သတ်မှတ်ပြီး ဦးစားပေးအဆင့်အလိုက် ဘေးကင်းရာသို့ သယ်ဆောင်မှုများ၊ အဆောက်အဦးပြိုကျမှုကြောင့် ပျက်စီးသွားသည့် မော်တော်ယာဉ်များကို ဖယ်ထုတ်မှုများကို ပြသခဲ့သည်။

"ကျွန်တော်တို့နိုင်ငံရဲ့ မြို့တွေမှာဆိုရင် လူမှုရေးအသင်းအဖွဲ့တွေရဲ့ အခန်းကဏ္ဍက တဖြည်းဖြည်းနဲ့များလာပြီ။ ကျွန်တော်တို့မြို့မှာလည်း လူမှုရေးအသင်းအဖွဲ့တွေ ရှိတာပေါ့။ သူတို့တွေနဲ့ ပေါင်းစပ်ပြီးတော့ ကျွန်တော်တို့ရဲ့လုပ်ဆောင်ချက်တွေ၊ ကျွန်တော်တို့လုပ်ထုံးလုပ်နည်းတွေနဲ့ ပတ်သက်ပြီး သူတို့လည်း နားလည်အောင်၊ တကယ်တမ်းဖြစ်လာရင် မီးသတ်တပ်ဖွဲ့က ဘာလုပ်မယ်၊ လူမှုရေးအသင်းအဖွဲ့က ဘာလုပ်မယ်ဆိုတာ သိအောင် ပေါင်းစပ်လုပ်ကိုင်တဲ့သဘောပါ"ဟု တာချီလိတ်ခရိုင်မီးသတ်တပ်ဖွဲ့မှ ခရိုင်ဦးစီးမှူး ဦးကျော်ကိုကိုက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ငလျင်ဘေးအန္တရာယ်အတွင်း ရှာဖွေကယ်ဆယ်ရေးသရုပ်ပြပွဲကို တာချီလိတ်ခရိုင်မီးသတ်တပ်ဖွဲ့မှ သန္ဓတေပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင် (၈၀) ဦး၊ လူမှုရေးအဖွဲ့များဖြစ်သည့် ကြက်ခြေနီအသင်း၊ မဇ္ဈိမလူမှုကူညီရေးအဖွဲ့၊ အလင်းရောင်ပရဟိတအသင်းတို့မှ အဖွဲ့ဝင် (၃၆) ဦး၊ စုစုပေါင်း အမျိုးသား (၁၁၅) ဦးနှင့် အမျိုးသမီး(၁)ဦးတို့ ပါဝင်သရုပ်ပြခဲ့ခြင်း ဖြစ်သည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓာတ်ပုံ - ကျော်ဇင်ဟိန်း၊ Thin Swe၊ အောင်ကျော်ဝင်းစိန်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net