တာချီလိတ်မြို့ ရွှေတိဂုံဘုရားသွားလမ်းတွင် ဆိုင်ကယ်ခိုးသူကို ပြည်သူများက ဝိုင်းဖမ်းပြီး ရဲလက်အပ်

တာချီလိတ်မြို့ ရွှေတိဂုံဘုရားသွားလမ်းတွင် ဆိုင်ကယ်ခိုးသူကို ပြည်သူများက ဝိုင်းဖမ်းပြီး ရဲလက်အပ်

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့ ရွှေတိဂုံဘုရားသွားလမ်း၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရှေ့တည့်တည့် အထည်ဆိုင်ရှေ့တွင် ယနေ့ ၂၀၂၁ခုနှစ် မေလ(၁၂)ရက်နေ့ နံနက်(၉)နာရီကျော်အချိန်က ဆိုင်ကယ်ခိုးမှုဖြစ်ပွားရာမှ ခိုးသူကို ပြည်သူများက ဝိုင်းဖမ်းပြီး ရဲလက်အပ်လိုက်ကြောင်း သိရသည်။

 

Sai Man ရေမွေးနှင့်အထည်ဆိုင်ပိုင်ရှင်ဖြစ်သူသည် ဈေးမှအပြန်  ဆိုင်ကယ်ပေါ်က ပစ္စည်းများကို ချ၍ အထဲသို့ တွင်းနေစဉ်  အမျိုးသားတစ်ဦး ရောက်ရှိလာပြီး ဆိုင်ကယ်ကို တွန်းယူသွားသည့်အတွက် ချက်ချင်းသိရသူများက လိုက်လံဖမ်းဆီးရာမှ ဖမ်းမိခြင်း ဖြစ်ကြောင်း သိရသည်။

ဈေးကနေ ပြန်ရောက် ရောက်ချင်းပဲ ဒါပေမဲ့ ဆိုင်ကယ်တော့  သော့ မခတ်ထားဘူးတဲ့၊ ဆိုင်ကယ်သော့တန်းလန်းကြီးနဲ့ ရောက်ရောက်ချင်းပဲ ပစ္စည်းကို အထဲမှာ သွားထားရုံပဲရှိသေးတာ အဲ့ဒါကို မောင်းပြေးတာတဲ့၊ လူတွေက သူခိုးသူခိုးအောင်အော်‌တော့ ဝိုင်းဖမ်းတာ လူတွေက အုံသွားတာ

ဟု အနီးနားနေသူ တစ်ဦးက ပြောသည်။ 

ဆိုင်ကယ်ခိုးသူမှာ တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက်(ကျောက်တောင်)တွင်နေသူထိုင် အားလျံဆိုသူဖြစ်ကြောင်း သိရပြီး ၎င်းအား ပြည်သူများက ဝိုင်းဖမ်းပြီး ရဲတပ်ဖွဲ့ထံ အပ်နှံပေးလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

 

တာချီလိတ်မြို့တွင် နေ့စဉ် နေ့ရော ညပါ ဆိုင်ကယ်ခိုးခံရမှုများရှိနေပြီး သက်ဆိုင်ရာက ဖမ်းဆီးမှုများ မပြုလုပ်သည့်အတွက် ပြည်သူများက ဝိုင်းဖမ်းပေးနေရရာ ပြီးခဲ့သည့် ဧပြီလအတွင်းကလည်း ပြည်သူများက ဖမ်းမိသည့် ဆိုင်ကယ်ခိုးသူကို ရဲလက်ထံအပ်ပေးလိုက်သော်လည်း ထိရောက်သည့် အရေးယူမှုမရှိခဲ့ကြောင်း သိရသည်။



#TachileikNewsAgency

Photo: CJ