ကျိုင်းတုံ ကက်သလစ်သာသနာ ဂိုဏ်းအုပ်ဆရာတော် ပီတာလွီးစ်ကျာခူ ဖေဖော်ဝါရီလ (၂၀)ရက်နေ့တွင် ခရစ်တော်၌ အိပ်ပျော်

ကျိုင်းတုံ ကက်သလစ်သာသနာ ဂိုဏ်းအုပ်ဆရာတော် ပီတာလွီးစ်ကျာခူ ဖေဖော်ဝါရီလ (၂၀)ရက်နေ့တွင် ခရစ်တော်၌ အိပ်ပျော်
ဖေဖော်ဝါရီ 20, 2020
By Tachileik News Agency

ကျိုင်းတုံကက်သလစ်သာသနာ ဂိုဏ်းအုပ်ဆရာတော် ပီတာလွီးစ်ကျာခူ  ဖေဖော်ဝါရီလ(၂၀)ရက်နေ့တွင် ခရစ်တော်၌ အိပ်ပျော်

ကျိုင်းတုံကက်သလစ်သာသနာ ဂိုဏ်းအုပ်ဆရာတော် ပီတာလွီးစ်ကျာခူသည် ၂၀၂၀ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၂၀) ရက်နေ့ နံနက်(၆)နာရီဝန်းကျင်အချိန်က ကျိုင်းတုံမြို့ရှိ ဆရာတော်ကျောင်းတိုက်တွင် ခရစ်တော်၌ အိပ်ပျော်သွားပြီဖြစ်ကြောင်း သိရသည်။

ဆရာတော် ပီတာလွီးစ်ကျာခူအား ၁၉၅၂ခုနှစ် မတ်လ(၂၃)ရက်နေ့က ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံကက်သလစ်သာသနာ မိုင်းခတ်သာသနာအုပ်စုရှိ နာလိရွာတွင် မွေးဖွားခြင်းဖြစ်ပြီး ၁၉၈၂ခုနှစ် ဧပြီလ(၄)ရက်နေ့တွင် ကျိုင်းတုံကက်သလစ်သာသနာ၏ ရဟန်းတစ်ပါးအဖြစ် ရဟန်းသိက္ခာကို စတင် ခံယူခဲ့ကြောင်း သိရသည်။

၁၉၉၇ ခုနှစ် မေလ(၂၀)ရက်နေ့တွင် ကျိုင်းတုံကက်သဘစ်သာသနာ၏ အကူဆရာတော်အဖြစ် ရွေးချယ်တင်မြောက်ခြင်း ခံခဲ့ရပြီးနောက် ၁၉၉၇ခုနှစ် ဒီဇင်ဘာလ(၈)ရက်နေ့တွင် အဘိဒတ်ဘွဲ့အမည် အပ်နှင်းခံရပြီး ၂၀၀၁ခုနှစ် အောက်တိုဘာလ(၂)ရက်နေ့တွင် ကျိုင်းတုံကက်သဘစ် ဆရာတော်အဖြစ် ရွေးချယ်တင်မြောက်ခြင်းခံရသည်။

မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ် လူထုဆက်သွယ်ရေး ကော်မရှင်၏ ဥက္ကဌ လည်းဖြစ်သည်။

Tachileik News Agency
Photo: CBCM

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~