တာချီလိတ်မြို့တွင်း လမ်းများတွင် ထင်သာမြင်သာ ရှိစေရန်အတွက် လူကူးမျဉ်းကျားများနှင့် လမ်းအမှတ်အသားများ ပြန်လည်ရေးဆွဲမည်

တာချီလိတ်မြို့တွင်း လမ်းများတွင် ထင်သာမြင်သာ ရှိစေရန်အတွက် လူကူးမျဉ်းကျားများနှင့် လမ်းအမှတ်အသားများ ပြန်လည်ရေးဆွဲမည်
ဒီဇင်ဘာ 26, 2019
By Tachileik News Agency
တာချီလိတ်မြို့တွင်း လမ်းများတွင် ထင်သာမြင်သာ ရှိစေရန်အတွက် လူကူးမျဉ်းကျားများနှင့် လမ်းအမှတ်အသားများ ပြန်လည်ရေးဆွဲမည်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် နှစ်သစ်ကူးကာလအတွင်း ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် လျှော့ချနိုင်ရေးအတွက် မြို့တွင်းလမ်းအမှတ်အသားများ၊ လူကူးမျဉ်းကျားများကို မြင်သာစေရန် ဆေးပြန်သုတ်ခြင်းများ လုပ်ဆောင်ရန် စီစဉ်နေသည်ဟု သိရသည်။

"ဆေးတွေမှာထားတာ မရောက်သေးလို့ ဒီရက်ပိုင်းအတွင်း လုပ်ဆောင်သွားမယ်။ လမ်းလယ်မျဉ်းအမှတ်အသားရှိတဲ့ လမ်းတွေအကုန် ဆေးအသစ်ပြန်ဆွဲမှာပေါ့။ လူကူးမျဉ်းကျားတွေလည်း ပြန်ဆွဲသွားမှာပေါ့"ဟု တာချီလိတ်မြို့နယ် စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးစိုင်းခွန်ဇော်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်မြို့တွင်း လမ်းများ၏ လမ်းလယ်မျဉ်းအမှတ်အသားများ၊ အခြေခံပညာကျောင်းများရှေ့တွင် ပြုလုပ်ပေးထားသည့် လူကူးမျဉ်းကျားများနှင့် လမ်းအမှတ်အသားများကို မြင်သာထင်ရှားစေရန် ဆေးပြန်သုတ်ခြင်းများ လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။

ယာဉ်အန္တရာယ် ကင်းရှင်းစေရေးအတွက် လမ်းလယ်မျဉ်းများ၊ လူကူးမျဉ်းကျားများနှင့် မီးပွိုင့်များရှိ ရပ်မျဉ်းများကို ဆေးအသစ်များ ပြန်လည်ရေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
သတင်း  - ဟန်စိုးထိုက်

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~