တာခ်ီလိတ္တြင္က်င္းပမည့္ ကေလးစာေပပြဲေတာ္အတြက္ အႀကိဳေလ့က်င့္မႈေဆာင္ရြက္

တာခ်ီလိတ္တြင္က်င္းပမည့္ ကေလးစာေပပြဲေတာ္အတြက္ အႀကိဳေလ့က်င့္မႈေဆာင္ရြက္
ဇွန် 24, 2019
By 🌸
ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမို႕တြင္ ၂၀၁၉ ခုႏွစ္၊ ဇြန္ (၂၅)ရက္ေန႔တြင္က်င္းပမည့္ ကေလးစာေပပြဲေတာ္ဖြင့္ပြဲအတြက္ အႀကိဳေလ့က်င့္ျခင္းကို ပြဲေတာ္က်င္းပမည့္ အထကတာခ်ီလိတ္ေက်ာင္းတြင္ ဇြန္လ (၂၄)ရက္ေန႔က ျပဳလုပ္ၾကသည္။

ဇြန္လ (၂၆)ရက္ေန႔အထိ ႏွစ္ရက္တာက်င္းပမည့္ ကေလးစာေပပြဲေတာ္တြင္ ကေလးစာဖတ္ခန္းမ်ားတြင္ တိုင္းရင္းသားမ်ား၏ သက္ဆိုင္ရာဘာသာစကားအလိုက္ ပံုျပင္၊ ကဗ်ာမ်ား ဖတ္ျပျခင္းအစီအစဥ္၊ ဌာနဆိုင္ရာအသီးသီးမွျပခန္းမ်ား၊ ကိုယ္ပိုင္ေက်ာင္းျပခန္းမ်ား၊ ေက်ာက္စာျပခန္း၊ ကာတြန္းျပခန္းမ်ား၊ စတုဒီသာေကၽြးေမြးျခင္းႏွင့္ စာအုပ္ေရာင္းပြဲမ်ား ပါဝင္မည္ျဖစ္ေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမို႕ ကေလးစာေပပြဲေတာ္ဖြင့္ပဲြအခမ္းအနားသို႔ ႏိုင္ငံေတာ္သမၼတေဟာင္း ဦးထင္ေက်ာ္၊ ျပန္ၾကားေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာေဖျမင့္၊ ပညာေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာမ်ိဳးသိမ္းႀကီး၊ တိုင္းရင္းသားေရးရာဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာႏုိင္သက္လြင္၊ ရွမ္းျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္၊ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ဝင္မ်ားျဖစ္ၾကသည့္ ျပည္နယ္စည္ပင္သာယာေရးဝန္ႀကီး ဦးစိုင္းစြံဆုိင္းႏွင့္ ဗမာတိုင္းရင္းသားေရးရာဝန္ႀကီး ေဒါက္တာေအာင္သန္းေမာင္တို႔ တက္ေရာက္ၾကမည္ျဖစ္သည္။

Tachileik News Agency
ဓါတ္ပံု - ေက်ာ္ဇင္ဟိန္း

~~~~~~~~⊰❂ Unicode Version ~~~~~~~~
တာချီလိတ်တွင်ကျင်းပမည့် ကလေးစာပေပွဲတော်အတွက် အကြိုလေ့ကျင့်မှုဆောင်ရွက်
*************
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ၂၀၁၉ ခုနှစ်၊ ဇွန် (၂၅)ရက်နေ့တွင်ကျင်းပမည့် ကလေးစာပေပွဲတော်ဖွင့်ပွဲအတွက် အကြိုလေ့ကျင့်ခြင်းကို ပွဲတော်ကျင်းပမည့် အထကတာချီလိတ်ကျောင်းတွင် ဇွန်လ (၂၄)ရက်နေ့က ပြုလုပ်ကြသည်။

ဇွန်လ (၂၆)ရက်နေ့အထိ နှစ်ရက်တာကျင်းပမည့် ကလေးစာပေပွဲတော်တွင် ကလေးစာဖတ်ခန်းများတွင် တိုင်းရင်းသားများ၏ သက်ဆိုင်ရာဘာသာစကားအလိုက် ပုံပြင်၊ ကဗျာများ ဖတ်ပြခြင်းအစီအစဉ်၊ ဌာနဆိုင်ရာအသီးသီးမှပြခန်းများ၊ ကိုယ်ပိုင်ကျောင်းပြခန်းများ၊ ကျောက်စာပြခန်း၊ ကာတွန်းပြခန်းများ၊ စတုဒီသာကျွေးမွေးခြင်းနှင့် စာအုပ်ရောင်းပွဲများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့ ကလေးစာပေပွဲတော်ဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံတော်သမ္မတဟောင်း ဦးထင်ကျော်၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ တိုင်းရင်းသားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာနိုင်သက်လွင်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်များဖြစ်ကြသည့် ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်းနှင့် ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင်တို့ တက်ရောက်ကြမည်ဖြစ်သည်။

Tachileik News Agency
ဓါတ်ပုံ - ကျော်ဇင်ဟိန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net