အထက(တာခ်ီလိတ္)ေက်ာင္းသူ ေက်ာင္းသားေဟာင္းမ်ားမွ တကၠသိုလ္၀င္ စာေမးပြဲေအာင္သူမ်ားကို ဂုဏ္ျပဳခ်ီးျမႇင့္

အထက(တာခ်ီလိတ္)ေက်ာင္းသူ ေက်ာင္းသားေဟာင္းမ်ားမွ တကၠသိုလ္၀င္ စာေမးပြဲေအာင္သူမ်ားကို ဂုဏ္ျပဳခ်ီးျမႇင့္
သြဂုတ် 23, 2019
By Tachileik News Agency

အထက(တာခ်ီလိတ္)ေက်ာင္းသူ ေက်ာင္းသားေဟာင္းမ်ားအဖြဲ႔က ၂၀၁၈ - ၂၀၁၉ ပညာသင္ႏွစ္တြင္ တကၠသိုလ္ဝင္တန္း ေအာင္ျမင္ခဲ့သည့္ အဖြဲ႕ဝင္မ်ား၏ သားသမီးမ်ားအား ဂုဏ္ျပဳဆုခ်ီးျမႇင့္ျခင္းကို ၂၀၁၉ ခုႏွစ္ ၾသဂုတ္လ(၂၃)ရက္ေန႔ ည(၇)နာရီအခ်ိန္က တာခ်ီလိတ္ၿမိဳ႕ ေမဖလား၀ါးကြင္းအတြင္းရွိ J My King Hotel တြင္ က်င္းပသည္။

“ဒီအဖြဲ႕ကို၂၀၁၈ ခုႏွစ္ မိတ္ဆံုစားပြဲကေန စတင္ဖြဲ႕စည္းၿပီး ၿမိဳ႕နယ္အတြက္ လုပ္ေဆာင္တာေတြ၊ ေက်ာင္းသူ ေက်ာင္းသားေဟာင္းအဖြဲ႕ဝင္ မိသားစုအေရးကို သိုက္သိုက္ဝန္းဝန္းနဲ႔ လုပ္ေဆာင္ခဲ့ၾကတယ္။ ႏုိင္ငံေတာ္အဆင့္လုပ္တဲ့ ကေလးစာေပပြဲေတာ္မွာ ဝိုင္းကူႏုိင္တဲ့အျပင္ မြန္ျပည္နယ္ ေရေဘးကူညီေရးလည္း လုပ္ေဆာင္ႏုိင္ခဲ့ၾကပါတယ္။ အခု တတိယအေနနဲ႔ ေက်ာင္းသူေက်ာင္းသားေဟာင္းေတြရဲ႕ မိသားစုဝင္ ေတြထဲက တကၠသိုလ္ဝင္တန္းေအာင္ ကေလးေတြကို ဂုဏ္ျပဳဆုခ်ီးျမႇင့္ျခင္းျဖစ္ပါတယ္”ဟု အဆိုပါ ဂုဏ္ျပဳခ်ီးျမႇင့္ပြဲတြင္ အထက(တာခ်ီလိတ္)ေက်ာင္းသူ ေက်ာင္းသားေဟာင္းမ်ားအဖြဲ႔ ဥကၠဌ ဦးတင္ဝင္းက ေျပာသည္။

ယခုႏွစ္အတြက္ စာရင္းရရွိသည့္ အထက(တာခ်ီလိတ္)ေက်ာင္းသူ ေက်ာင္းသားေဟာင္းမ်ား၏ သားသမီးမ်ားျဖစ္သည့္ ေက်ာင္းသား၊ ေက်ာင္းသူ(၇)ဦးျဖစ္သည့္ ေမာင္မင္းေဝၿဖဳိး၊ ေမာင္စိုင္းရီတစ္၊ မမိုးမိုးဟံ၊ မမိုးမိုးေအာင္၊ နန္းရွဲန္ဟြမ္၊ နန္းမိုခမ္းႏွင့္ မနန္းကိန္းမြန္းတို႔အနက္ ခ်ီးျမႇင့္ပြဲသို႔ တက္ေရာက္လာသူ (၃)ဦးရွိၿပီး ခရီးလြန္ေနၿပီး မတတ္ေရာက္ႏိုင္သူမ်ားကို ကိုယ္စားယူေပးခဲ့ၾကသည္။

"ဒီႏွစ္ကေတာ့ ပထမဆံုးအႀကိမ္လည္းျဖစ္သလို စာရင္းရတာက (၇)ဦးပဲရွိပါတယ္။ ေနာက္ႏွစ္မွာေတာ့ အသိေနာက္က်သြားသူေရာ အကုန္က်ယ္က်ယ္ျပန္႔ျပန္႔သိေအာင္လုပ္ၿပီး အခုလို ဂုဏ္ျပဳခ်ီးျမႇင့္ပြဲ ျပဳလုပ္သြားဖို႔ ႀကိဳးစားသြားပါမယ္"ဟု အထက(တာခ်ီလိတ္)ေက်ာင္းသူ ေက်ာင္းသားေဟာင္းမ်ားအဖြဲ႔ ဥကၠဌ ဦးတင္၀င္းက ေျပာသည္။

ဂုဏ္ျပဳခ်ီးျမႇင့္ရာတြင္ တစ္ဦးလွ်င္ က်ပ္(၁)သိန္းႏႈန္းျဖင့္ ဂုဏ္ျပဳခ်ီးျမႇင့္ျခင္းျဖစ္ၿပီး ဂုဏ္ျပဳဆုေငြအား အထက (တာခ်ီလိတ္)ေက်ာင္းသူ ေက်ာင္းသားေဟာင္းမ်ားအဖြဲ႔၏ နာယကမ်ားႏွင့္ ဥကၠဌ အပါအ၀င္ အဖြဲ႔၀င္မ်ားက စုေပါင္းကာ ခ်ီးျမႇင့္ျခင္းျဖစ္သည္။

“မိဘေတြလည္း ပိီတိေတြျဖစ္ေအာင္ ေငြေၾကးကို ပဓာနမထားဘဲ နာယကမ်ားအဖြဲ႕က က်င္းပရျခင္း ျဖစ္ပါတယ္။ တျခားအဖြဲ႕ဝင္ေတြအေနနဲ႔လည္း ကိုယ္တတ္ႏုိင္သေလာက္ ပါဝင္ၾကတာေတြကို တျခားသာေရး၊ နာေရးေတြမွာလည္း စုေပါင္းပါဝင္ေပးၾကပါ။ ဒီပြဲကေတာ့ နာယကမ်ားက်င္းပတဲ့ပြဲမွာ အားလံုးပါဝင္ေပးဖို႔ ကၽြန္မတုိ႔ နာယကမ်ားအဖြဲ႕ကပဲ ဆံုးျဖတ္လုိက္တာပါ”ဟု အထက (တာခ်ီလိတ္)ေက်ာင္းသူ ေက်ာင္းသားေဟာင္းမ်ားအဖြဲ႕နာယက ေဒၚတင္ေမထြန္းက အခမ္းအနားတြင္ ေျပာသည္။

အထက(တာခ်ီလိတ္)ေက်ာင္းသူ ေက်ာင္းသားေဟာင္းမ်ားအဖြဲ႔သည္ ၁၉၆၅ ခုႏွစ္မွ ၂၀၀၀ ခုႏွစ္အထိ အထက(တာခ်ီလိတ္)တြင္ ေက်ာင္းတက္ခဲ့ၾကသည့္ ေက်ာင္းသားေက်ာငး္သူေဟာင္းမ်ားျဖင့္ စုဖြဲ႕ထားျခင္းျဖစ္ေသာ္လည္း အထက(တာခ်ီလိတ္)တြင္ တက္ေရာက္ခဲ့သည့္ မည္သည့္ႏွစ္က ေက်ာင္းသားေဟာင္းမ်ားမဆို ပါ၀င္ခ်ိတ္ဆက္ႏိုင္ေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - ေက်ာ္ဇင္ဟိန္း



~~~~~~~~⊰❂ Unicode Version ~~~~~~~~

အထက(တာချီလိတ်)ကျောင်းသူ ကျောင်းသားဟောင်းများအဖွဲ့က ၂၀၁၈ - ၂၀၁၉ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့သည့် အဖွဲ့ဝင်များ၏ သားသမီးများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းကို ၂၀၁၉ ခုနှစ် သြဂုတ်လ(၂၃)ရက်နေ့ ည(၇)နာရီအချိန်က တာချီလိတ်မြို့ မေဖလားဝါးကွင်းအတွင်းရှိ J My King Hotel တွင် ကျင်းပသည်။

“ဒီအဖွဲ့ကို၂၀၁၈ ခုနှစ် မိတ်ဆုံစားပွဲကနေ စတင်ဖွဲ့စည်းပြီး မြို့နယ်အတွက် လုပ်ဆောင်တာတွေ၊ ကျောင်းသူ ကျောင်းသားဟောင်းအဖွဲ့ဝင် မိသားစုအရေးကို သိုက်သိုက်ဝန်းဝန်းနဲ့ လုပ်ဆောင်ခဲ့ကြတယ်။ နိုင်ငံတော်အဆင့်လုပ်တဲ့ ကလေးစာပေပွဲတော်မှာ ဝိုင်းကူနိုင်တဲ့အပြင် မွန်ပြည်နယ် ရေဘေးကူညီရေးလည်း လုပ်ဆောင်နိုင်ခဲ့ကြပါတယ်။ အခု တတိယအနေနဲ့ ကျောင်းသူကျောင်းသားဟောင်းတွေရဲ့ မိသားစုဝင် တွေထဲက တက္ကသိုလ်ဝင်တန်းအောင် ကလေးတွေကို ဂုဏ်ပြုဆုချီးမြှင့်ခြင်းဖြစ်ပါတယ်”ဟု အဆိုပါ ဂုဏ်ပြုချီးမြှင့်ပွဲတွင် အထက(တာချီလိတ်)ကျောင်းသူ ကျောင်းသားဟောင်းများအဖွဲ့ ဥက္ကဌ ဦးတင်ဝင်းက ပြောသည်။

ယခုနှစ်အတွက် စာရင်းရရှိသည့် အထက(တာချီလိတ်)ကျောင်းသူ ကျောင်းသားဟောင်းများ၏ သားသမီးများဖြစ်သည့် ကျောင်းသား၊ ကျောင်းသူ(၇)ဦးဖြစ်သည့် မောင်မင်းဝဖြေိုး၊ မောင်စိုင်းရီတစ်၊ မမိုးမိုးဟံ၊ မမိုးမိုးအောင်၊ နန်းရှဲန်ဟွမ်၊ နန်းမိုခမ်းနှင့် မနန်းကိန်းမွန်းတို့အနက် ချီးမြှင့်ပွဲသို့ တက်ရောက်လာသူ (၃)ဦးရှိပြီး ခရီးလွန်နပြေီး မတတ်ရောက်နိုင်သူများကို ကိုယ်စားယူပေးခဲ့ကြသည်။

"ဒီနှစ်ကတော့ ပထမဆုံးအကြိမ်လည်းဖြစ်သလို စာရင်းရတာက (၇)ဦးပဲရှိပါတယ်။ နောက်နှစ်မှာတော့ အသိနောက်ကျသွားသူရော အကုန်ကျယ်ကျယ်ပြန့်ပြန့်သိအောင်လုပ်ပြီး အခုလို ဂုဏ်ပြုချီးမြှင့်ပွဲ ပြုလုပ်သွားဖို့ ကြိုးစားသွားပါမယ်"ဟု အထက(တာချီလိတ်)ကျောင်းသူ ကျောင်းသားဟောင်းများအဖွဲ့ ဥက္ကဌ ဦးတင်ဝင်းက ပြောသည်။

ဂုဏ်ပြုချီးမြှင့်ရာတွင် တစ်ဦးလျှင် ကျပ်(၁)သိန်းနှုန်းဖြင့် ဂုဏ်ပြုချီးမြှင့်ခြင်းဖြစ်ပြီး ဂုဏ်ပြုဆုငွေအား အထက (တာချီလိတ်)ကျောင်းသူ ကျောင်းသားဟောင်းများအဖွဲ့၏ နာယကများနှင့် ဥက္ကဌ အပါအဝင် အဖွဲ့ဝင်များက စုပေါင်းကာ ချီးမြှင့်ခြင်းဖြစ်သည်။

“မိဘတွေလည်း ပိီတိတွဖြေစ်အောင် ငွေကြေးကို ပဓာနမထားဘဲ နာယကများအဖွဲ့က ကျင်းပရခြင်း ဖြစ်ပါတယ်။ တခြားအဖွဲ့ဝင်တွေအနေနဲ့လည်း ကိုယ်တတ်နိုင်သလောက် ပါဝင်ကြတာတွေကို တခြားသာရေး၊ နာရေးတွေမှာလည်း စုပေါင်းပါဝင်ပေးကြပါ။ ဒီပွဲကတော့ နာယကများကျင်းပတဲ့ပွဲမှာ အားလုံးပါဝင်ပေးဖို့ ကျွန်မတို့ နာယကများအဖွဲ့ကပဲ ဆုံးဖြတ်လိုက်တာပါ”ဟု အထက (တာချီလိတ်)ကျောင်းသူ ကျောင်းသားဟောင်းများအဖွဲ့နာယက ဒေါ်တင်မေထွန်းက အခမ်းအနားတွင် ပြောသည်။

အထက(တာချီလိတ်)ကျောင်းသူ ကျောင်းသားဟောင်းများအဖွဲ့သည် ၁၉၆၅ ခုနှစ်မှ ၂၀၀၀ ခုနှစ်အထိ အထက(တာချီလိတ်)တွင် ကျောင်းတက်ခဲ့ကြသည့် ကျောင်းသားကျောငး်သူဟောင်းများဖြင့် စုဖွဲ့ထားခြင်းဖြစ်သော်လည်း အထက(တာချီလိတ်)တွင် တက်ရောက်ခဲ့သည့် မည်သည့်နှစ်က ကျောင်းသားဟောင်းများမဆို ပါဝင်ချိတ်ဆက်နိုင်ကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - ကျော်ဇင်ဟိန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net