ကျောက်မဲမြို့မှ ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာ တည်းခိုသွားသည့် တာချီလိတ်ရှိ ဧရာဝဏ်ဟိုတယ်အား ပိုးသတ်ဆေးဖြန်းထား

ကျောက်မဲမြို့မှ ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာ တည်းခိုသွားသည့် တာချီလိတ်ရှိ ဧရာဝဏ်ဟိုတယ်အား ပိုးသတ်ဆေးဖြန်းထား
မတ် 31, 2020
By Tachileik News Agency
ကျောက်မဲမြို့မှ ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာ တည်းခိုသွားသည့် တာချီလိတ်ရှိ ဧရာဝဏ်ဟိုတယ်အား ပိုးသတ်ဆေးဖြန်းထား

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ မတ်လ(၃၀)ရက်နေ့က ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာအဖြစ် သတ်မှတ်လိုက်သည့် ကျောက်မဲမြို့မှ ထိုင်းပြည်တော်ပြန် အမျိုးသားသည် တာချီလိတ်တွင် ရောက်ရှိစဉ် ဧရာဝဏ်ဟိုတယ်၌ (၂)ည တည်းခိုနေထိုင်ခဲ့ကြောင်း သိရသည့်အတွက် ဟိုတယ် အဝင်အထွက်အား မတ်လ (၃၀)ရက်နေ့ ညပိုင်းက ပိတ်ထားလိုက်ပြီး မတ်လ(၃၁)ရက်နေ့ နံနက်တွင် ကျန်းမာရေးပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် ပိုးသတ်ဆေးဖြန်းခြင်းကို လုပ်ဆောင်ထားသည်။

အတည်ပြုလူနာသည် တာချီလိတ်သို့ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့မှ တဆင့် မတ်လ(၂၅)က ဝင်ရောက်လာကာ ဧရာဝဏ် ဟိုတယ်တွင် (၂)ည တည်းခိုသွားခဲ့ပြီး မတ်လ(၂၇)ရက်နေ့တွင် တာချီလိတ်လေဆိပ်မှ တဆင့် မန္တလေးသို့ လေကြောင်းခရီးစဉ်ဖြင့် သွားရောက်ကာ မန္တလေးမှတဆင့် ကျောက်မဲသို့ ကားဖြင့် သွားရောက်သူ ဖြစ်ကြောင်း သိရသည်။

တာချီလိတ်မှ တာဝန်ရှိသူများက အဆိုပါ အမျိုးသား သွားလာတတ်သည့် တာချီလိတ်မြို့တွင်းမှ နေရာများကို စုံစမ်းပြီး သိရှိရသည့်နေရာများကို ဆေးဖြန်းခြင်း နှင့်အတူ ထိတွေ့မှုရှိသူများကို (၁၄)ရက်စောင့်ကြည့်ရန်အတွက် စာရင်းများ ကောက်ယူထားရှိကြောင်းနှင့် ဟိုတယ်ဝန်ထမ်းများကိုလည်း (၁၄)ရက် စောင့်ကြည့်ရန် စာရင်းရယူဆောင်ရွက်ထားကြောင်း သိရသည်။

အဆိုပါ အမျိုးသားအား ဝန်ကြီးဌာနက အတည်ပြုလူနာအဖြစ် ထုတ်ပြန်ကြေညာခဲ့ပြီးနောက် ကျောက်မဲဆေးရုံမှ တဆင့် လားရှိုးပြည်သူ့ဆေးရုံသို့ မတ်လ(၃၁)ရက်နေ့ နေ့လည်ပိုင်းက ပို့ဆောင် လွှဲပြောင်းပေးထားကြောင်း သိရသည်။

Tachileik News Agency
သတင်း/ဓါတ်ပုံ - ကျော်ဇင်ဟိန်း


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~