သတင္းရယူခ်ိန္တြင္ ၿခိမ္းေျခာက္သည္ဟုဆိုကာ သတင္းေထာက္ႏွစ္ဦးႏွင့္ လားရိႈးၿမိဳ႕မွ Gold Luck Water Park လုပ္ငန္းရွင္တို႔ သတင္းမီဒီယာေကာင္စီသို႔ အျပန္အလွန္တုိင္ၾကား

သတင္းရယူခ်ိန္တြင္ ၿခိမ္းေျခာက္သည္ဟုဆိုကာ သတင္းေထာက္ႏွစ္ဦးႏွင့္ လားရိႈးၿမိဳ႕မွ Gold Luck Water Park လုပ္ငန္းရွင္တို႔ သတင္းမီဒီယာေကာင္စီသို႔ အျပန္အလွန္တုိင္ၾကား
ဇူလိုင် 28, 2019
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) လားရိႈးၿမိဳ႕ရိွ Gold Luck Water Park မွ အလုပ္သမားမ်ား လုပ္အားခ အျပည့္မရသည့္ကိစၥ သတင္းရယူခ်ိန္တြင္ ၿခိမ္းေျခာက္သည္ဟုဆိုကာ သတင္းေထာက္ႏွစ္ဦးႏွင့္ လုပ္ငန္းရွင္ ဦးရဲနုိင္တို႔ အျပန္အလွန္တုိင္ၾကားထားမႈကို ျမန္မာႏိုင္ငံ သတင္းမီဒီယာေကာင္စီက ၾကားနာသြားမည္ျဖစ္ေၾကာင္း သိရသည္။

"တိုင္ၾကားတဲ့အမႈဟာ သတင္းစာဆရာနဲ႔ပတ္သက္ရင္ ဥပေဒအကာအကြယ္ေပးဖို႔၊ က်င့္ဝတ္နဲ႔ သက္ဆိုင္တာေတြကို ေကာင္စီက ကူညီေျဖရွင္းေပးပါတယ္။ ရဲစခန္းကို တိုင္ၾကားထားလို႔ ရဲစခန္းက အေရးယူတာမ်ိဳးက်ေတာ့ ေကာင္စီက ကိုင္တြယ္ရခက္ပါတယ္။ ပို႔/သြင္း နဲ႔ ဖမ္းဆီးခံရတာမ်ိဳးက်ေတာ့ ေကာင္စီက ဝင္ပါရခက္တယ္။ သတင္းသမားနဲ႔ပတ္သက္တဲ့ မီဒီယာဥပေဒနဲ႔ ပတ္သက္တာမ်ိဳးဆိုရင္ ေကာင္စီက ေျဖရွင္းကူႏိုင္တယ္။ တိုင္တာကေတာ့ ကိုခြန္ေဇာ္ဦးကလည္း သတင္းရယူရာမွာ ၿခိမ္းေျခာက္ခံရလို႔ တိုင္ၾကားတယ္။ အဲဒီေနာက္မွာ အလုပ္ရွင္က တိုင္ၾကားတယ္။ လာမယ့္ တစ္ပတ္ေလာက္မွာ ႏွစ္ဖက္ေတြ႔ဆံုၿပီး ၾကားနာဖို႔ရာ ေကာင္စီက စီစဥ္ထားပါတယ္" ဟု ျမန္မာႏိုင္ငံသတင္းမီဒီယာေကာင္စီဝင္ျဖစ္သည့္ ဦးေဇယ်ာလိႈင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ဇူလိုင္လ(၂၈)ရက္ေန႔တြင္ ေျပာသည္။

လားရိႈးၿမိဳ႕ရွိ Gold Luck Water Park အားကစားကြင္းမွ အလုပ္သမားအခ်ိဳ႕က ၎တို႔၏လုပ္အားခမ်ား အျပည့္အဝ မရရွိေသးေၾကာင္း လားရိႈးၿမိဳ႕ရိွ အလုပ္ရံုႏွင့္ အလုပ္သမားဥပေဒ စစ္ေဆးေရးဦးစီးဌာန (ခရိုင္ရံုး) သို႔ ဇူလိုင္လ (၂၂) ရက္ေန႔က သြားေရာက္တိုင္ၾကားခဲ့မႈႏွင့္ပတ္သက္၍ DVB သတင္းဌာနမွ အလြတ္တန္းသတင္းေထာက္ ဦးခြန္ေဇာ္ဦးႏွင့္ ျမန္မာတုိင္းမ္သတင္းဌာနမွ အလြတ္တန္းသတင္းေထာက္ ေဒၚျမတ္မိုးသူတုိ႔က Gold Luck Water Park  ပိုင္ရွင္ ဦးရဲႏိုင္၏ ရံုးခန္းသို႔ သြားေရာက္ေမးျမန္းခဲ့စဥ္ ၿခံဝန္းတံခါးပိတ္ထားခဲ့ၿပီး  ၿခိမ္းေျခာက္ခဲ့ျခင္းျဖစ္သည္ဟု MPC သို႔ သတင္းေထာက္ႏွစ္ဦးက တိုင္ၾကားထားေၾကာင္း သိရသည္။

"အလုပ္သမားေတြက လုပ္အားခ မရတဲ့အတြက္ အလုပ္သမားရံုးမွာ သြားတိုင္ၾကတယ္။ အဲဒါကို သတင္းသြားယူၿပီးေတာ့ အလုပ္သမားေတြကို ေငြမရွင္းေပးဘူးဆိုတဲ့ Gold Luck Water Park ပိုင္ရွင္ ဦးရဲႏိုင္ကို ဆက္သြယ္ပါတယ္။ သူ႔ရံုးခန္းကိုလာခဲ့ပါဆိုလို႔ က်ြန္ေတာ္တို႔ သြားလိုက္ေတာ့ အလုပ္သမားေတြနဲ႔ ပတ္သက္ၿပီး သတင္းလာယူၾကဖို႔ က်ြန္ေတာ္တင္ထားတဲ့ Post တစ္ခုကို ျဖဳတ္ခိုင္းတယ္။ က်ြန္ေတာ္က မျဖဳတ္ေပးဘူးဆိုေတာ့ မင္းကို အေရးယူမယ္ဆိုၿပီး က်ြန္ေတာ္စီးလာတဲ့ကားက လိုင္စင္မဲ့ျဖစ္ေနေတာ့ ယာဥ္ထိန္းကိုဖုန္းဆက္ၿပီး လာဖမ္းခိုင္းတယ္။ အဲဒီအခ်ိန္ေတြမွာ က်ြန္ေတာ္တို႔ကို သူ႔ၿခံထဲကေပးမထြက္ဘဲ ၿခံတံခါးေတြအားလံုးပိတ္ထားတယ္"ဟု DVB သတင္းဌာနမွွ အလြတ္တန္းသတင္းေထာက္ျဖစ္သူ ကိုခြန္ေဇာ္ဦး က တာခ်ီလိတ္သတင္းေအဂ်င္စီ သို႔ ေျပာသည္။

အလုပ္သမားမ်ား လစာအျပည့္မရသည့္ကိစၥအား လာေရာက္ေမးျမန္းသည့္ သတင္းေထာက္ ကိုခြန္ေဇာ္ဦးက အျခားသတင္းေထာက္မ်ား သတင္းရယူႏုိင္ရန္ ၎၏ လူမႈကြန္ယက္စာမ်က္ႏွာမွ အသိေပးေရးသားထားသည့္ပို႔စ္ကို ျဖဳတ္ခုိင္းေသာ္လည္း မျဖဳတ္ေပးသျဖင့္ ဦးခြန္ေဇာ္ဦးကို လုိင္စင္မဲ့ကားစီးနင္းမႈျဖင့္ ယာဥ္ထိန္းရဲတပ္ဖြဲ႕ထံ တုိင္ၾကားခဲ့သည့္အျပင္ ကိုခြန္ေဇာ္ဦးႏွင့္ မျမတ္မိုးသူတို႔အား သတင္းသမားက်င့္ဝတ္မညီဟုဆိုကာ လုပ္ငန္းရွင္ျဖစ္သူ ဦးရဲႏုိင္က MPC သို႔ တုိင္ၾကားစာပို႔ထားခဲ့ျခင္းျဖစ္သည္။

Tachileik News Agency
သတင္း -  ေနၿဖိဳးျမင့္




~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ရှိ Gold Luck Water Park မှ အလုပ်သမားများ လုပ်အားခ အပြည့်မရသည့်ကိစ္စ သတင်းရယူချိန်တွင် ခြိမ်းခြောက်သည်ဟုဆိုကာ သတင်းထောက်နှစ်ဦးနှင့် လုပ်ငန်းရှင် ဦးရဲနိုင်တို့ အပြန်အလှန်တိုင်ကြားထားမှုကို မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက ကြားနာသွားမည်ဖြစ်ကြောင်း သိရသည်။

"တိုင်ကြားတဲ့အမှုဟာ သတင်းစာဆရာနဲ့ပတ်သက်ရင် ဥပဒေအကာအကွယ်ပေးဖို့၊ ကျင့်ဝတ်နဲ့ သက်ဆိုင်တာတွေကို ကောင်စီက ကူညီဖြေရှင်းပေးပါတယ်။ ရဲစခန်းကို တိုင်ကြားထားလို့ ရဲစခန်းက အရေးယူတာမျိုးကျတော့ ကောင်စီက ကိုင်တွယ်ရခက်ပါတယ်။ ပို့/သွင်း နဲ့ ဖမ်းဆီးခံရတာမျိုးကျတော့ ကောင်စီက ဝင်ပါရခက်တယ်။ သတင်းသမားနဲ့ပတ်သက်တဲ့ မီဒီယာဥပဒေနဲ့ ပတ်သက်တာမျိုးဆိုရင် ကောင်စီက ဖြေရှင်းကူနိုင်တယ်။ တိုင်တာကတော့ ကိုခွန်ဇော်ဦးကလည်း သတင်းရယူရာမှာ ခြိမ်းခြောက်ခံရလို့ တိုင်ကြားတယ်။ အဲဒီနောက်မှာ အလုပ်ရှင်က တိုင်ကြားတယ်။ လာမယ့် တစ်ပတ်လောက်မှာ နှစ်ဖက်တွေ့ဆုံပြီး ကြားနာဖို့ရာ ကောင်စီက စီစဉ်ထားပါတယ်" ဟု မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဝင်ဖြစ်သည့် ဦးဇေယျာလှိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ဇူလိုင်လ(၂၈)ရက်နေ့တွင် ပြောသည်။

လားရှိုးမြို့ရှိ Gold Luck Water Park အားကစားကွင်းမှ အလုပ်သမားအချို့က၎င်းတို့၏လုပ်အားခများ အပြည့်အဝ မရရှိသေးကြောင်း လားရှိုးမြို့ရှိ အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာန (ခရိုင်ရုံး) သို့ ဇူလိုင်လ (၂၂) ရက်နေ့က သွားရောက်တိုင်ကြားခဲ့မှုနှင့်ပတ်သက်၍ DVB သတင်းဌာနမှ အလွတ်တန်းသတင်းထောက် ဦးခွန်ဇော်ဦးနှင့် မြန်မာတိုင်းမ်သတင်းဌာနမှ အလွတ်တန်းသတင်းထောက် ဒေါ်မြတ်မိုးသူတို့က Gold Luck Water Park ပိုင်ရှင် ဦးရဲနိုင်၏ ရုံးခန်းသို့ သွားရောက်မေးမြန်းခဲ့စဉ် ခြံဝန်းတံခါးပိတ်ထားခဲ့ပြီး ခြိမ်းခြောက်ခဲ့ခြင်းဖြစ်သည်ဟု MPC သို့ သတင်းထောက်နှစ်ဦးက တိုင်ကြားထားကြောင်း သိရသည်။

"အလုပ်သမားတွေက လုပ်အားခ မရတဲ့အတွက် အလုပ်သမားရုံးမှာ သွားတိုင်ကြတယ်။ အဲဒါကို သတင်းသွားယူပြီးတော့ အလုပ်သမားတွေကို ငွေမရှင်းပေးဘူးဆိုတဲ့ Gold Luck Water Park ပိုင်ရှင် ဦးရဲနိုင်ကို ဆက်သွယ်ပါတယ်။ သူ့ရုံးခန်းကိုလာခဲ့ပါဆိုလို့ ကျွန်တော်တို့ သွားလိုက်တော့ အလုပ်သမားတွေနဲ့ ပတ်သက်ပြီး သတင်းလာယူကြဖို့ ကျွန်တော်တင်ထားတဲ့ Post တစ်ခုကို ဖြုတ်ခိုင်းတယ်။ ကျွန်တော်က မဖြုတ်ပေးဘူးဆိုတော့ မင်းကို အရေးယူမယ်ဆိုပြီး ကျွန်တော်စီးလာတဲ့ကားက လိုင်စင်မဲ့ဖြစ်နေတော့ ယာဉ်ထိန်းကိုဖုန်းဆက်ပြီး လာဖမ်းခိုင်းတယ်။ အဲဒီအချိန်တွေမှာ ကျွန်တော်တို့ကို သူ့ခြံထဲကပေးမထွက်ဘဲ ခြံတံခါးတွေအားလုံးပိတ်ထားတယ်"ဟု DVB သတင်းဌာနမှ အလွတ်တန်းသတင်းထောက်ဖြစ်သူ ကိုခွန်ဇော်ဦး က တာချီလိတ်သတင်းအေဂျင်စီ သို့ ပြောသည်။

အလုပ်သမားများ လစာအပြည့်မရသည့်ကိစ္စအား လာရောက်မေးမြန်းသည့် သတင်းထောက် ကိုခွန်ဇော်ဦးက အခြားသတင်းထောက်များ သတင်းရယူနိုင်ရန်၎င်း၏ လူမှုကွန်ယက်စာမျက်နှာမှ အသိပေးရေးသားထားသည့်ပို့စ်ကို ဖြုတ်ခိုင်းသော်လည်း မဖြုတ်ပေးသဖြင့် ဦးခွန်ဇော်ဦးကို လိုင်စင်မဲ့ကားစီးနင်းမှုဖြင့် ယာဉ်ထိန်းရဲတပ်ဖွဲ့ထံ တိုင်ကြားခဲ့သည့်အပြင် ကိုခွန်ဇော်ဦးနှင့် မမြတ်မိုးသူတို့အား သတင်းသမားကျင့်ဝတ်မညီဟုဆိုကာ လုပ်ငန်းရှင်ဖြစ်သူ ဦးရဲနိုင်က MPC သို့ တိုင်ကြားစာပို့ထားခဲ့ခြင်းဖြစ်သည်။

Tachileik News Agency
သတင်း - နဖြေိုးမြင့်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net