တာချီလိတ်မြို့ရှိ ဘုန်းကြီးကျောင်းတစ်ခုအတွင်း ရပ်ထားသည့် ယာဉ်ပေါ်က မူးယစ်ဆေးများ ဖမ်းမိ

တာချီလိတ်မြို့ရှိ ဘုန်းကြီးကျောင်းတစ်ခုအတွင်း ရပ်ထားသည့် ယာဉ်ပေါ်က မူးယစ်ဆေးများ ဖမ်းမိ
ဖေဖော်ဝါရီ 7, 2021 | မှုခင်းသတင်း| ရှမ်းရှေ့

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့နယ်၊ မိုင်းကိုးကျေးရွာအုပ်စု၊ ယန်းကျောက်ရွာ ဘုန်းကြီးကျောင်းအတွင်း ရပ်ထားသည့် မော်တော်ယာဉ်တစ်စီးပေါ်က အိုက်စ်မူးယစ်ဆေး ကီလို (၁၀၀၀)ကျော်ကို မြို့နယ်တပ်ဖွဲ့မှူး ဦးဆောင်သည့် ရဲတပ်ဖွဲ့ဝင်များက ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၆) ရက်နေ့ညပိုင်းတွင် ဖမ်းမိထားကြောင်း သိရသည်။



ယန်းကျောက်ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း ရပ်ထားသည့် DUMP Truck အမျိုးအစား မော်တော်ယာဉ်တွင် မိုးကာစဖြင့် ဖုံးအုပ်ထားသည့် အိုက်စ်မူးယစ်ဆေး ကီလို (၁,၀၇၅) ကို စစ်ဆေးတွေ့ရပြီး ယာဉ်ပေါ်တွင် Shwe Myot Kyaw Co.,Ltd ပိုင် မော်တော်ယာဉ်သက်သေခံစာအုပ်ကိုလည်း တွေ့ရသည်ဟု သိရသည်။



အဆိုပါ မူးယစ်ဆေးများကို တာချီလိတ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ညီညီဌေး ဦးဆောင်သည့် ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး မူးယစ်ဆေးဖမ်းဆီးရမိမှုကို ဟောင်လိတ်နယ်မြေရဲစခန်းတွင် မယ(ပ)၇/၂၀၂၁၊ မူး/စိတ်ပုဒ်မ ၁၉(က)ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

Tachileik News Agency