ရည္းစားႏွင့္ စကားမ်ားၿပီး အဆံုးစီရင္သည္ဟု ယူဆရသည့္ လူငယ္အေလာင္း ေတြ႔ရိွ၍ စစ္ေဆးေန

ရည္းစားႏွင့္ စကားမ်ားၿပီး အဆံုးစီရင္သည္ဟု ယူဆရသည့္ လူငယ္အေလာင္း ေတြ႔ရိွ၍ စစ္ေဆးေန
စက်တင်ဘာ 24, 2019
By Tachileik News Agency

မေကြးတုိင္းေဒသႀကီး၊ ေတာင္တြင္းႀကီးၿမိဳ႕ ထူပါရံုဘုရားအနီး ဓမၼာရံုတြင္ ႀကိဳးဆြဲခ်ေသဆံုးေနသည့္ အသက္ (၂၁)ႏွစ္အရြယ္ လူငယ္တစ္ဦး၏ အေလာင္းကိုေတြ႔ရိွရၿပီး ရည္းစားျဖင့္စကားမ်ားရာမွ မိမိကိုယ္ကိုအဆံုးစီရင္သည္ဟု ယူဆထားေၾကာင္း သိရသည္။

အဆိုပါ အေလာင္းကို ၂၀၁၉ ခုႏွစ္၊ စက္တင္ဘာလ (၂၄)ရက္ေန႔ နံနက္ (၁၁)နာရီေက်ာ္က ေတြ႔ရသျဖင့္ ေတာင္တြင္းႀကီးၿမိဳ႕မရဲစခန္းမွ စခန္းမွဴး ဒုရဲမွဴး သိန္းထြန္းႏွင့္အဖဲြ႔က အခင္းျဖစ္ေနရာကို သြားေရာက္စစ္ေဆးၿပီးေနာက္ ေသဆံုးရျခင္းအေၾကာင္းရင္းကို စစ္ေဆးႏုိင္ရန္ ျပည္သူ႔ေဆးရံုသို႔ ပို႔ေဆာင္ထားေၾကာင္း သိရသည္။

ေသဆံုးသြားသည့္ လူငယ္မွာ စက္တင္ဘာလ (၂၄)ရက္ေန႔ နံနက္ပိုင္းက ဖုန္းေျပာရင္း ရည္းစားျဖစ္သူႏွင့္ စကားမ်ားေနသည္ကို ၾကားခဲ့ရသည္ဟု အဆိုပါလူငယ္၏ မိခင္က ေျပာၾကားထားေၾကာင္း သိရသည္။

အဆိုပါ ေသဆံုးမႈအား ေတာင္တြင္းႀကီးၿမိဳ႕မရဲစခန္းတြင္ ေသမႈေသခင္းအမွတ္စဥ္ ၁၁/၂၀၁၉ ျဖင့္ အမႈေရးဖြင့္ ေဆာင္ရြက္ထားေၾကာင္း သိရသည္။

သတင္း - ဖီးနစ္
ဓါတ္ပံု -  ေတာင္တြင္းႀကီးၿမိဳ႕နယ္ အရန္မီးသတ္



~~~~~~~~⊰❂ Unicode Version ~~~~~~~~

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့ ထူပါရုံဘုရားအနီး ဓမ္မာရုံတွင် ကြိုးဆွဲချသေဆုံးနေသည့် အသက် (၂၁)နှစ်အရွယ် လူငယ်တစ်ဦး၏ အလောင်းကိုတွေ့ရှိရပြီး ရည်းစားဖြင့်စကားများရာမှ မိမိကိုယ်ကိုအဆုံးစီရင်သည်ဟု ယူဆထားကြောင်း သိရသည်။

အဆိုပါ အလောင်းကို ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၂၄)ရက်နေ့ နံနက် (၁၁)နာရီကျော်က တွေ့ရသဖြင့် တောင်တွင်းကြီးမြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူး သိန်းထွန်းနှင့်အဖွဲ့က အခင်းဖြစ်နေရာကို သွားရောက်စစ်ဆေးပြီးနောက် သေဆုံးရခြင်းအကြောင်းရင်းကို စစ်ဆေးနိုင်ရန် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

သေဆုံးသွားသည့် လူငယ်မှာ စက်တင်ဘာလ (၂၄)ရက်နေ့ နံနက်ပိုင်းက ဖုန်းပြောရင်း ရည်းစားဖြစ်သူနှင့် စကားများနေသည်ကို ကြားခဲ့ရသည်ဟု အဆိုပါလူငယ်၏ မိခင်က ပြောကြားထားကြောင်း သိရသည်။

အဆိုပါ သေဆုံးမှုအား တောင်တွင်းကြီးမြို့မရဲစခန်းတွင် သေမှုသေခင်းအမှတ်စဉ် ၁၁/၂၀၁၉ ဖြင့် အမှုရေးဖွင့် ဆောင်ရွက်ထားကြောင်း သိရသည်။

သတင်း - ဖီးနစ်
ဓာတ်ပုံ - တောင်တွင်းကြီးမြို့နယ် အရန်မီးသတ်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net