တာချီလိတ်မြို့ ဟွေရဲမြို့ရှောင်လမ်းအနီးနေအိမ်မှ စိတ်ကြွဆေးနှင့်ဘိန်းစိမ်းများ ဖမ်းမိ

တာချီလိတ်မြို့ ဟွေရဲမြို့ရှောင်လမ်းအနီးနေအိမ်မှ စိတ်ကြွဆေးနှင့်ဘိန်းစိမ်းများ ဖမ်းမိ
မေ 14, 2019
By Tachileik News Agency


မူးယစ်တပ်ဖွဲ့စု (၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ ဟွေရဲမြို့ရှောင်လမ်းဘေးရှိ လောဖာ၏ နေအိမ်အား နေ့လယ် (၁)နာရီ မိနစ်(၂၀)က ဝင်ရောက်ရှာဖွေရာ လောဖာအား စိတ်ကြွရူးသွပ်ဆေးပြား၊ ဘိန်းစိမ်းနှင့် စိတ်ကြွဆေးအသုံးပြုသည့် ဆက်စပ်ပစ္စည်းများကို ဖမ်းမိခြင်းဖြစ်ကြောင်းသိရသည်။


Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းကျေးရွာအုပ်စု၊ ဟွေရဲကျေးရွာတွင် မူးယစ်သတင်းရနေအိမ်အား ၂၀၁၉ ခုနှစ် မေလ (၁၄)ရက်နေ့ နေ့လည်ပိုင်းက ဝင်ရောက်ရှာဖွေရာ စိတ်ကြွဆေးပြား (၁,၄၃၁)ပြားနှင့် ဘိန်းစိမ်း (၁၀၀)ဂရမ်တို့ကို ဖမ်းမိကြောင်း သိရသည်။

မူးယစ်တပ်ဖွဲ့စု (၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ ဟွေရဲမြို့ရှောင်လမ်းဘေးရှိ လောဖာ၏ နေအိမ်အား နေ့လယ် (၁)နာရီ မိနစ်(၂၀)က ဝင်ရောက်ရှာဖွေရာ လောဖာအား စိတ်ကြွရူးသွပ်ဆေးပြား၊ ဘိန်းစိမ်းနှင့် စိတ်ကြွဆေးအသုံးပြုသည့် ဆက်စပ်ပစ္စည်းများကို ဖမ်းမိခြင်းဖြစ်ကြောငး်သိရသည်။

မူးယစ်ဆေးများနှင့်အတူ ဖမ်းမိသည့် အသက်(၅၃)နှစ်အရွယ်လောဖာအား တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ) ၆၆/၂၀၁၉၊ မူး/စိတ်ပုဒ်မ ၁၉(က)ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net