ကယားျပည္နယ္ လြိဳင္ေကာ္ၿမိဳ႕တြင္ ကယားျပည္နယ္အစိုးရအဖြဲ႔မွ ဦးေဆာင္ကာ အာဇာနည္ေန႔ အခမ္းအနား က်င္းပ

ကယားျပည္နယ္ လြိဳင္ေကာ္ၿမိဳ႕တြင္ ကယားျပည္နယ္အစိုးရအဖြဲ႔မွ ဦးေဆာင္ကာ အာဇာနည္ေန႔ အခမ္းအနား က်င္းပ
ဇူလိုင် 19, 2019
By Tachileik News Agency

ကယားျပည္နယ္ လြိဳင္ေကာ္ၿမိဳ႕တြင္  (၇၂)ႏွစ္​​ေျမာက္​ အာဇာနည္​​ေန႔ အထိမ္းအမွတ္ လြမ္းသူ႔ပန္းေခြခ် ဂါရ၀ျပဳ အခမ္းအနားအား ၂၀၁၉ခုႏွစ္ ဇူလိုင္လ(၁၉)ရက္ေန႔ နံနက္ပိုင္းက က်င္းပျပဳလုပ္သည္။

လြိဳင္ေကာ္ၿမိဳ႕ရွိ အာဇာနည္ေက်ာက္တိုင္ကြင္းတြင္ ကယားျပည္နယ္အစိုးရမွ ဦးေဆာင္က်င္းပျပဳလုပ္ျခင္းျဖစ္ၿပီး အခမ္းအနားသို႔ ကယားျပည္နယ္ ၀န္ႀကီးခ်ဳပ္ ဦးအယ္ေဖာင္းရိႈ ႏွင့္ ျပည္နယ္၀န္ႀကီးမ်ား၊ တပ္ရင္းတပ္ဖြဲ႔မ်ား၊ ႏုိင္ငံေရးပါတီမ်ား၊ လူမႈေရးအသင္းအဖြဲ႔မ်ား ဌာနဆုိင္ရာမ်ား ႏွင့္ ေဒသခံျပည္သူမ်ား တက္ေရာက္လာခဲ့ၾကေၾကာင္း သိရသည္။

အခမ္းနားတြင္​ ႏိုင္ငံေတာ္အလံအား အေလးျပဳျခင္း၊ က်ဆံုးသြားခဲ့​ေသာ ဗိုလ္ခ်ဳပ္ေအာင္ဆန္း အပါအ၀င္ အာဇာနည္ေခါင္းေဆာင္ႀကီးမ်ားအား အေလး ျပဳျခင္း၊ အာဇာနည္​​ေခါင္​​ေဆာင္​မ်ား က်ဆုံးခဲ့​ေသာ နံနက္​ (၁၀)နာရီ (၃၇)မိနစ္​အခ်ိန္​တြင္​  ဥၾသဆြဲ၍ (၂)မိနစ္ ျငိမ္သက္ျခင္း ႏွင္​့ ျပည္​နယ္​အစိုးရအဖြဲ႔ႏွင္​့ သက္​ဆိုင္​ရာ တတ္​​ေရာက္​လာ​ေသာ အဖြဲ႔အစည္​းမ်ားမွ လြမ္းသူ႕ပန္းေခြခ် ဂါရဝျပဳျခင္းမ်ားျပဳလုပ္​ခဲ့​ေၾကာင္​း သိရသည္​။

သတင္း/ဓါတ္ပံု - ဆန္းၿဖဳိးထြန္း


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ကယားပြည်နယ် လွိုင်ကော်မြို့တွင် (၇၂)နှစ်​​မြောက်​ အာဇာနည်​​နေ့ အထိမ်းအမှတ် လွမ်းသူ့ပန်းခွေချ ဂါရဝပြု အခမ်းအနားအား ၂၀၁၉ခုနှစ် ဇူလိုင်လ(၁၉)ရက်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်သည်။

လွိုင်ကော်မြို့ရှိ အာဇာနည်ကျောက်တိုင်ကွင်းတွင် ကယားပြည်နယ်အစိုးရမှ ဦးဆောင်ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး အခမ်းအနားသို့ ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်ဖောင်းရှို နှင့် ပြည်နယ်ဝန်ကြီးများ၊ တပ်ရင်းတပ်ဖွဲ့များ၊ နိုင်ငံရေးပါတီများ၊ လူမှုရေးအသင်းအဖွဲ့များ ဌာနဆိုင်ရာများ နှင့် ဒေသခံပြည်သူများ တက်ရောက်လာခဲ့ကြကြောင်း သိရသည်။

အခမ်းနားတွင်​ နိုင်ငံတော်အလံအား အလေးပြုခြင်း၊ ကျဆုံးသွားခဲ့​သော ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် အာဇာနည်ခေါင်းဆောင်ကြီးများအား အလေး ပြုခြင်း၊ အာဇာနည်​​ခေါင်​​ဆောင်​များ ကျဆုံးခဲ့​သော နံနက်​ (၁၀)နာရီ (၃၇)မိနစ်​အချိန်​တွင်​ ဥသြဆွဲ၍ (၂)မိနစ် ငြိမ်သက်ခြင်း နှင်​့ ပြည်​နယ်​အစိုးရအဖွဲ့နှင်​့ သက်​ဆိုင်​ရာ တတ်​​ရောက်​လာ​သော အဖွဲ့အစည်​းများမှ လွမ်းသူ့ပန်းခွေချ ဂါရဝပြုခြင်းများပြုလုပ်​ခဲ့​ကြောင်​း သိရသည်​။

သတင်း/ဓာတ်ပုံ - ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net