ကယားပြည်နယ် လွိုင်ကော်တွင် ရွေးကောက်ပွဲအတွက် ခန့်ထားသည့် အထူးရဲများကို COVID 19 စစ်ပေးထားပြီးနောက် ကျန်မြို့နယ်များတွင် ဆက်လက် စစ်ဆေးပေးနေ

ကယားပြည်နယ် လွိုင်ကော်တွင် ရွေးကောက်ပွဲအတွက် ခန့်ထားသည့် အထူးရဲများကို COVID 19 စစ်ပေးထားပြီးနောက် ကျန်မြို့နယ်များတွင် ဆက်လက် စစ်ဆေးပေးနေ
အောက်တိုဘာ 9, 2020
By Tachileik News Agency
ကယားပြည်နယ် လွိုင်ကော်တွင် ရွေးကောက်ပွဲအတွက် ခန့်ထားသည့် အထူးရဲများကို COVID 19 စစ်ပေးထားပြီးနောက် ကျန်မြို့နယ်များတွင် ဆက်လက် စစ်ဆေးပေးနေ
ကယားပြည်နယ်၊  လွိုင်ကော်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် မဲရုံလုံခြုံရေး တာဝန်ထမ်းဆောင်မည့် အထူးရဲသင်တန်းသား (၈၁) ဦးကို ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ (၉) ရက်နေ့တွင် COVID 19 စစ်ဆေးပေးပြီးဖြစ်ကြောင်း သိရသည်။
အထူးရဲ (၈၁)ဦးကို ကယားပြည်နယ် ရဲတပ်ဖွဲ့ ကန္ဒရဝတီခန်းမဆောင်၌ RDT test kit ဖြင့် စစ်ဆေးရာ (၈၁) ဦးလုံးတွင် Negative အဖြေရကြောင်း သိရသည်။ 
ရွေးကောက်ပွဲအတွက် ခန့်ထားသည့် အထူးရဲများကို COVID 19 စစ်ဆေးခြင်းအား  ပြည်နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဌေးလွင်၊ မြို့နယ်ဆရာဝန်ကြီးနှင့် ကျန်းမာရေးဝန်ထမ်းများက ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပြီး ကယားပြည်နယ်အတွင်းရှိ မြို့နယ်များအားလုံးတွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ မဲရုံလုံခြုံရေးအတွက် ခန့်ထားသည့်  အထူးရဲသင်တန်းသားများကိုလည်း စစ်ဆေးပေးနေကြောင်း သိရသည်။
Tachileik News Agency
ဓါတ်ပုံ - ကယားပြည်နယ်အစိုးရအဖွဲ့ရုံး
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~