ကရင်နီပြည်နယ်တွင်း အာဏာသိမ်းစစ်တပ်၏ နတ်တောင်ခြေကုပ်စခန်းကို ကရင်နီတပ်မတော် (KA)က သိမ်းပိုက်

Photo: ကရင်နီတပ်မတော် (KA)
Photo: ကရင်နီတပ်မတော် (KA)
ကရင်နီပြည်နယ်တွင်း အာဏာသိမ်းစစ်တပ်၏ နတ်တောင်ခြေကုပ်စခန်းကို ကရင်နီတပ်မတော် (KA)က သိမ်းပိုက်
ဇန်နဝါရီ 7, 2022 | ကယား

ထိုင်း - ကရင်နီ (ကယား)ပြည်နယ်နယ်စပ် ရှားတောမြို့နယ်၊ နန်းပန်ချောင်းအနီးရှိ အာဏာသိမ်းစစ်တပ်၏ ခြေကုပ်စခန်းဖြစ်သည့် နတ်တောင်စခန်းကို ၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၇) ရက်နေ့တွင် ကရင်နီတပ်မတော် (KA) က သိမ်းပိုက်ရရှိထားပြီး အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ပြန်လည်တိုက်ခိုက်ကြောင်း သိရသည်။

နတ်တောင်စခန်းကို KA က ယနေ့ နံနက်ပိုင်းတွင် တိုက်ခိုက်သိမ်းပိုက်ရာတွင် အာဏာသိမ်းစစ်တပ်ဘက်မှ အသေအပျောက်များပြီး အရှင် (၄)ယောက် ဖမ်းမိထားကြောင်း သိရသည်။

စခန်းသိမ်းပွဲအပြီး နာရီဝက်ကျော်အကြာတွင် အာဏာသိမ်းစစ်တပ်က လေကြောင်းမှ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။