မိုးဗြဲမြို့တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ကို တော်လှန်ရေးတပ်များ တိုက်ခိုက်

မိုးဗြဲမြို့တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ကို တော်လှန်ရေးတပ်များ တိုက်ခိုက်
အောက်တိုဘာ 10, 2023 | 2021 Military Coup| ကယား

ကရင်နီ(ကယား)ပြည်နယ်နှင့် ရှမ်းပြည်နယ်နယ်စပ် မိုးဗြဲမြို့၊  ဒုန်းဒူထန်ရွာရှိ ရထားသံလမ်းအနီးတွင် စခန်းချ တပ်စွဲထားသော စစ်ကောင်စီတပ်အား ကရင်နီတော်လှန်ရေးတပ်များက ယမန်နေ့ ၂၀၂၃ခုနှစ် အောက်တိုဘာလ (၉)ရက်နေ့တွင် သွားရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

၎င်းတပ်စခန်းတွင် စစ်ကောင်စီတပ်ဖွဲ့က စခန်းချနေသဖြင့် မိုးဗြဲ PDF၊ လွိုင်ကော် PDF၊ ကလလတနှင့် ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို DMO-Local PDFတို့မှ နံနက်(၆)နာရီမှ (၈)နာရီဝန်းကျင်အထိ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ 

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးများစွာ ပစ်ကူခဲ့သည့်အပြင် စစ်ကူများရောက်လာခြင်းကြောင့် တပ်စခန်းအား မသိမ်းပိုက်နိုင်ဘဲ တော်လှန်ရေးတပ်များ ပြန်လည်ဆုတ်ခွာခဲ့ရသည်ဟု ဆိုသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးသူရှိပြီး တော်လှန်ရေးတပ်များဘက်တွင် မိုးဗြဲ PDFမှ ရဲဘော်တစ်ဦး ကျဆုံးပြီး (၃)ဦးခန့် ဒဏ်ရာရှိခဲ့သည်ဟု ဒီးမော့ဆို PDFက ယနေ့ အောက်တိုဘာလ (၁၀)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

#TachileikNewsAgency