ေက်းရြာႏွစ္ရြာ ေျမႏုကၽြန္းအျငင္းပြားမႈျဖစ္ၿပီး စက္ေလွေမွာက္၍ ေပ်ာက္ဆံုးေနသူ (၃၉)ဦးအနက္ ေသဆံုး (၁၆)ဦးႏွင့္ အသက္ရွင္လွ်က္ (၂)ဦးျပန္ေတြ႔

ေက်းရြာႏွစ္ရြာ ေျမႏုကၽြန္းအျငင္းပြားမႈျဖစ္ၿပီး စက္ေလွေမွာက္၍ ေပ်ာက္ဆံုးေနသူ (၃၉)ဦးအနက္ ေသဆံုး (၁၆)ဦးႏွင့္ အသက္ရွင္လွ်က္ (၂)ဦးျပန္ေတြ႔
ဇူလိုင် 25, 2019
By Tachileik News Agency

မေကြးတိုုင္းေဒသႀကီး၊ ေရနံေခ်ာင္းၿမိဳ႕နယ္အတြင္း ေျမႏုကၽြန္းနယ္နိမိတ္ႏွင့္ပတ္သက္၍ ေက်းရြာ(၂)ရြာ အခ်င္းမ်ားၿပီး ထြက္ေျပးၾကစဥ္ စက္ေလွေမွာက္႐ာမွ ေပ်ာက္ဆံုးေနသူ(၃၉)ဦးအား ရွာေဖြေနရာ ၂၀၁၉ ခုႏွစ္၊ ဇူလိုင္လ (၂၅) ရက္ေန႔အထိ ေသဆံုးသူ (၁၆)ဦးႏွင့္ အသက္ရွင္က်န္သူ (၂)ဦးတုိ႔ကို  ျပန္လည္ေတြ႔ရိွထားေၾကာင္း သိရသည္။

“ကၽြန္ေတာ္တုိ႔ NLD တိုင္းဥကၠဌ ဦးသိန္းေဇာ္နဲ႔အတူ အခင္းျဖစ္ေနရာက ျပန္လာတဲ့အခ်ိန္ထိေတာ့  မေန႔က အေလာင္း(၁၀)ေလာင္းနဲ႔ အသက္ရွင္လွ်က္ (၂)ဦးေတြ႔ရိွခဲ့ရၿပီး ဒီေန႔မွာေတာ့ (၆)ေလာင္းေတြ႔ရိွပါတယ္။ ေသဆံုးသူ (၁၆)ဦးထဲမွာ အမ်ိဳးသမီး (၂)ေယာက္ပါရိွၿပီး အဲဒီ(၂)ေယာက္ကလည္း ကၽြန္ေတာ္တို႔ ရပ္ေက်း NLD အလုပ္အမႈေဆာင္ထဲက (၂)ဦးျဖစ္ပါတယ္။ ရဲတပ္ဖဲြ႔အေနနဲ႔ႏွစ္ဖက္ အခ်င္းမ်ားေနတုန္းမွာ အခ်ိန္မီ ေရာက္ရိွတယ္ဆိုေပမဲ့ အင္အားနည္းသြားတဲ့သေဘာေၾကာင့္ အင္အားျပန္ျဖည့္ေနတုန္းမွာ နည္းနည္း လစ္ဟာမႈျဖစ္သြားတာလို႔ သိရပါတယ္” ဟု ေရနံေခ်ာင္းၿမိဳ႕နယ္မဲ ဆႏၵနယ္အမွတ္ (၂)မွ တိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ ဦးသိန္းလွက တာခိီ်လိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

မေကြးတိုုင္းေဒသႀကီး၊ ေရနံေခ်ာင္းၿမိဳ႕နယ္၊ မာန္ေျမအုပ္စုတြင္ ဇူလိုင္(၂၃)ရက္ေန႔က မေကြးခရိုင္၊ ေရနံေခ်ာင္းၿမိဳ႕နယ္ မာန္ေျမေက်းရြာအုပ္စု ဖရဲကၽြန္းေက်းရြာမွ ရြာသူရြာသားမ်ားႏွင့္ က်မ္းကိုင္ ေက်းရြာအုပ္စု ကံသာေက်းရြာမွ ရြာသူရြာသားမ်ားၾကား ေျမႏုကၽြန္းနယ္နမိတ္အျငင္းပြားမႈျဖစ္ပြားကာ ဖရဲကြ်န္းေက်းရြာမွ လူ (၃၉)ဦးခန္႔ ပါဝင္သည့္စက္ေလွမွာ ဧရာဝတီျမစ္အတြင္း ေပ်ာက္ဆံုးသြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“မႏွစ္ကတည္းက ေျမႏုကၽြန္းနယ္နိမိတ္ျပႆနာ ျဖစ္ေနၾကတာပါ။ က်န္းကိုင္ေက်းရြာအုပ္စုက ကံသာ ေက်းရြာသားတစ္ခ်ိဳ႕ဟာ မႏွစ္က ကမ္းၿပိဳလို႔ ေရႊ႕ေျပာင္းၾကတာမွာ ဖရဲကၽြန္းေက်းရြာနယ္နိမိတ္ဘက္ကို ေရာက္တယ္ဆိုၿပီး အျငင္းပြားခဲ့ၾကလို႔ ခရိုင္အုပ္ခ်ဳပ္ေရးမွဴးကိုယ္တိုင္ ကြင္းဆင္းစစ္ေဆးခဲ့ပါတယ္။ တိုင္းထြာ ၿပီးမွ နယ္နိမိတ္ သတ္မွတ္ႏိုင္မွာျဖစ္လို႔ တိုင္းထြာမယ္လုပ္ေတာ့ လက္မခံၾကတာေၾကာင့္ ခုခ်ိန္ထိျပႆနာက မေျပလည္ဘူးျဖစ္ေနတာ။ အရင္ကလည္း ကံသာေက်းရြာက အိမ္(၂)လံုးကို ဖရဲကၽြန္းေက်းရြာက လူ အုပ္စုနဲ႔လာဖ်က္ခဲ့ၿပီး အခု ဇူလိုင္(၂၃)ရက္ ညေနပိုင္းမွာ ေနာက္ထပ္ အိမ္(၂)လံုးကို လူအင္အားနဲ႔ လာဖ်က္ၾကတာ။ ဒီတစ္ခါေတာ့ ကံသာေက်းရြာဘက္က မခံႏိုင္ျဖစ္ၿပီး တုတ္ေတြ၊ ေလးခြေတြနဲ႔ ရိုက္ၾက၊ ပစ္ၾကလို႔ ထြက္ေျပးၾကတာမွာ စက္ေလွက လူမ်ားတဲ့ဝန္မခံႏိုင္ဘဲ ေမွာက္ရတာပါ။ တုတ္၊ ဓား၊ လက္နက္နဲ႔ ေသရတာလား။ ေရနစ္လို႔ေသရတာလား ဆိုတာေတြကိုလည္း မႈခင္းဆိိိုင္ရာဆရာဝန္ႀကီးက စစ္ေဆးေနပါတယ္”  ဟု ေရနံေခ်ာင္းၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးမာန္ကိုေဟာက ေျပာသည္။

အခင္းျဖစ္ပြားရာသို႔ မေကြးတိုင္းအစိုးရအဖဲြ႔မွ တာဝန္ရိွသူမ်ား၊ ဝန္ႀကီးမ်ား၊ လႊတ္ေတာ္ကိုယ္စားလွယ္မ်ား ေရာက္ရိွကာ လိုအပ္သည္မ်ားကို ေဆာင္ရြက္ေနၿပီး ဖရဲကၽြန္းေက်းရြာႏွင့္ ကံသာေက်းရြာတို႔တြင္ ရဲလံုၿခံဳေရး အင္အားမ်ား ခ်ထားေပးထားေၾကာင္း သိရသည္။

က်န္ရိွေပ်ာက္ဆုံးေနသူမ်ားအား သက္ဆိုင္ရာ အာဏာပိုင္ အဖြဲ႔အစည္းမ်ား၊ မီးသတ္တပ္ဖဲြ႔မ်ား၊  ပရဟိတ အဖြဲ႕အစည္းမ်ား၊ ရုပ္ရွင္သရုပ္ေဆာင္ ေဝဠဳေက်ာ္ႏွင့္ အဖြဲ႔မ်ားက ပူးေပါင္းရွာေဖြေနၾကေၾကာင္း သိရသည္။

Tachileik News Agency
သတင္း - ဖီးနစ္


~~~~~~~~⊰❂ Unicode Version ~~~~~~~~

မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်အတွင်း မြေနုကျွန်းနယ်နိမိတ်နှင့်ပတ်သက်၍ ကျေးရွာ(၂)ရွာ အချင်းများပြီး ထွက်ပြေးကြစဉ် စက်လှေမှောက်ရာမှ ပျောက်ဆုံးနေသူ(၃၉)ဦးအား ရှာဖွေနေရာ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၂၅) ရက်နေ့အထိ သေဆုံးသူ (၁၆)ဦးနှင့် အသက်ရှင်ကျန်သူ (၂)ဦးတို့ကို ပြန်လည်တွေ့ရှိထားကြောင်း သိရသည်။

“ကျွန်တော်တို့ NLD တိုင်းဥက္ကဌ ဦးသိန်းဇော်နဲ့အတူ အခင်းဖြစ်နေရာက ပြန်လာတဲ့အချိန်ထိတော့ မနေ့က အလောင်း(၁၀)လောင်းနဲ့ အသက်ရှင်လျှက် (၂)ဦးတွေ့ရှိခဲ့ရပြီး ဒီနေ့မှာတော့ (၆)လောင်းတွေ့ရှိပါတယ်။ သေဆုံးသူ (၁၆)ဦးထဲမှာ အမျိုးသမီး (၂)ယောက်ပါရှိပြီး အဲဒီ(၂)ယောက်ကလည်း ကျွန်တော်တို့ ရပ်ကျေး NLD အလုပ်အမှုဆောင်ထဲက (၂)ဦးဖြစ်ပါတယ်။ ရဲတပ်ဖွဲ့အနေနဲ့နှစ်ဖက် အချင်းများနေတုန်းမှာ အချိန်မီ ရောက်ရှိတယ်ဆိုပေမဲ့ အင်အားနည်းသွားတဲ့သဘောကြောင့် အင်အားပြန်ဖြည့်နေတုန်းမှာ နည်းနည်း လစ်ဟာမှုဖြစ်သွားတာလို့ သိရပါတယ်” ဟု ရေနံချောင်းမြို့နယ်မဲ ဆန္ဒနယ်အမှတ် (၂)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းလှက တာချိီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၊ မာန်မြေအုပ်စုတွင် ဇူလိုင်(၂၃)ရက်နေ့က မကွေးခရိုင်၊ ရေနံချောင်းမြို့နယ် မာန်မြေကျေးရွာအုပ်စု ဖရဲကျွန်းကျေးရွာမှ ရွာသူရွာသားများနှင့် ကျမ်းကိုင် ကျေးရွာအုပ်စု ကံသာကျေးရွာမှ ရွာသူရွာသားများကြား မြေနုကျွန်းနယ်နမိတ်အငြင်းပွားမှုဖြစ်ပွားကာ ဖရဲကျွန်းကျေးရွာမှ လူ (၃၉)ဦးခန့် ပါဝင်သည့်စက်လှေမှာ ဧရာဝတီမြစ်အတွင်း ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“မနှစ်ကတည်းက မြေနုကျွန်းနယ်နိမိတ်ပြဿနာ ဖြစ်နကြေတာပါ။ ကျန်းကိုင်ကျေးရွာအုပ်စုက ကံသာ ကျေးရွာသားတစ်ချို့ဟာ မနှစ်က ကမ်းပြိုလို့ ရွှေ့ပြောင်းကြတာမှာ ဖရဲကျွန်းကျေးရွာနယ်နိမိတ်ဘက်ကို ရောက်တယ်ဆိုပြီး အငြင်းပွားခဲ့ကြလို့ ခရိုင်အုပ်ချုပ်ရေးမှူးကိုယ်တိုင် ကွင်းဆင်းစစ်ဆေးခဲ့ပါတယ်။ တိုင်းထွာ ပြီးမှ နယ်နိမိတ် သတ်မှတ်နိုင်မှာဖြစ်လို့ တိုင်းထွာမယ်လုပ်တော့ လက်မခံကြတာကြောင့် ခုချိန်ထိပြဿနာက မပြေလည်ဘူးဖြစ်နေတာ။ အရင်ကလည်း ကံသာကျေးရွာက အိမ်(၂)လုံးကို ဖရဲကျွန်းကျေးရွာက လူ အုပ်စုနဲ့လာဖျက်ခဲ့ပြီး အခု ဇူလိုင်(၂၃)ရက် ညနေပိုင်းမှာ နောက်ထပ် အိမ်(၂)လုံးကို လူအင်အားနဲ့ လာဖျက်ကြတာ။ ဒီတစ်ခါတော့ ကံသာကျေးရွာဘက်က မခံနိုင်ဖြစ်ပြီး တုတ်တွေ၊ လေးခွတွေနဲ့ ရိုက်ကြ၊ ပစ်ကြလို့ ထွက်ပြေးကြတာမှာ စက်လှေက လူများတဲ့ဝန်မခံနိုင်ဘဲ မှောက်ရတာပါ။ တုတ်၊ ဓား၊ လက်နက်နဲ့ သေရတာလား။ ရေနစ်လို့သေရတာလား ဆိုတာတွေကိုလည်း မှုခင်းဆိုင်ရာဆရာဝန်ကြီးက စစ်ဆေးနေပါတယ်” ဟု ရေနံချောင်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမာန်ကိုဟောက ပြောသည်။

အခင်းဖြစ်ပွားရာသို့ မကွေးတိုင်းအစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ ရောက်ရှိကာ လိုအပ်သည်များကို ဆောင်ရွက်နပြေီး ဖရဲကျွန်းကျေးရွာနှင့် ကံသာကျေးရွာတို့တွင် ရဲလုံခြုံရေး အင်အားများ ချထားပေးထားကြောင်း သိရသည်။

ကျန်ရှိပျောက်ဆုံးနေသူများအား သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းများ၊ မီးသတ်တပ်ဖွဲ့များ၊ ပရဟိတ အဖွဲ့အစည်းများ၊ ရုပ်ရှင်သရုပ်ဆောင် ဝေဠုကျော်နှင့် အဖွဲ့များက ပူးပေါင်းရှာဖွေနကြေကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဖီးနစ်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net