တာချီလိတ်မြို့တွင် လူငယ်တစ်ဦး သေနတ်ဖြင့် (၈)ချက် ပစ်သတ်ခံရ

တာချီလိတ်မြို့တွင် လူငယ်တစ်ဦး သေနတ်ဖြင့် (၈)ချက် ပစ်သတ်ခံရ

မြန်မာ - ထိုင်း နယ်စပ်ဒေသ တာချီလိတ်မြို့တွင် အမည်မသိ လူငယ်တစ်ဦး ဝမ်ဟောင်သင်္ဂြိုင်းအနီး၌ သေနတ်ဖြင့် (၈)ချက် ပစ်သတ်ခံရကြောင်း သိရသည်။

၂၀၂၂ခုနှစ် ဇွန်လ(၇)ရက်နေ့အကူး (​ ဝဝး၁၅)နာရီအချိန်ဝန်းကျင်က တာချီလိတ်မြို့  ဆေခမ်းရပ်ကွက်အတွင်း ဝမ်ဟောင်သင်္ဂြိုင်းအနီးတွင် အသက်(၃၀)ဝန်းကျင်အရွယ်ရှိ အမည်မသိ အမျိုးသားတစ်ဦးသည် ဝမ်းဗိုက်တွင် သေနတ်ဖြင့် (၈)ချက် ပစ်သတ်ခံထားရကြောင်း သိရသည်။





အခင်းဖြစ်ရာနေရာသို့ သက်ဆိုင်ရာများ ရောက်ရှိ စစ်ဆေးပြီးနောက် ဦးလှမိုး (တာချီလိတ်)လူမှုကူညီရေးအသင်းက ရုပ်အလောင်းအား ရင်ခွဲရုံသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။



လတ်တလောတွင် သေဆုံးသူမှာ အသက်(၃၀)ဝန်းကျင် အရွယ် အမျိုးသားတစ်ဦးဟု သာ သိရှိထားရပြီး မည်သူဆိုတာကိုတော့ မသိရသေးကြောင်း သိရသည်။

Photo: ဦးလှမိုး (တာချီလိတ်)လူမှုကူညီရေးအသင်း