တာချီလိတ်တွင် ကျားမင်းစီမံချက် ကာလအတွင်း ထိုင်းနိုင်ငံသား တစ်ဦးမှ သေနတ်ဖြင့် ပစ်ဖောက်ထွက်ပြေး

တာချီလိတ်တွင် ကျားမင်းစီမံချက် ကာလအတွင်း ထိုင်းနိုင်ငံသား တစ်ဦးမှ သေနတ်ဖြင့် ပစ်ဖောက်ထွက်ပြေး
ဖေဖော်ဝါရီ 12, 2020
By Tachileik News Agency

တာချီလိတ်တွင် ကျားမင်းစီမံချက် ကာလအတွင်း ထိုင်းနိုင်ငံသား တစ်ဦးမှ သေနတ်ဖြင့် ပစ်ဖောက်ထွက်ပြေး

ဒေသအတွင်း မှုခင်းကျဆင်းရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့က ရက်ကိုးဆယ် ကျားမင်းစီမံချက်ဖြင့် အထူးဆောင်ရွက်နေသည့် မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့တွင် ထိုင်းနိုင်ငံသား တစ်ဦးမှ သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားမှု ၂၀၂၀ခုနှစ် ဖေဖော်ဝါရီလ (၁၂)ရက်နေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်အတွင်း 1G1 ဟိုတယ် ဧရိယာအတွင်းရှိ နတ်စင်ကို  တာချီလိတ်တွင် နေထိုင်သည့် ထိုင်းနိုင်ငံသား တစ်ဦးက သေနတ်ဖြင့် (၄)ချက်ဝန်းကျင် ပစ်ဖောက်ကာ ကားဖြင့် မောင်းနှင်ထွက်ပြေးသွားကြောင်း သိရသည်။

ယင်းသို့ ပစ်ခတ်မှုကြောင့် လူတစ်ဦးတစ်ယောက်မှ ထိခိုက်ဒဏ်ရာရရှိခြင်း မရှိကြောင်း နှင့် နတ်စင် နှင့် အုတ်နံရံသာ ကျည်ထိမှန်ကြောင်း သိရသည်။

“ ဝမ်းဂျီဝမ်း ဟိုတယ်ရှေ့မှာ ဖြစ်တာ။ သေနတ်ပစ်ပြီး ထွက်ပြေးသွားတဲ့လူကို အခုလိုက်ရှာနေကြတယ်။ ထိခိုက်ဒဏ်ရာရတာမရှိပါဘူး”ဟု ရဲတပ်ဖွဲ့ဝင်တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားသူ ထိုင်းနိုင်ငံသားမှာ မည်သူဆိုသည်ကို သိရှိထားပြီး ရဲတပ်ဖွဲ့က အမြန်ဆုံး ဖမ်းဆီးရမိရေးအတွက်  ကြိုးပမ်းဆောင်ရွက်နေလျက်ရှိကြောင်း သိရသည်။

တစ်ဖက်နိုင်ငံမှ တရားခံပြေးများ လာရောက်ခိုအောင်းလေ့ရှိသည့် နယ်စပ်မြို့ တာချီလိတ်တွင် ရဲတပ်ဖွဲ့က ဖေဖော်ဝါရီလမှစ၍ မှုခင်းကျဆင်းရေးအတွက် ရက် (၉၀) ကျားမင်းစီမံချက်ကို ဆောင်ရွက်နေခြင်းဖြစ်သည်။

Tachileik News Agency

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~