မိုင်းဆတ်မြို့နယ်အတွင်း ပလောင်ပူတွန်းကျေးရွာအနီး လျှိုအတွင်းထဲက မူးယစ်ဆေးဝါးများ နှင့် ဆက်စပ်ပစ္စည်းများကို ပိုင်ရှင်မဲ့အဖြစ် သိမ်းဆည်းရမိ

မိုင်းဆတ်မြို့နယ်အတွင်း ပလောင်ပူတွန်းကျေးရွာအနီး လျှိုအတွင်းထဲက မူးယစ်ဆေးဝါးများ နှင့် ဆက်စပ်ပစ္စည်းများကို ပိုင်ရှင်မဲ့အဖြစ် သိမ်းဆည်းရမိ
ဇူလိုင် 9, 2020
By Tachileik News Agency

မိုင်းဆတ်မြို့နယ်အတွင်း ပလောင်ပူတွန်းကျေးရွာအနီး လျှိုအတွင်းထဲက မူးယစ်ဆေးဝါးများ နှင့် ဆက်စပ်ပစ္စည်းများကို ပိုင်ရှင်မဲ့အဖြစ် သိမ်းဆည်းရမိ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့နယ်အတွင်း မိုင်းတွမ်းတောင်ပေါ်ကျေးရွာအုပ်စု ပလောင်ပူတွန်းကျေးရွာအနီး လျှိုအတွင်း မူးယစ်ဆေးဝါးများနှင့် ဆက်စပ်ပစ္စည်းများကို ပိုင်ရှင်မဲ့အဖြစ် တပ်မတော်က တွေ့ရှိသိမ်းဆည်းရမိ၍ မူးယစ်တပ်ဖွဲ့ထပ် လွှဲပြောင်းပေးထားကြောင်း သိရသည်။

 မိုင်းတွမ်း တောင်ပေါ်ကျေးရွာအုပ်စု၊ ပလောင်ပူတွန်းကျေးရွာ အနောက်ဘက်လျှိုအတွင်း မီးရှို့ထားသော လူနေတဲအိမ်ပျက် အနီးပတ်ဝန်းကျင်အား တပ်မတော်နယ်မြေရှင်းလင်းရေးစစ်ကြောင်းမှ ၂၀၂၀ခုနှစ် ဇူလိုင်လ (၇) ရက်နေ့ညနေပိုင်းက အသေးစိတ်ရှာဖွေခဲ့ရာ စိတ်ကြွဆေးပြား စုစုပေါင်း (၂၈၁,၃၂၀)ပြား၊ စိတ်ကြွဆေးအမှုန့် (၁၂.၅)ကီလို နှင့် ရေစိုပျက်စီးနေသည့် စိတ်ကြွဆေးပြား (၂၀)ဂရမ်တို့ကို တွေ့ရှိ သိမ်းဆည်းရမိကြောင်း သိရသည်။

ယင်းအပြင် ကဖင်းအမှုန့် (၂၅)ကီလိုစီပါသည့် အိတ်(၁၀၀)၊ မျောက်တံဆိပ်ပါ ဆေးရည်(၁၄)လုံး၊ တံဆိပ်မပါ ဆေးရည်ဖန်ပုလင်း(၁၇)လုံး၊ အပြာရောင်ပလပ်စတစ်ပုံးဖြင့်ထည့်လျက် အနံ့ ဆေးရည်(၁၂) လီတာ၊ အနီရောင်ဆိုးဆေးမှုန့်(၁၄)ဗူး၊ ဂတ်စ်အိုးဟောင်း(၁၃)လုံး၊ WY စာတမ်းပါ ဆေးပြား ရိုက်သံမှို(၅၂)ချောင်းနှင့် မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုသည့်ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရမိခြင်း ဖြစ်ကြောင်း သိရသည်။

အလားတူ ဇူလိုင်လ (၈)ရက်နေ့ ညနေပိုင်းက ၎င်းလျှိုအတွင်းမှ ပီနံအိတ်ဖြင့်ထည့်လျက် ကဖင်း အဖြူရောင်အမှုန့်(၂၅)ကီလိုစီပါ (၈)အိတ်၊ GX-200 Hondaအနီရောင်လက်ဆွဲမီးစက် တစ်လုံး GX-160 Honda အနီရောင် လက်ဆွဲမီးစက်(၈)လုံးနှင့် ဂတ်စ်အိုးဟောင်းနှစ်လုံးတို့ကိုလည်း ပိုင်ရှင်မဲ့အဖြစ် ထပ်မံသိမ်း ဆည်းရမိသည်။

သိမ်းဆည်းရမိသည့် မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေးထုတ်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများကို တပ်မတော်က ဇူလိုင်လ (၉)ရက် နံနက်ပိုင်းတွင် မူးယစ်တပ်ဖွဲ့စု(၂၉)မိုင်းဆတ်သို့ လွှဲပြောင်းပေးလိုက်ကြောင်း သိရသည်။

အဆိုပါ အမှုနှင့် ပတ်သက်၍  မိုင်းတွမ်းနယ်မြေရဲစခန်းတွင် မယ(ပ)၃၇/၂၀၂၀၊ မူး/စိတ်ပုဒ်မ-၁၆(ခ)/၁၉(က) နှင့် မယ(ပ)၃၈/၂၀၂၀၊ မူး/ စိတ်ပုဒ်မ-၁၆(ခ)တို့ဖြင့် အမှုဖွင့် ဆောင်ရွက်ထားကြောင်းလည်း သိရှိရသည်။

Tachileik News Agency
သတင်း/ဓါတ်ပုံ - မြင့်မောင်(မိုင်းဆတ်)


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~