မိုင်းဆတ် - မိုင်းတွမ်းလမ်းတွင် ကဖင်းများကို ပိုင်ရှင်မဲ့အဖြစ် ဖမ်းဆီးရမိ

မိုင်းဆတ် - မိုင်းတွမ်းလမ်းတွင် ကဖင်းများကို ပိုင်ရှင်မဲ့အဖြစ် ဖမ်းဆီးရမိ
သြဂုတ် 22, 2020
By Tachileik News Agency
 
မိုင်းဆတ် - မိုင်းတွမ်းလမ်းတွင် ကဖင်းများကို ပိုင်ရှင်မဲ့အဖြစ် ဖမ်းဆီးရမိ
မူးယစ်ဆေးဝါး ထုတ်လုပ်ရာတွင် အသုံးပြုသည့် ကဖင်း(caffeine)များကို ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့နယ်၊ မိုင်းဆတ် - မိုင်းတွမ်းသွား ကားလမ်းတွင်  ပူးပေါင်းအဖွဲ့မှ ရှောင်တခင် စစ်ဆေးမှုအတွင်း လိုက်လံဖမ်းဆီးရာမှ ပိုင်ရှင်မဲ့အဖြစ် ဖမ်းဆီးရမိကြောင်းသိရသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ၂၀၂၀ခုနှစ်  သြဂုတ်လ ၂၁ ရက်နေ့ ညနေ (၄)နာရီ (၄၅)မိနစ်ခန့်က မိုင်တွမ်းအဝင် မိုင်းဆတ်-မိုင်းတွမ်းသွားကားလမ်းတွင် ရှောင်တခင်စစ်ဆေး ရှာဖွေမှုပြုလုပ်နေစဉ် ဖားဟကျေးရွာဘက်မှ မိုင်းဆတ်မြို့ဘက်သို့ မောင်းနှင်လာသည့်  မော်တော်ယာဉ်အား စစ်ဆေးရန်ရပ်တန့်ခိုင်းစဉ် ရပ်တန်းဟန်ပြပြီး မောင်းနှင်ထွက် ပြေးသွားသဖြင့် လိုက်လံတားဆီးရာမှ လွိုင်ဆမ်ဆုန်တောင်အတက် ကျောက်ခွဲစက်အနီး မျက်ကွယ်အကွေ့တွင် မော်တော်ယာဉ်အား လမ်းဘေးခြုံအတွင်း  ရပ်တန့်ထားခဲ့ပြီး ယာဉ်မောင်းမှာ လျိုအတွင်းထွက်ပြေးလွတ် မြောက်သွားခဲ့သည်။ 
ဆက်လက်၍ ပူးပေါင်းအဖွဲ့မှ ယာဉ်အတွင်း ရှာဖွေမှုများ ပြုလုပ်ရာ   ယာဉ်နောက်ခန်းရှိ အစိမ်းရောင် ဆာလာအိတ်အတွင်းမှ ကဖင်း အဖြူရောင်အမှုန့်တစ်အိတ်လျှင်(၂၅)ကီလိုခန့်စီပါ(၄၉)အိတ် စုစုပေါင်းကဖင်းအလေးချိန် (၁၂၂၅)ကီလိုအား တွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။
အဆိုပါ သိမ်းဆည်းရမိသည့် ကဖင်းအား မိုင်းတွမ်းနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါး နှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး တရားခံဖမ်းဆီးရမိရေး စုံစမ်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Tachileik News Agency
သတင်း - သန်းဇော်(မိုင်းဆတ်)
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~