တာခ်ီလိတ္တြင္ ေနရာ(၃)ေနရာမွ ဖမ္းမိသည့္ တရုတ္ႏုိင္ငံသား (၁၆၆)ဦးႏွင့္အတူ ဆက္စပ္သည့္ ျမန္မာ(၃၈)ဦးတုိ႔ကို အမႈဖြင့္စစ္ေဆးေနၿပီး တရုတ္ႏိုင္ငံသားမ်ားအား လ၀ကဥပေဒျဖင့္ အေရးယူရန္ ေဆာင္ရြက္ေန

တာခ်ီလိတ္တြင္ ေနရာ(၃)ေနရာမွ ဖမ္းမိသည့္ တရုတ္ႏုိင္ငံသား (၁၆၆)ဦးႏွင့္အတူ ဆက္စပ္သည့္ ျမန္မာ(၃၈)ဦးတုိ႔ကို အမႈဖြင့္စစ္ေဆးေနၿပီး တရုတ္ႏိုင္ငံသားမ်ားအား လ၀ကဥပေဒျဖင့္ အေရးယူရန္ ေဆာင္ရြက္ေန
မေ 15, 2019
By Tachileik News Agency

ျမန္မာ - ထိုင္းနယ္စပ္ ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမို႕တြင္ ေနရာ(၃)ေနရာ၌  ဖမ္းဆီးရမိသည့္ တရုတ္နုိင္ငံသား (၁၆၆)ဦးႏွင့္ ဆက္စပ္သည့္ ျမန္မာႏုိင္ငံသား (၃၈)ဦးတုိ႔ကို သက္ဆုိင္ရာပုဒ္မအသီးသီးျဖင့္ အမႈဖြင့္ေနၿပီး အခ်ဳပ္ေထာင္မ်ားခြဲ၍ ထိန္းသိမ္းထားရေၾကာင္း ႏွင့္ ဖမ္းဆီးရရွိသူမ်ားထဲတြင္ ျမန္မာႏုိင္ငံသားမဟုတ္သူမ်ားကို လ၀က ဥပေဒျဖင့္လည္း အမႈဖြင့္အေရးယူႏုိင္ရန္ ေဆာင္ရြက္ေနလ်က္ရွိေၾကာင္း သိရသည္။

“အခု တရုတ္ေတြကို တစ္ေနရာတည္းခ်ဳပ္ဖို႔ မႏိုင္လို႔ ခြဲၿပီးခ်ဳပ္ေနရတယ္။ အြန္လိုင္းဂိမ္းမႈ၊ လက္နက္မႈ၊ မူးယစ္ေဆးဝါးမႈေတြရယ္ ၿပီးရင္ လ၀ကမႈနဲ အကုန္တရားစြဲမွာေပါ့။ ေလာေလာဆယ္ ကၽြန္ေတာ္တို႔က မူးယစ္ေဆးကို မူးယစ္ေဆးနဲ႔ ပတ္သက္တဲ့သူကို ဖြင့္တယ္။ လက္နက္မႈဆို လက္နက္နဲ႔ ပတ္သက္တဲ့သူကို ဖြင့္တယ္။ လက္(ပ္)ေတာ့ပိုင္ရွင္ေတြက္ု အြန္လိုင္းဂိမ္းမႈဖြင့္တယ္။ လက္(ပ္)ေတာ့ေတြထဲမွာ အခ်က္အလက္ေတြ ရိွတာကိုး"ဟု တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ နယ္ထိန္းေခါင္းေဆာင္ ရဲအုပ္ ကိုကိုဦးက ေမလ (၁၄)ရက္ေန႔ကတာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

တာခ်ီလိတ္မွ သက္ဆိုင္ရာ ရဲတပ္ဖြဲ႕ဝင္မ်ား၊ လ၀ကမွ တာဝန္ရိွသူမ်ားႏွင့္ နယ္ေျမခံတပ္မွ တပ္ဖြဲ႕ဝင္မ်ားပါဝင္သည့္ ပူးေပါင္းအဖြဲ႕ျဖင့္ ရန္ေအာင္ေျမရပ္ကြက္ႏွင့္ ဝိန္းေက်ာက္ရပ္ကြက္တုိ႔မွ သတင္းရသည့္ေနရာ (၃)ေနရာအား ၂၀၁၉ ခုႏွစ္၊ ေမလ (၁၃)ရက္ေန႔က ဝင္ေရာက္ရွာေဖြရာ တရုတ္ႏိုင္ငံသားဟုယူဆရသူ (၁၈၈)ဦးႏွင့့္ ျမန္မာႏိုင္ငံသား (၁၀)ဦးတုိ႔ကို ဖမ္းဆီးခဲ့ၿပီး ၎တုိ႔ႏွင့္ဆက္စပ္သူမ်ား ထပ္မံဖမ္းဆီးမႈအရ စုစုေပါင္း (၂၀၄)ဦးအထိရွိလာၿပီး ႏုိင္ငံသားစစ္ေဆးအတည္ျပဳရာတြင္ တရုတ္ႏုိင္ငံသား (၁၆၆)ဦးပါဝင္ေၾကာင္း ေမလ (၁၄)ရက္ေန႔တြင္ အတည္ျပဳခဲ့ျခင္းျဖစ္သည္။

၎တို႔ႏွင့္ လပ္ေတာ့ပ္(၁၆)လံုး၊ လက္ကိုင္ဖုန္း(၅၄၈)လံုး ေမာ္ေတာ္ယာဥ္ (၆) စီး၊ ေမာ္ေတာ္ဆိုင္ကယ္ (၄) စီး၊ ေသနတ္ (၃) လက္၊ က်ည္ေဘာက္ (၁၁) ခုႏွင့္ က်ည္ဆန္ (၃၂၅) ေတာင့္ႏွင့္အတူ စိတ္ၾကြေဆးျပား (၂၅)ျပားတုိ႔ကို ဖမ္းမိထားျခင္းျဖစ္သည္။

ပူးေပါင္းအဖြဲ႕က ဖမ္းဆီးမႈအတြင္း ဝိန္းေက်ာက္ရပ္ကြက္ရိိွ လပ္ကီးမိုတယ္တြင္ တရုတ္ႏိုင္ငံသား အမ်ိဳးသား (၇၅) ဦးႏွင့္ အမ်ိဳးသမီး (၄) ဦး စုစုေပါင္း (၇၉) ဦးကို ဖုန္းအမ်ိဳးအစားအစံု (၁၆၄) လံုး၊ စကားေျပာစက္ (၅) လံုး၊ ကြန္ပ်ဴတာလက္(ပ္)ေတာ့ (၅) လံုး၊ Alphard အနက္ေရာင္ေမာ္ေတာ္ယာဥ္ (၁) စီးကို ရွာေဖြသိမ္းဆည္း ရမိခဲ့ျခင္းျဖစ္ၿပီး ၀ိန္းေက်ာက္ရပ္ကြက္ အမွတ္ (၂၂၉) ေနအိမ္မွ တရုတ္ႏိုင္ငံသား အမ်ိဳးသား (၆၅) ဦး၊ အမ်ိဳးသမီး (၅) ဦး စုစုေပါင္း (၇၀) ဦးကို M-22 ေသနတ္ (၃) လက္၊ က်ည္ေဘာက္ (၁၁) ေဘာက္၊ ၎က်ည္ (၃၂၅) ေတာင့္၊ ဖုန္းအမ်ိဳးအစားအစံု (၂၀၀) လံုး၊ စကားေျပာစက္ (၂) လံုး၊ Jeep ျမင္းခ်ီးေရာင္ ေမာ္ေတာ္ယာဥ္ (၁) စီး၊ Ford အျဖဴေရာင္ ေမာ္ေတာ္ယာဥ္ (၁) စီး၊ Wave-125 ေမာ္ေတာ္ဆိုင္ကယ္ (၃) စီး၊ ေအာ္တိုဆိုင္ကယ္ (၁) စီး၊ က်ည္ကာအိက်ၤိ (၃) ထည္၊ ေျပာက္က်ားအက်ီၤ (၃) ထည္၊ ေျပာက္က်ားေဘာင္းဘီ (၆) ထည္၊ WY ေဆးျပား (၂၅) ျပားတို႔ႏွင့္အတူ ဖမ္းမိထားျခင္းျဖစ္သည္။

ယင္းေနာက္ ရန္ေအာင္ေျမရပ္ကြက္ အမွတ္ (၂၃၇) ေနအိမ္မွ တရုတ္ႏိုင္ငံသား အမ်ိဳးသား (၃၈) ဦး၊ အမ်ိဳးသမီး (၁) ဦး စုစုေပါင္း (၃၉) ဦးအျပင္ ျမန္မာႏိုင္ငံသား အမ်ိဳးသား (၉) ဦး၊ အမ်ိဳးသမီး (၁) ဦး စုစုေပါင္း (၁၀) ဦးကို ဖုန္းအမ်ိဳးအစားစံု (၁၈၄) လံုး၊ စကားေျပာစက္ (၄) လံုး၊ ကြန္ပ်ဴတာ လက္(ပ္)ေတာ့ (၁၁) လံုး၊ Toyota Hilux Revo အျဖဴေရာင္ေမာ္ေတာ္ယာဥ္ (၁) စီး၊ Crown အနက္ေရာင္ ေမာ္ေတာ္ယာဥ္ (၁) စီး၊ Parado အျဖဴေရာင္ ေမာ္ေတာ္ယာဥ္ (၁) စီးတို႔ႏွင့္အတူ ဖမ္းမိထားျခင္းျဖစ္ေၾကာင္း သိရသည္။

ယခုဖမ္းဆီးရမိမႈမွာ တာခ်ီလိတ္ၿမိဳ႕တြင္ ပထမဆံုးအႀကိမ္အျဖစ္ ရာႏွင့္ခ်ီသည့္ တရားမဝင္ႏုိင္ငံျခားသားမ်ားအား ဖမ္းဆီးရရိွမႈျဖစ္ၿပီး အြန္လုိင္းေလာင္းကစား၊ လက္နက္မႈ၊ မူးယစ္မႈ၊ လူဝင္မႈႀကီးၾကပ္ေရးဥပေဒမ်ားျဖင့္ အသီးသီးအေရးယူသြားမည္ျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် နေရာ(၃)နေရာ၌ ဖမ်းဆီးရမိသည့် တရုတ်နိုင်ငံသား (၁၆၆)ဦးနှင့် ဆက်စပ်သည့် မြန်မာနိုင်ငံသား (၃၈)ဦးတို့ကို သက်ဆိုင်ရာပုဒ်မအသီးသီးဖြင့် အမှုဖွင့်နပြေီး အချုပ်ထောင်များခွဲ၍ ထိန်းသိမ်းထားရကြောင်း နှင့် ဖမ်းဆီးရရှိသူများထဲတွင် မြန်မာနိုင်ငံသားမဟုတ်သူများကို လဝက ဥပဒဖြေင့်လည်း အမှုဖွင့်အရေးယူနိုင်ရန် ဆောင်ရွက်နေလျက်ရှိကြောင်း သိရသည်။

“အခု တရုတ်တွေကို တစ်နေရာတည်းချုပ်ဖို့ မနိုင်လို့ ခွဲပြီးချုပ်နေရတယ်။ အွန်လိုင်းဂိမ်းမှု၊ လက်နက်မှု၊ မူးယစ်ဆေးဝါးမှုတွေရယ် ပြီးရင် လဝကမှုနဲ အကုန်တရားစွဲမှာပေါ့။ လောလောဆယ် ကျွန်တော်တို့က မူးယစ်ဆေးကို မူးယစ်ဆေးနဲ့ ပတ်သက်တဲ့သူကို ဖွင့်တယ်။ လက်နက်မှုဆို လက်နက်နဲ့ ပတ်သက်တဲ့သူကို ဖွင့်တယ်။ လက်(ပ်)တော့ပိုင်ရှင်တွေကု် အွန်လိုင်းဂိမ်းမှုဖွင့်တယ်။ လက်(ပ်)တော့တွေထဲမှာ အချက်အလက်တွေ ရှိတာကိုး"ဟု တာချီလိတ်မြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ရဲအုပ် ကိုကိုဦးက မေလ (၁၄)ရက်နေ့ကတာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်မှ သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်များ၊ လဝကမှ တာဝန်ရှိသူများနှင့် နယ်မြေခံတပ်မှ တပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် ရန်အောင်မြေရပ်ကွက်နှင့် ဝိန်းကျောက်ရပ်ကွက်တို့မှ သတင်းရသည့်နေရာ (၃)နေရာအား ၂၀၁၉ ခုနှစ်၊ မေလ (၁၃)ရက်နေ့က ဝင်ရောက်ရှာဖွေရာ တရုတ်နိုင်ငံသားဟုယူဆရသူ (၁၈၈)ဦးနှင့် မြန်မာနိုင်ငံသား (၁၀)ဦးတို့ကို ဖမ်းဆီးခဲ့ပြီး၎င်းတို့နှင့်ဆက်စပ်သူများ ထပ်မံဖမ်းဆီးမှုအရ စုစုပေါင်း (၂၀၄)ဦးအထိရှိလာပြီး နိုင်ငံသားစစ်ဆေးအတည်ပြုရာတွင် တရုတ်နိုင်ငံသား (၁၆၆)ဦးပါဝင်ကြောင်း မေလ (၁၄)ရက်နေ့တွင် အတည်ပြုခဲ့ခြင်းဖြစ်သည်။

၎င်းတို့နှင့် လပ်တော့ပ်(၁၆)လုံး၊ လက်ကိုင်ဖုန်း(၅၄၈)လုံး မော်တော်ယာဉ် (၆) စီး၊ မော်တော်ဆိုင်ကယ် (၄) စီး၊ သေနတ် (၃) လက်၊ ကျည်ဘောက် (၁၁) ခုနှင့် ကျည်ဆန် (၃၂၅) တောင့်နှင့်အတူ စိတ်ကြွဆေးပြား (၂၅)ပြားတို့ကို ဖမ်းမိထားခြင်းဖြစ်သည်။

ပူးပေါင်းအဖွဲ့က ဖမ်းဆီးမှုအတွင်း ဝိန်းကျောက်ရပ်ကွက်ရှိ လပ်ကီးမိုတယ်တွင် တရုတ်နိုင်ငံသား အမျိုးသား (၇၅) ဦးနှင့် အမျိုးသမီး (၄) ဦး စုစုပေါင်း (၇၉) ဦးကို ဖုန်းအမျိုးအစားအစုံ (၁၆၄) လုံး၊ စကားပြောစက် (၅) လုံး၊ ကွန်ပျူတာလက်(ပ်)တော့ (၅) လုံး၊ Alphard အနက်ရောင်မော်တော်ယာဉ် (၁) စီးကို ရှာဖွေသိမ်းဆည်း ရမိခဲ့ခြင်းဖြစ်ပြီး ဝိန်းကျောက်ရပ်ကွက် အမှတ် (၂၂၉) နေအိမ်မှ တရုတ်နိုင်ငံသား အမျိုးသား (၆၅) ဦး၊ အမျိုးသမီး (၅) ဦး စုစုပေါင်း (၇၀) ဦးကို M-22 သေနတ် (၃) လက်၊ ကျည်ဘောက် (၁၁) ဘောက်၊၎င်းကျည် (၃၂၅) တောင့်၊ ဖုန်းအမျိုးအစားအစုံ (၂၀၀) လုံး၊ စကားပြောစက် (၂) လုံး၊ Jeep မြင်းချီးရောင် မော်တော်ယာဉ် (၁) စီး၊ Ford အဖြူရောင် မော်တော်ယာဉ် (၁) စီး၊ Wave-125 မော်တော်ဆိုင်ကယ် (၃) စီး၊ အော်တိုဆိုင်ကယ် (၁) စီး၊ ကျည်ကာအိင်္ကျိ (၃) ထည်၊ ပြောက်ကျားအင်္ကျီ (၃) ထည်၊ ပြောက်ကျားဘောင်းဘီ (၆) ထည်၊ WY ဆေးပြား (၂၅) ပြားတို့နှင့်အတူ ဖမ်းမိထားခြင်းဖြစ်သည်။

ယင်းနောက် ရန်အောင်မြေရပ်ကွက် အမှတ် (၂၃၇) နေအိမ်မှ တရုတ်နိုင်ငံသား အမျိုးသား (၃၈) ဦး၊ အမျိုးသမီး (၁) ဦး စုစုပေါင်း (၃၉) ဦးအပြင် မြန်မာနိုင်ငံသား အမျိုးသား (၉) ဦး၊ အမျိုးသမီး (၁) ဦး စုစုပေါင်း (၁၀) ဦးကို ဖုန်းအမျိုးအစားစုံ (၁၈၄) လုံး၊ စကားပြောစက် (၄) လုံး၊ ကွန်ပျူတာ လက်(ပ်)တော့ (၁၁) လုံး၊ Toyota Hilux Revo အဖြူရောင်မော်တော်ယာဉ် (၁) စီး၊ Crown အနက်ရောင် မော်တော်ယာဉ် (၁) စီး၊ Parado အဖြူရောင် မော်တော်ယာဉ် (၁) စီးတို့နှင့်အတူ ဖမ်းမိထားခြင်းဖြစ်ကြောင်း သိရသည်။

ယခုဖမ်းဆီးရမိမှုမှာ တာချီလိတ်မြို့တွင် ပထမဆုံးအကြိမ်အဖြစ် ရာနှင့်ချီသည့် တရားမဝင်နိုင်ငံခြားသားများအား ဖမ်းဆီးရရှိမှုဖြစ်ပြီး အွန်လိုင်းလောင်းကစား၊ လက်နက်မှု၊ မူးယစ်မှု၊ လူဝင်မှုကြီးကြပ်ရေးဥပဒေများဖြင့် အသီးသီးအရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net