က်ိဳင္းတံုၿမိဳ႕ ပန္ၾကဴရြာတြင္ မူးယစ္သတင္းရေနအိမ္မွ စိတ္ၾကြေဆးျပား (၂၀)ႏွင့္ ဘိန္းစိမ္း (၇၅)ဂရမ္ဖမ္းမိ

က်ိဳင္းတံုၿမိဳ႕ ပန္ၾကဴရြာတြင္ မူးယစ္သတင္းရေနအိမ္မွ စိတ္ၾကြေဆးျပား (၂၀)ႏွင့္ ဘိန္းစိမ္း (၇၅)ဂရမ္ဖမ္းမိ
မေ 8, 2019
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ က်ိဳင္းတံုၿမိဳ႕၊ ပန္ၾကဴေက်းရြာတြင္ မူးယစ္သတင္းရေနအိမ္မွ စိတ္ၾကြေဆးျပား (၂၀)ျပား၊ ဘိန္းစိမ္း (၇၅)ဂရမ္ခန္႔ႏွင့္ ဘိန္းရႈကိရိယာမ်ားကို သိမ္းဆည္းရမိေၾကာင္း သိရသည္။

မူးယစ္ေဆးေရာင္းဝယ္သံုးစြဲေနေၾကာင္းသတင္းအရ ပန္ၾကဴေက်းရြာအုပ္စု၊ ပန္ၾကဴေက်းရြာရိွ စိုင္းတစ္၏ေနအိမ္အား ရဲတပ္ဖြဲ႕က ၂၀၁၉ ခုႏွစ္၊ ေမလ (၇)ရက္ေန႔ ညေန (၆)နာရီအခ်ိန္တြင္ ဝင္ေရာက္ရွာေဖြရာ ေနအိမ္ပိုင္ရွင္ စိုင္းတစ္အားေတြ႔ရၿပီး စိတ္ၾကြေဆးျပားမ်ားႏွင့္ ဘိန္းစိမ္းတုိ႔ကို ဖမ္းဆီးရမိျခင္းျဖစ္ေၾကာင္း သိရသည္။

စိုင္းတစ္မွာ လြန္ခဲ့ေသာ (၅)ႏွစ္ေက်ာ္ကတည္းက မူးယစ္ေဆးစတင္သံုးစြဲေနျခင္းျဖစ္ၿပီး စိတ္ၾကြေဆးျပားမ်ားကို တစ္ျပားလွ်င္ က်ပ္ (၅၀၀)ျဖင့္ ျပန္လည္ေရာင္းခ်ေနျခင္းျဖစ္ေၾကာင္း သိရသည္။

မူးယစ္ေဆးမ်ားႏွင့္အတူ ဖမ္းမိသည့္ အသက္ (၃၅)ႏွစ္အရြယ္ စိုင္းတစ္အား က်ိဳင္းတံုၿမိဳ႕မရဲစခန္းတြင္ မယ(ပ) ၁၁၃/၂၀၁၉၊ မူး/စိတ္ပုဒ္မ ၁၆(၈)ျဖင့္ အမႈဖြင့္ထားျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း - ၿငိမ္းခ်မ္း(ျပည္)
ဓါတ္ပံု - ရဲတပ္ဖြဲ႕



~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့၊ ပန်ကြူကျေးရွာတွင် မူးယစ်သတင်းရနေအိမ်မှ စိတ်ကြွဆေးပြား (၂၀)ပြား၊ ဘိန်းစိမ်း (၇၅)ဂရမ်ခန့်နှင့် ဘိန်းရှုကိရိယာများကို သိမ်းဆည်းရမိကြောင်း သိရသည်။

မူးယစ်ဆေးရောင်းဝယ်သုံးစွဲနေကြောင်းသတင်းအရ ပန်ကြူကျေးရွာအုပ်စု၊ ပန်ကြူကျေးရွာရှိ စိုင်းတစ်၏နေအိမ်အား ရဲတပ်ဖွဲ့က ၂၀၁၉ ခုနှစ်၊ မေလ (၇)ရက်နေ့ ညနေ (၆)နာရီအချိန်တွင် ဝင်ရောက်ရှာဖွေရာ နေအိမ်ပိုင်ရှင် စိုင်းတစ်အားတွေ့ရပြီး စိတ်ကြွဆေးပြားများနှင့် ဘိန်းစိမ်းတို့ကို ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

စိုင်းတစ်မှာ လွန်ခဲ့သော (၅)နှစ်ကျော်ကတည်းက မူးယစ်ဆေးစတင်သုံးစွဲနခြေင်းဖြစ်ပြီး စိတ်ကြွဆေးပြားများကို တစ်ပြားလျှင် ကျပ် (၅၀၀)ဖြင့် ပြန်လည်ရောင်းချနခြေင်းဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးများနှင့်အတူ ဖမ်းမိသည့် အသက် (၃၅)နှစ်အရွယ် စိုင်းတစ်အား ကျိုင်းတုံမြို့မရဲစခန်းတွင် မယ(ပ) ၁၁၃/၂၀၁၉၊ မူး/စိတ်ပုဒ်မ ၁၆(၈)ဖြင့် အမှုဖွင့်ထားခြင်းဖြစ်ကြောင်း သိရသည်။

သတင်း - ငြိမ်းချမ်း(ပြည်)
ဓာတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net