တာခ်ီလိတ္တြင္ အသက္ (၁၂)ႏွစ္ေအာက္ကေလးမ်ား ေသြးလြန္တုပ္ေကြးျဖစ္ပြားမႈမ်ားေန

တာခ်ီလိတ္တြင္ အသက္ (၁၂)ႏွစ္ေအာက္ကေလးမ်ား ေသြးလြန္တုပ္ေကြးျဖစ္ပြားမႈမ်ားေန
ဇူလိုင် 22, 2019
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ ခရိုင္ျပည္သူ႔ေဆးရံုႀကီး၌ ၂၀၁၉ ခုႏွစ္အတြင္း ေဆးရံုတက္၍ ကုသမႈခံယူရသည့္ ေသြးလြန္တုပ္ေကြးလူနာမ်ားတြင္ အသက္ (၁၂)ႏွစ္ေအာက္ကေလးငယ္ အမ်ားစုျဖစ္ေၾကာင္း သိရသည္။

ခရိုင္ျပည္သူ႔ေဆးရံုႀကီးသို႔ ၂၀၁၉ ခုႏွစ္၊ ဇန္နဝါရီလ (၁)ရက္ေန႔မွ ဇူလုိင္လ (၂၂)ရက္ေန႔ ေန႔လယ္ ၁၁)နာရီအထိ စာရင္းအရ ေသြးလြန္တုပ္ေကြးလူနာစုစုေပါင္း (၃၅၆) ဦး ေဆးရံုတက္ေရာက္ကုသမႈခံယူခဲ့ၿပီး အသက္(၁၂)ႏွစ္ေအာက္ ကေလးလူနာ (၁၉၀)ဦးႏွင့္ အသက္(၁၂)ႏွစ္အထက္လူနာ (၁၆၆)ဦးပါဝင္ေၾကာင္း သိရသည္။

“ျဖစ္ပြားမႈကေတာ့ တစ္ၿမိဳ႕လံုးပါပဲ။ ရြာေတြလည္း ျဖစ္တယ္။ အကုန္လံုးက ၿမိဳ႕ျပဆန္သြားၿပီ။ ျဖစ္ပြားတာက (၁၂)ႏွစ္ေအာက္က မ်ားတယ္။ မႏွစ္ကအေရအတြက္ထက္ ေလ်ာ့ေတာ့ေလ်ာ့လာတယ္။ သိပ္ေတာ့အမ်ားႀကီး မက်ဘူး။ ဒီႏွစ္က ကပ္ရက္ ထုိင္းႏုိင္ငံမွာလည္း outbreak ေၾကညာထားရတယ္ဆိုေတာ့ ပံုမွန္က ျဖစ္ပြားမႈမ်ားႏုိင္ေပမဲ့ ကၽြန္ေတာ္တုိ႔ဘက္မွာ နည္းနည္းေလ်ာ့လာတာက မႏွစ္ကျဖစ္ပြားခဲ့တာနဲ႔ လူထုက ကာကြယ္ေရးလုပ္ငန္းကို သိလာတာလည္းပါတယ္။ တစ္ခ်ိဳ႕ဆို အဘိတ္ေဆးခတ္ဖို႔ ေဆးလာေတာင္းတာေတြေတာင္ ရိွတယ္။ ကၽြန္ေတာ္တုိ႔ကလည္း ဒီႏွစ္မွာ အမိႈက္ေကာက္အစီအစဥ္နဲ႔ေပါင္းၿပီး ဖုံးသြန္လဲစစ္လုပ္ေပးေနပါတယ္”ဟု တာခ်ီလိတ္ခရိုင္ျပည္သူ႔ေဆးရံု ေဆးရံုအုပ္ႀကီး ေဒါက္တာေရႊဝင္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

တာခ်ီလိတ္ခရိုင္ျပည္သူ႔ေဆးရံုတြင္ ဇူလုိင္လ (၂၂)ရက္ေန႔၌  ကေလးလူနာေဆာင္၌ ေသြးလြန္တုပ္ေကြးလူနာ (၁၆)ဦးႏွင့္ ဖ်ားနာေဆာင္တြင္ ေသြးလြန္တုပ္ေကြးလူနာ (၉)ဦး ကုသမႈခံယူေနဆဲျဖစ္ေၾကာင္း သိရသည္။

“ဒါက ေဆးရံုတက္ကုသမႈခံယူတဲ့လူနာအေရအတြက္ပါ။ အျပင္ေဆးခန္းမွာျပတာ၊ ေဆးရံုတက္စရာမလိုဘဲ ေဆးေသာက္ရံုနဲ႔ ေပ်ာက္သြားတဲ့လူနာတို႔ ေနာက္နယ္စပ္ဆိုေတာ့ တစ္ဖက္ႏုိင္ငံ ေဆးသြားကုတဲ့အေရအတြက္ေတြလည္း ရိွပါအံုးမယ္”ဟု တာခ်ီလိတ္ခရိုင္ျပည္သူ႔ေဆးရံု ေဆးရံုအုပ္ႀကီး ေဒါက္တာေရႊဝင္းက ေျပာသည္။

တာခ်ီလိတ္ႏွင့္နယ္စပ္ ထုိင္းႏိုင္ငံတြင္ ယခုႏွစ္အတြင္း ေသြးလြန္တုပ္ေကြးေရာဂါျဖစ္ပြားမႈမွာ (၅)ႏွစ္တာအတြင္း အျမင့္မားဆံုးျဖစ္ေနေၾကာင္း သတင္းထုတ္ျပန္ထားျခင္းျဖစ္သည္။

ေသြးလြန္တုပ္ေကြးေရာဂါမွာ  ဗိုင္းရပ္စ္ပိုးကို သယ္ေဆာင္လာေသာ ျခင္ၾကားကိုက္ခံရလွ်င္ အရြယ္မေရြး ျဖစ္ပြားႏုိင္သျဖင့္  ျခင္ကိုက္မခံရေစရန္ သတိထားကာကြယ္သင့္ေၾကာင္း ဆရာဝန္မ်ားက တုိက္တြန္းသည္။

ေရာဂါပိုးသယ္ေဆာင္သည့္ ျခင္ၾကားသည္ ေရၾကည္၊ ေရေသထဲတြင္ ေပါက္ပြားၿပီး ေပါက္ပြားႏႈန္း အလြန္ျမန္သျဖင့္ အိမ္ႏွင့္အနီးဝန္းက်င္တြင္ ျခင္ေပါက္ပြားေစႏုိင္သည့္ေနရာမ်ား မရိွေစေရးအတြက္ ဖံုးသြန္လဲစစ္လုပ္ငန္းမ်ားကို ေဆာင္ရြက္ရန္လိုအပ္ေၾကာင္း သိရသည္။

Tachileik News Agency

~~~~~~~~⊰❂ Unicode Version ~~~~~~~~
တာချီလိတ်တွင် အသက် (၁၂)နှစ်အောက်ကလေးများ သွေးလွန်တုပ်ကွေးဖြစ်ပွားမှုများနေ
************
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ ခရိုင်ပြည်သူ့ဆေးရုံကြီး၌ ၂၀၁၉ ခုနှစ်အတွင်း ဆေးရုံတက်၍ ကုသမှုခံယူရသည့် သွေးလွန်တုပ်ကွေးလူနာများတွင် အသက် (၁၂)နှစ်အောက်ကလေးငယ် အများစုဖြစ်ကြောင်း သိရသည်။

ခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၁)ရက်နေ့မှ ဇူလိုင်လ (၂၂)ရက်နေ့ နေ့လယ် ၁၁)နာရီအထိ စာရင်းအရ သွေးလွန်တုပ်ကွေးလူနာစုစုပေါင်း (၃၅၆) ဦး ဆေးရုံတက်ရောက်ကုသမှုခံယူခဲ့ပြီး အသက်(၁၂)နှစ်အောက် ကလေးလူနာ (၁၉၀)ဦးနှင့် အသက်(၁၂)နှစ်အထက်လူနာ (၁၆၆)ဦးပါဝင်ကြောင်း သိရသည်။

“ဖြစ်ပွားမှုကတော့ တစ်မြို့လုံးပါပဲ။ ရွာတွေလည်း ဖြစ်တယ်။ အကုန်လုံးက မြို့ပြဆန်သွားပြီ။ ဖြစ်ပွားတာက (၁၂)နှစ်အောက်က များတယ်။ မနှစ်ကအရေအတွက်ထက် လျော့တော့လျော့လာတယ်။ သိပ်တော့အများကြီး မကျဘူး။ ဒီနှစ်က ကပ်ရက် ထိုင်းနိုင်ငံမှာလည်း outbreak ကြေညာထားရတယ်ဆိုတော့ ပုံမှန်က ဖြစ်ပွားမှုများနိုင်ပေမဲ့ ကျွန်တော်တို့ဘက်မှာ နည်းနည်းလျော့လာတာက မနှစ်ကဖြစ်ပွားခဲ့တာနဲ့ လူထုက ကာကွယ်ရေးလုပ်ငန်းကို သိလာတာလည်းပါတယ်။ တစ်ချို့ဆို အဘိတ်ဆေးခတ်ဖို့ ဆေးလာတောင်းတာတွေတောင် ရှိတယ်။ ကျွန်တော်တို့ကလည်း ဒီနှစ်မှာ အမှိုက်ကောက်အစီအစဉ်နဲ့ပေါင်းပြီး ဖုံးသွန်လဲစစ်လုပ်ပေးနေပါတယ်”ဟု တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံ ဆေးရုံအုပ်ကြီး ဒေါက်တာရွှေဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံတွင် ဇူလိုင်လ (၂၂)ရက်နေ့၌  ကလေးလူနာဆောင်၌ သွေးလွန်တုပ်ကွေးလူနာ (၁၆)ဦးနှင့် ဖျားနာဆောင်တွင် သွေးလွန်တုပ်ကွေးလူနာ (၉)ဦး ကုသမှုခံယူနေဆဲဖြစ်ကြောင်း သိရသည်။

“ဒါက ဆေးရုံတက်ကုသမှုခံယူတဲ့လူနာအရေအတွက်ပါ။ အပြင်ဆေးခန်းမှာပြတာ၊ ဆေးရုံတက်စရာမလိုဘဲ ဆေးသောက်ရုံနဲ့ ပျောက်သွားတဲ့လူနာတို့ နောက်နယ်စပ်ဆိုတော့ တစ်ဖက်နိုင်ငံ ဆေးသွားကုတဲ့အရေအတွက်တွေလည်း ရှိပါအုံးမယ်”ဟု တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံ ဆေးရုံအုပ်ကြီး ဒေါက်တာရွှေဝင်းက ပြောသည်။

တာချီလိတ်နှင့်နယ်စပ် ထိုင်းနိုင်ငံတွင် ယခုနှစ်အတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုမှာ (၅)နှစ်တာအတွင်း အမြင့်မားဆုံးဖြစ်နေကြောင်း သတင်းထုတ်ပြန်ထားခြင်းဖြစ်သည်။

သွေးလွန်တုပ်ကွေးရောဂါမှာ  ဗိုင်းရပ်စ်ပိုးကို သယ်ဆောင်လာသော ခြင်ကြားကိုက်ခံရလျှင် အရွယ်မရွေး ဖြစ်ပွားနိုင်သဖြင့်  ခြင်ကိုက်မခံရစေရန် သတိထားကာကွယ်သင့်ကြောင်း ဆရာဝန်များက တိုက်တွန်းသည်။

ရောဂါပိုးသယ်ဆောင်သည့် ခြင်ကြားသည် ရေကြည်၊ ရေသေထဲတွင် ပေါက်ပွားပြီး ပေါက်ပွားနှုန်း အလွန်မြန်သဖြင့် အိမ်နှင့်အနီးဝန်းကျင်တွင် ခြင်ပေါက်ပွားစေနိုင်သည့်နေရာများ မရှိစေရေးအတွက် ဖုံးသွန်လဲစစ်လုပ်ငန်းများကို ဆောင်ရွက်ရန်လိုအပ်ကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net