တာချီလိတ်က (၅၁)ဦးရဲ့ covid-19 ဓါတ်ခွဲနမူနာများကို ရန်ကုန်သို့ ပို့စစ်ထား

တာချီလိတ်က (၅၁)ဦးရဲ့ covid-19 ဓါတ်ခွဲနမူနာများကို ရန်ကုန်သို့ ပို့စစ်ထား
ဇူလိုင် 15, 2020
By Tachileik News Agency
တာချီလိတ်က (၅၁)ဦးရဲ့ covid-19 ဓါတ်ခွဲနမူနာများကို ရန်ကုန်သို့ ပို့စစ်ထား

မြန်မာ-ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့မှာ Facility Quarantine  ထားရှိသူများနဲ့ မယ်ဆိုင်ချောင်းက ခိုးကူးပြီး ရောက်ရှိလာသူများ အပါအဝင် စုစုပေါင်း (၅၁)ဦးကို covid-19 စစ်ဆေးရန်အတွက် ၂၀၂၀ခုနှစ် ဇူလိုင်လ(၁၅)ရက်နေ့ နံနက်ပိုင်းက ဓါတ်ခွဲနမူနာရယူပြီး ရန်ကုန်ကို ပို့ဆောင်ထားပြီဖြစ်ပါတယ်။

အဲ့ဒီ(၅၁)ဦးထဲမှာ ကြက်ခြေနီအပါအဝင် Volunteer (၆)ဦး၊ ကျန်းမာရေးဝန်ထမ်း (၁)ဦး၊ လာအိုဘက်က ပြန်လာလို့ ဆေးကုသမှုခံယူနေတဲ့ (၂)ဦး မိုးကုတ်တရားရိပ်သာရဲ့ Facility Quarantine သတ်မှတ်ထားသူများ အပါအဝင် မယ်ဆိုင်ချောင်းကနေ ခိုးကူးလာလို့ Hotel Quarantine ထားသူ (၂)ဦး အပါအဝင် စုစုပေါင်း (၅၁)ဦးရဲ့ ဓါတ်ခွဲနမူနာများကို ကျန်းမာရေးက ဒီမနက်မှာပဲ  ရယူခဲ့တာ ဖြစ်ပါတယ်။

သူတို့ရဲ့ ဓါတ်ခွဲအဖြေတွေကတော့ အဖြေရရှိဖို့ (၃/၄)ရက်လောက် ကြာနိုင်မှာ ဖြစ်ပြီး အဖြေထွက်လာလို့ အားလုံးမှာ ပိုးမတွေ့ရရင်တော့ နေရပ်ပြန်များကို နေအိမ်များကို ပြန်ခွင့်ပေးမှာ ဖြစ်ပြီး မယ်ဆိုင်ချောင်းကနေ ခိုးကူးလာသူများကိုတော့ ဆက်လက်ပြီး အရေးယူမှုတွေ လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

Tachileik News Agency
သတင်းတင်ဆက် - ကိုဇောင်း
သတင်း/ရိုက်ကူး - ချယ်ရီထိုက်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~