တာခ်ီလိတ္ၿမိဳ႕ ဆန္ဆိုင္း(ခ)ရပ္ကြက္အပိုင္းရွိ မယ္ဆိုင္ေခ်ာင္းအတြင္း စုေပါင္းသန္႔ရွင္းေရး ျပဳလုပ္

တာခ်ီလိတ္ၿမိဳ႕ ဆန္ဆိုင္း(ခ)ရပ္ကြက္အပိုင္းရွိ မယ္ဆိုင္ေခ်ာင္းအတြင္း စုေပါင္းသန္႔ရွင္းေရး ျပဳလုပ္
မေ 11, 2019
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္းတာခ်ီလိတ္ၿမိဳ႕တြင္ အပတ္စဥ္ျပဳလုပ္ေနက်ျဖစ္သည့္ စေနေန႔တိုင္း စုေပါင္းအမိႈက္ေကာက္မႈတြင္ ဆန္ဆိုင္း (ခ) ရပ္ကြက္အတြင္း အမိႈက္ေကာက္မႈအျပင္ မယ္ဆိုင္ေခ်ာင္းအတြင္း အမိႈက္ေကာက္မႈႏွင့္ ဘတ္ဟိုးယာဥ္ျဖင့္ ေရလမ္းေၾကာင္းျပန္လည္တူးေဖာ္မႈေဆာင္ရြက္ခဲ့ေၾကာင္း သိရသည္။

"ေခ်ာင္းထဲမွာပိတ္ဆို႔ေနတဲ့ အမိႈက္ေတြေပါ့။ စေနေန႔တိုင္းလုပ္ေနက် သန္႔ရွင္းေရးေပါ့။ အဖြဲ႕စံုေပါ့။ ေခ်ာင္းအတြင္းမွာေရလမ္းေၾကာင္း မရိွေတာ့ဘူး။ မယ္ဆိုင္ေခ်ာင္းက ဟိုဘက္၊ ဒီဘက္ ေျခလွ်င္သြားလို႔ရတဲ့အထိေရာက္ေနတယ္။ ထိုင္းဘက္ျခမ္းက (၂) ေနရာတူးလိုက္တဲ့အတြက္ ဟိုဘက္ကိုေတာက္ေလ်ာက္စီးဆင္းေနတယ္။ မူလလမ္းေၾကာင္းကို မသြားေတာ့ပဲနဲ႔ တိမ္ေကာလာတာေပါ့။ ဒါကိုလူအင္အားနဲ႔လုပ္ၾကည့္ပါတယ္။ မရတဲ့အတြက္ ကိုယ့္ဘက္ကိုယ္ပဲ စက္နဲ႔သံုးၿပီးေတာ့ ေဆာင္ရြက္တာေပါ့။ ေရလမ္းေဝကာင္းေလးရသြားရင္ ေရစီးေရလာေကာင္းသြားမယ္ေပါ့။ ျမန္မာနဲ႔ထိုင္း နယ္ျခားမွတ္တိုင္ BRP 465 နဲ႔ 473 အနီးမွာေဆာင္ရြက္ေနတယ္"ဟု တာခ်ီလိတ္ ဒုတိယၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးမင္းေအာင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ေျပာသည္။       

မယ္ဆိုင္ေခ်ာင္းအတြင္း ထိုင္းႏိုင္ငံဘက္ျခမ္းမွ ေျမထိန္းနံရံတည္ေဆာက္ေနေၾကာင္း သတင္းအရ ေမလ (၉) ရက္ေန႔တြင္ ဒုတိယၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးႏွင့္အဖြဲ႕၊ ေမလ (၁၀) ေန႔နံနက္ခင္းတြင္ ခရိုင္အုပ္ခ်ဳပ္ေရးမွဴ ဦးျမင့္ႏုိင္ႏွင့္ အဖြဲ႕၊ ေနလည္ပိုင္းတြင္ တာခ်ီလိတ္အေျခခ်စစ္ဗ်ဴဟာမွဴးႏွင့္အဖြဲ႔တို႔ သြားေရာက္စစ္ေဆးရာတြင္ ထိုင္းဘက္ျခမ္းရိွ အိမ္ပိုင္ရွင္မ်ားကေျမထိန္းနံရံတည္ေဆာက္ေနမႈႏွင့္ စိုက္ပ်ိဳးေရအတြက္ ေရေျမာင္း (၂) ခုသြယ္ယူထားသျဖင့္ မယ္ဆိုင္ေခ်ာင္းအတြင္း ေရစီးဆင္းမႈမရိွပဲ ေခ်ာင္းတိမ္ေကာေနသည္ကို စစ္ေဆးေတြ႔ရိွခဲ့ရေၾကာင္း သိရသည္။

စေနေန႔ျဖစ္သည့္ ေမလ (၁၁) ရက္ေန႔တြင္ လဲက်သစ္ပင္မ်ားကို တာခ်ီလိတ္ၿမိဳ႕နယ္မီးသတ္ဦးစီးဌာနမွ လာေရာက္ရွင္းလင္းျခင္းႏွင့္ မယ္ဆိုင္ေခ်ာင္းအတြင္း စုေပါင္းသန္႔ရွင္းေရးအျဖစ္ သက္ဆိုင္ရာဌာနမ်ားႏွင့္ ဆန္ဆိုင္းရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးရံုးအဖြဲ႔ႏွင့္ျပည္သူ႔စစ္အဖြဲ႔မ်ား၊ လူမႈေရးအသင္းအဖြဲ႔မ်ားပူးေပါင္း၍ ေဆာင္ရြက္ခဲ့ၾကရာ ေခ်ာင္းအတြင္း အသံုးျပဳလုပ္ရန္လိုအပ္သည့္ ဘက္ဟိုးယာဥ္အား ဆင္ငါးေကာင္အိမ္ခန္းငွားက ကူညီေပးေၾကာင္းႏွင့္ ေန႔လည္စာအတြက္ ဆန္ဆိုင္း(ခ)ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးမွ ဧည့္ခံေပးခဲ့ေၾကာင္း သိရသည္။

သတင္း - ဟန္စိုးထိုက္
ဓါတ္ပံု - ေက်ာ္ဇင္ဟိန္း ၊ ေနကိုေအာင္



~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်းတာချီလိတ်မြို့တွင် အပတ်စဉ်ပြုလုပ်နေကျဖြစ်သည့် စနေနေ့တိုင်း စုပေါင်းအမှိုက်ကောက်မှုတွင် ဆန်ဆိုင်း (ခ) ရပ်ကွက်အတွင်း အမှိုက်ကောက်မှုအပြင် မယ်ဆိုင်ချောင်းအတွင်း အမှိုက်ကောက်မှုနှင့် ဘတ်ဟိုးယာဉ်ဖြင့် ရေလမ်းကြောင်းပြန်လည်တူးဖော်မှုဆောင်ရွက်ခဲ့ကြောင်း သိရသည်။

"ချောင်းထဲမှာပိတ်ဆို့နေတဲ့ အမှိုက်တွေပေါ့။ စနေနေ့တိုင်းလုပ်နေကျ သန့်ရှင်းရေးပေါ့။ အဖွဲ့စုံပေါ့။ ချောင်းအတွင်းမှာရေလမ်းကြောင်း မရှိတော့ဘူး။ မယ်ဆိုင်ချောင်းက ဟိုဘက်၊ ဒီဘက် ခြေလျှင်သွားလို့ရတဲ့အထိရောက်နေတယ်။ ထိုင်းဘက်ခြမ်းက (၂) နေရာတူးလိုက်တဲ့အတွက် ဟိုဘက်ကိုတောက်လျောက်စီးဆင်းနေတယ်။ မူလလမ်းကြောင်းကို မသွားတော့ပဲနဲ့ တိမ်ကောလာတာပေါ့။ ဒါကိုလူအင်အားနဲ့လုပ်ကြည့်ပါတယ်။ မရတဲ့အတွက် ကိုယ့်ဘက်ကိုယ်ပဲ စက်နဲ့သုံးပြီးတော့ ဆောင်ရွက်တာပေါ့။ ရေလမ်းဝေကာင်းလေးရသွားရင် ရေစီးရေလာကောင်းသွားမယ်ပေါ့။ မြန်မာနဲ့ထိုင်း နယ်ခြားမှတ်တိုင် BRP 465 နဲ့ 473 အနီးမှာဆောင်ရွက်နေတယ်"ဟု တာချီလိတ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။

မယ်ဆိုင်ချောင်းအတွင်း ထိုင်းနိုင်ငံဘက်ခြမ်းမှ မြေထိန်းနံရံတည်ဆောက်နေကြောင်း သတင်းအရ မေလ (၉) ရက်နေ့တွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့၊ မေလ (၁၀) နေ့နံနက်ခင်းတွင် ခရိုင်အုပ်ချုပ်ရေးမှူ ဦးမြင့်နိုင်နှင့် အဖွဲ့၊ နေလည်ပိုင်းတွင် တာချီလိတ်အခြေချစစ်ဗျူဟာမှူးနှင့်အဖွဲ့တို့ သွားရောက်စစ်ဆေးရာတွင် ထိုင်းဘက်ခြမ်းရှိ အိမ်ပိုင်ရှင်များကမြေထိန်းနံရံတည်ဆောက်နေမှုနှင့် စိုက်ပျိုးရေအတွက် ရေမြောင်း (၂) ခုသွယ်ယူထားသဖြင့် မယ်ဆိုင်ချောင်းအတွင်း ရေစီးဆင်းမှုမရှိပဲ ချောင်းတိမ်ကောနေသည်ကို စစ်ဆေးတွေ့ရှိခဲ့ရကြောင်း သိရသည်။

စနေနေ့ဖြစ်သည့် မေလ (၁၁) ရက်နေ့တွင် လဲကျသစ်ပင်များကို တာချီလိတ်မြို့နယ်မီးသတ်ဦးစီးဌာနမှ လာရောက်ရှင်းလင်းခြင်းနှင့် မယ်ဆိုင်ချောင်းအတွင်း စုပေါင်းသန့်ရှင်းရေးအဖြစ် သက်ဆိုင်ရာဌာနများနှင့် ဆန်ဆိုင်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအဖွဲ့နှင့်ပြည်သူ့စစ်အဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြရာ ချောင်းအတွင်း အသုံးပြုလုပ်ရန်လိုအပ်သည့် ဘက်ဟိုးယာဉ်အား ဆင်ငါးကောင်အိမ်ခန်းငှါးက ကူညီပေးကြောင်းနှင့် နေ့လည်စာအတွက် ဆန်ဆိုင်း(ခ)ရပ်ကွက်အုပ်ချုပ်ရေးမှူးမှ ဧည့်ခံပေးခဲ့ကြောင်း သိရသည်။

သတင်း - ဟန်စိုးထိုက်
ဓာတ်ပုံ - ကျော်ဇင်ဟိန်း၊ နေကိုအောင်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net