တာခ်ီလိတ္ရွိ ျမန္မာ - ထိုင္း ခ်စ္ၾကည္ေရး အမွတ္(၂)တံတားမွ တဆင့္ ေက်ာင္းႀကိဳပို႔ကားမ်ားႏွင့္ လူနာတင္ယာဥ္မ်ားကို ျဖတ္သန္း သြားလာခြင့္ျပဳေတာ့မည္

တာခ်ီလိတ္ရွိ ျမန္မာ - ထိုင္း ခ်စ္ၾကည္ေရး အမွတ္(၂)တံတားမွ တဆင့္ ေက်ာင္းႀကိဳပို႔ကားမ်ားႏွင့္ လူနာတင္ယာဥ္မ်ားကို ျဖတ္သန္း သြားလာခြင့္ျပဳေတာ့မည္
ဇူလိုင် 25, 2019
By Tachileik News Agency

ျမန္မာ - ထိုင္းနယ္စပ္ေဒသ၊ တာခ်ီလိတ္ၿမိဳ႕ မယ္ေခါင္ရပ္ကြက္အတြင္းရိွ ျမန္မာ - ထုိင္းခ်စ္ၾကည္ေရးအမ်တ္(၂)တံတားတြင္ ကုန္တင္ယာဥ္မ်ားကိုသာ ျဖတ္သန္းခြင့္ျပဳေနရာမွ ေက်ာင္းႀကိဳပိုကားႏွင့္ လူနာတင္ယာဥ္မ်ားကိုပါ မၾကာမီ ျဖတ္သန္းခြင့္ျပဳေတာ့မည္၍ သြားေရာက္မည့္ ယာဥ္စာရင္းအား ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနသို႔ တင္ျပရမည္ျဖစ္ေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕၊ မယ္ေခါင္ရပ္ကြက္ရိွ ျမန္မာ-ထိုင္း ခ်စ္ၾကည္ေရး အမွတ္(၂)တံတားကို ကုန္စည္သယ္ယူပို႔ေဆာင္ေရးအတြက္သာ ခြင့္ျပဳထားရာမွ အမွတ္(၁)တံတားတြင္ ယာဥ္ေၾကာက်ပ္တည္းမႈကို ေလွ်ာ့ခ်ႏုိင္ရန္ ေမာ္ေတာ္ယာဥ္ငယ္အခ်ိဳ႕ကို တံတား(၂)မွ ျဖတ္သန္းခြင့္ျပဳရန္ ႏွစ္ႏုိင္ငံညိႇႏိႈင္းစီစဥ္ခဲ့ျခင္းျဖစ္သည္။

"အမွတ္ (၂) တံတားဖြင့္ဖို႔အတြက္ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ကို ခရိုင္စီခန္႔ကေန တင္ျပခဲ့ရာမွာ ၿပီးခဲ့တဲ့အပတ္ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ အစည္းအေဝးမွာ ႏွစ္ဖက္ညိႇႏိႈင္းၿပီးေတာ့ စီမံခ်က္ပါအတိုင္း ေဆာင္ရြက္ပါ။ ခြင့္ျပဳေၾကာင္းဆိုၿပီး အေၾကာင္းၾကားလာပါတယ္။ ခရိုင္စီခန္႔ရဲ႕ လမ္းညႊန္ခ်က္နဲ႔ မယ္ဆိုင္ဘက္က တာဝန္ရိွသူေတြနဲ႔ ေတြ႕ဆံုဖို႔ ခ်ိန္းဆိုထားပါတယ္။ ႏွစ္ဖက္ေဆြးေႏြးၿပီးေတာ့ အဆင္ေျပတဲ့ရက္ကို အျမန္ဆံုး ဖြင့္လွစ္ႏိုင္ဖို႔ စီစဥ္ထားပါတယ္။ ဒီတံတားေပၚမွာ ကနဦးအေနနဲ႔ ေက်ာင္းႀကိဳပို႔ကားေတြေပ့ါ။ ကၽြန္ေတာ္တို႔ဘက္မွာလည္း ရိွတယ္။ မယ္ဆိုင္ဘက္ကလည္း ရိွတယ္။ ေနာက္အေရးေပၚလူနာတင္ယာဥ္ေတြ ပထမဆံုးျဖတ္သန္းခြင့္ျပဳသြားမွာ ျဖစ္ပါတယ္။ ျဖတ္သန္းေနတဲ့ ေက်ာင္းကားစာရင္း၊ ကားအမ်ိဳးအစားစာရင္း၊ ေက်ာင္းသား၊ ေက်ာင္းသူစာရင္းေတြ၊ တံတားေပၚမွာ ျဖတ္သန္းသြားမယ့္ လူမႈေရးအသင္းအဖြဲ႕ေတြမွာရိွတဲ့ လူနာတင္ယာဥ္စာရင္းေတြ၊ ပုဂၢလိက ေဆးရံု၊ ေဆးခန္းေတြမွာရိွတဲ့ လူနာတင္ယာဥ္စာရင္းေတြကို ၿမိဳ႕နယ္ေထြအုပ္ကိုတင္ျပေပးဖို႔ ေျပာလိုပါတယ္"ဟု တာခ်ီလိတ္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးခ်မ္းေျမ့ေစာက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ခ်စ္ၾကည္ေရး အမွတ္(၂)တံတားမွ ျဖတ္သန္းမည့္ တာခ်ီလိတ္ၿမိဳ႕မွ ေဆးရံုေဆးခန္းမ်ားႏွင့္ လူမႈေရးအသင္းအဖြဲ႕မ်ား၏ လူနာတင္ယာဥ္မ်ားႏွင့္ ေက်ာင္းကားမ်ားအေနျဖင့္ ေမာ္ေတာ္ယာဥ္နံပါတ္၊ ေမာ္ေတာ္ယာဥ္အမ်ိဳးအစား၊ ေက်ာင္းကားမ်ားတြင္ လုိက္ပါမည့္ ေက်ာင္းသားအေရအတြက္စာရင္းမ်ားႏွင့္အတူ ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနထံ တင္ျပထားရမည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ေမာ္ေတာ္ယာဥ္မ်ားအေနျဖင့္ အမွတ္(၁)တံတားမွလည္း ပံုမွန္အတိုင္း ျဖတ္သန္းခြင့္ရမည္ျဖစ္ေၾကာင္း သိရသည္။

လ၀ကအေနျဖင့္ တံတား(၂)တြင္ ၀န္ထမ္းအင္အားတိုးေရး မတိုးေရးႏွင့္ပတ္သက္၍"ေက်ာင္းကားေတြ၊ လူနာတင္ယာဥ္ေတြ ျဖတ္သန္းဖို႔အတြက္ ကၽြန္ေတာ္တို႔ဌာနအေနနဲ႔ လက္ရိွခ်ထားတဲ့ အင္အားနဲ႔ လံုေလာက္ပါတယ္။ ထပ္တိုးဖို႔မရိွပါဘူး။ တာခ်ီလိတ္ခရိုင္ေထြအုပ္ကိုလည္း တင္ျပၿပီးပါၿပီ။ ထပ္တိုးဖို႔ မလိုပါဘူး"ဟု တာခ်ီလိတ္ခရိုင္ လူဝင္မႈႀကီးၾကပ္ေရးဦးစီးဌာနမွ တာ၀န္ရိွသူတစ္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ျမန္မာ - ထိုင္း ခ်စ္ၾကည္ေရးတံတားအမွတ္(၂)မွ ေက်ာင္းကားမ်ားႏွင့္ လူနာတင္ယာဥ္မ်ား ျဖတ္သန္းခြင့္ျပဳေရးအတြက္ ၂၀၁၉ ခုႏွစ္၊ ေဖေဖာ္၀ါရီလ (၅) ရက္ေန႔က ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္၏ တာခ်ီလိတ္ၿမိဳ႕ ေအာင္ျမတ္ခန္းမတြင္က်င္းပသည့္ လူထုေတြ႕ဆံုပြဲ၌ တာခ်ီလိတ္ၿမိဳ႕ခံတစ္ဦးက တင္ျပခဲ့ျခင္းျဖစ္သည္။

အဆုိပါ ကိစၥႏွင့္စပ္လ်ဥ္း၍  ထုိင္းႏိုင္ငံဘက္က ၂၀၁၈ခုႏွစ္ ၾသဂုတ္လ (၁၇)ရက္ေန႔က က်င္းပသည့္ (၉၅) ႀကိမ္ေျမာက္ ျမန္မာ-ထိုင္းႏွစ္ႏိုင္ငံ ၿမို႕နယ္အဆင့္နယ္ျခားေကာ္မတီ အစည္းအေဝး၊ ဒီဇင္ဘာလ (၁၉)ရက္ေန႔ အစည္းအေဝးႏွင့္ ၂၀၁၉ ခုႏွစ္ ဧၿပီလ (၃၀) ရက္ေန႔ အစည္းအေဝးမ်ားတြင္ (၃)ႀကိမ္တိတိ တင္ျပေဆြးေႏြးခဲ့ျခင္းျဖစ္သည္။

ျမန္မာ - ထိုင္း ခ်စ္ၾကည္ေရး အမွတ္(၁)တံတားကို အျပည္ျပည္ဆုိင္ရာဝင္ထြက္ေပါက္အျဖစ္ ေျခလ်င္ျဖတ္သန္းသူမ်ား၊ အိမ္သံုးကား၊ ဆုိင္ကယ္တုိ႔အျပင္ တစ္ႏုိင္တစ္ပိုင္ကုန္သြယ္မႈအတြက္ ပစၥည္းသယ္သည့္ သံုးဘီးဆုိင္ကယ္မ်ား၊ ေမာ္ေတာ္ယာဥ္မ်ား ျဖတ္သန္းသြားလာခြင့္ျပဳထားျခင္းျဖစ္သည္။

ႏွစ္ႏုိင္ငံခ်စ္ၾကည္ေရးတံတားမွ ေမာ္ေတာ္ယာဥ္မ်ား ျဖတ္သန္းရာတြင္ ႏွစ္ႏိုင္ငံယာဥ္ေမာင္းစနစ္ ကြာျခားမႈႏွင့္အတူ ထိုင္းဖက္တြင္ စနစ္တက် စစ္ေဆးမႈမ်ားေဆာင္ရြက္ေနသည့္အတြက္ အခ်ိန္ၾကာျမႇင့္ကာ တံတားအလယ္ နယ္နမိတ္တြင္ ေမာ္ေတာ္ယာဥ္မ်ားမွာ   ယာဥ္ေၾကာပိတ္ဆို႔မႈျဖစ္ပြားေနျခင္း ျဖစ္သည္။

 Tachileik News Agency
သတင္း - ဟန္စိုးထိုက္



~~~~~~~~⊰❂ Unicode Version ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက်အတွင်းရှိ မြန်မာ - ထိုင်းချစ်ကြည်ရေးအမျတ်(၂)တံတားတွင် ကုန်တင်ယာဉ်များကိုသာ ဖြတ်သန်းခွင့်ပြုနေရာမှ ကျောင်းကြိုပိုကားနှင့် လူနာတင်ယာဉ်များကိုပါ မကြာမီ ဖြတ်သန်းခွင့်ပြုတော့မည်၍ သွားရောက်မည့် ယာဉ်စာရင်းအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ တင်ပြရမည်ဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့၊ မယ်ခေါင်ရပ်ကွက်ရှိ မြန်မာ-ထိုင်း ချစ်ကြည်ရေး အမှတ်(၂)တံတားကို ကုန်စည်သယ်ယူပို့ဆောင်ရေးအတွက်သာ ခွင့်ပြုထားရာမှ အမှတ်(၁)တံတားတွင် ယာဉ်ကြောကျပ်တည်းမှုကို လျှော့ချနိုင်ရန် မော်တော်ယာဉ်ငယ်အချို့ကို တံတား(၂)မှ ဖြတ်သန်းခွင့်ပြုရန် နှစ်နိုင်ငံညှိနှိုင်းစီစဉ်ခဲ့ခြင်းဖြစ်သည်။

"အမှတ် (၂) တံတားဖွင့်ဖို့အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ကို ခရိုင်စီခန့်ကနေ တင်ပြခဲ့ရာမှာ ပြီးခဲ့တဲ့အပတ် ရှမ်းပြည်နယ်အစိုးရအဖွဲ့ အစည်းအဝေးမှာ နှစ်ဖက်ညှိနှိုင်းပြီးတော့ စီမံချက်ပါအတိုင်း ဆောင်ရွက်ပါ။ ခွင့်ပြုကြောင်းဆိုပြီး အကြောင်းကြားလာပါတယ်။ ခရိုင်စီခန့်ရဲ့ လမ်းညွှန်ချက်နဲ့ မယ်ဆိုင်ဘက်က တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဖို့ ချိန်းဆိုထားပါတယ်။ နှစ်ဖက်ဆွေးနွေးပြီးတော့ အဆင်ပြေတဲ့ရက်ကို အမြန်ဆုံး ဖွင့်လှစ်နိုင်ဖို့ စီစဉ်ထားပါတယ်။ ဒီတံတားပေါ်မှာ ကနဦးအနေနဲ့ ကျောင်းကြိုပို့ကားတွေပေါ့။ ကျွန်တော်တို့ဘက်မှာလည်း ရှိတယ်။ မယ်ဆိုင်ဘက်ကလည်း ရှိတယ်။ နောက်အရေးပေါ်လူနာတင်ယာဉ်တွေ ပထမဆုံးဖြတ်သန်းခွင့်ပြုသွားမှာ ဖြစ်ပါတယ်။ ဖြတ်သန်းနေတဲ့ ကျောင်းကားစာရင်း၊ ကားအမျိုးအစားစာရင်း၊ ကျောင်းသား၊ ကျောင်းသူစာရင်းတွေ၊ တံတားပေါ်မှာ ဖြတ်သန်းသွားမယ့် လူမှုရေးအသင်းအဖွဲ့တွေမှာရှိတဲ့ လူနာတင်ယာဉ်စာရင်းတွေ၊ ပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်းတွေမှာရှိတဲ့ လူနာတင်ယာဉ်စာရင်းတွေကို မြို့နယ်ထွေအုပ်ကိုတင်ပြပေးဖို့ ပြောလိုပါတယ်"ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ချစ်ကြည်ရေး အမှတ်(၂)တံတားမှ ဖြတ်သန်းမည့် တာချီလိတ်မြို့မှ ဆေးရုံဆေးခန်းများနှင့် လူမှုရေးအသင်းအဖွဲ့များ၏ လူနာတင်ယာဉ်များနှင့် ကျောင်းကားများအနဖြေင့် မော်တော်ယာဉ်နံပါတ်၊ မော်တော်ယာဉ်အမျိုးအစား၊ ကျောင်းကားများတွင် လိုက်ပါမည့် ကျောင်းသားအရေအတွက်စာရင်းများနှင့်အတူ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနထံ တင်ပြထားရမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ မော်တော်ယာဉ်များအနဖြေင့် အမှတ်(၁)တံတားမှလည်း ပုံမှန်အတိုင်း ဖြတ်သန်းခွင့်ရမည်ဖြစ်ကြောင်း သိရသည်။

လဝကအနဖြေင့် တံတား(၂)တွင် ဝန်ထမ်းအင်အားတိုးရေး မတိုးရေးနှင့်ပတ်သက်၍"ကျောင်းကားတွေ၊ လူနာတင်ယာဉ်တွေ ဖြတ်သန်းဖို့အတွက် ကျွန်တော်တို့ဌာနအနေနဲ့ လက်ရှိချထားတဲ့ အင်အားနဲ့ လုံလောက်ပါတယ်။ ထပ်တိုးဖို့မရှိပါဘူး။ တာချီလိတ်ခရိုင်ထွေအုပ်ကိုလည်း တင်ပြပြီးပါပြီ။ ထပ်တိုးဖို့ မလိုပါဘူး"ဟု တာချီလိတ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မြန်မာ - ထိုင်း ချစ်ကြည်ရေးတံတားအမှတ်(၂)မှ ကျောင်းကားများနှင့် လူနာတင်ယာဉ်များ ဖြတ်သန်းခွင့်ပြုရေးအတွက် ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၅) ရက်နေ့က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ တာချီလိတ်မြို့ အောင်မြတ်ခန်းမတွင်ကျင်းပသည့် လူထုတွေ့ဆုံပွဲ၌ တာချီလိတ်မြို့ခံတစ်ဦးက တင်ပြခဲ့ခြင်းဖြစ်သည်။

အဆိုပါ ကိစ္စနှင့်စပ်လျဉ်း၍ ထိုင်းနိုင်ငံဘက်က ၂၀၁၈ခုနှစ် သြဂုတ်လ (၁၇)ရက်နေ့က ကျင်းပသည့် (၉၅) ကြိမ်မြောက် မြန်မာ-ထိုင်းနှစ်နိုင်ငံ မြို့နယ်အဆင့်နယ်ခြားကော်မတီ အစည်းအဝေး၊ ဒီဇင်ဘာလ (၁၉)ရက်နေ့ အစည်းအဝေးနှင့် ၂၀၁၉ ခုနှစ် ဧပြီလ (၃၀) ရက်နေ့ အစည်းအဝေးများတွင် (၃)ကြိမ်တိတိ တင်ပြဆွေးနွေးခဲ့ခြင်းဖြစ်သည်။

မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၁)တံတားကို အပြည်ပြည်ဆိုင်ရာဝင်ထွက်ပေါက်အဖြစ် ခြေလျင်ဖြတ်သန်းသူများ၊ အိမ်သုံးကား၊ ဆိုင်ကယ်တို့အပြင် တစ်နိုင်တစ်ပိုင်ကုန်သွယ်မှုအတွက် ပစ္စည်းသယ်သည့် သုံးဘီးဆိုင်ကယ်များ၊ မော်တော်ယာဉ်များ ဖြတ်သန်းသွားလာခွင့်ပြုထားခြင်းဖြစ်သည်။

နှစ်နိုင်ငံချစ်ကြည်ရေးတံတားမှ မော်တော်ယာဉ်များ ဖြတ်သန်းရာတွင် နှစ်နိုင်ငံယာဉ်မောင်းစနစ် ကွာခြားမှုနှင့်အတူ ထိုင်းဖက်တွင် စနစ်တကျ စစ်ဆေးမှုများဆောင်ရွက်နေသည့်အတွက် အချိန်ကြာမြှင့်ကာ တံတားအလယ် နယ်နမိတ်တွင် မော်တော်ယာဉ်များမှာ ယာဉ်ကြောပိတ်ဆို့မှုဖြစ်ပွားနခြေင်း ဖြစ်သည်။

 Tachileik News Agency
သတင်း - ဟန်စိုးထိုက်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net