တာချီလိတ်မြို့ရှိ DAT Club & KTV တွင် Covid-19 ကူးစက်ခံရသူ (၁၄)ဦးတွေ့ရှိ

တာချီလိတ်မြို့ရှိ DAT Club & KTV တွင် Covid-19 ကူးစက်ခံရသူ (၁၄)ဦးတွေ့ရှိ
ဇူလိုင် 2, 2021 | Covid-19| ရှမ်းရှေ့

တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက်၊ ဟိုတယ်တာချီလိတ်အတွင်း  ဖွင့်လှစ်ထားသည့်  DAT Club & KTV မှ Covid-19 အတည်ပြုလူနာ ဝန်ထမ်းတစ်ဦးနှင့် ပတ်သက်၍ ဝန်ထမ်း (၁၃၀)နီးပါးကို ယနေ့ ဇူလိုင်လ(၂)ရက်နေ့ နံနက်ပိုင်းက စစ်ဆေးရာ Covid-19 ပိုးတွေ့သူ (၁၄)ဦး တွေ့ရှိကြောင်း သိရသည်။

ပိုးတွေ့ (၁၄)ဦးမှာ အမျိုးသမီး (၈)ဦး နှင့် အမျိုးသား(၆)ဦး တို့ ပါဝင်ကြောင်း သိရသည်။

ဇူလိုင်လ(၁)ရက်နေ့က စစ်ဆေးတွေ့ရှိရသည့် အတည်ပြုလူနာ (၁၃)ဦးတွင် ပါဝင်သည့် အသက်(၂၄)နှစ်အရွယ်ရှိ အမျိုးသားသည်   DAT Club & KTV တွင် အလုပ် လုပ်ကိုင်သူဖြစ်၍ ၎င်းနှင့် ထိတွေ့မှုရှိသည့် မိသားစုဝင် (၂)ဦးအား ဇူလိုင်လ(၁)ရက်နေ့က စစ်ဆေးရာ ပိုးမတွေ့ရသော်လည်း ယနေ့ DAT Club & KTV  ၏ ဝန်ထမ်း (၁၃၀)နီးပါးကို စစ်ဆေးရာမှ (၁၄)ဦးတွင် Covdi-19 ပိုးတွေ့ခြင်း ဖြစ်ကြောင်း သိရသည်။

 DAT Club & KTV  မှ ဇူလိုင်လ(၁)ရက်နေ့က တွေ့ရသည့် (၁)ဦး အပါအဝင် ဇူလိုင်လ(၂)ရက်နေ့ နေ့လည်(၁၂)နာရီအချိန်အထိ (၁၅)ဦးရှိနေကြောင်း သိရသည်။

တာချီလိတ်မြို့တွင် Covid-19 တတိယလှိုင်းအတွင်း ၂၀၂၁ခုနှစ် ဇွန်လ(၂၈)ရက်နေ့ ဇူလိုင်(၂)ရက်နေ့အထိ (၃၀)ဦးအထိ ရှိနေကြောင်း သိရသည်။