တာချီလိတ်မြို့နယ်အတွင်း အခြေခံပညာကျောင်းများတွင် သွေးလွန်တုပ်ကွေးနှင့် COVID-19 ကာကွယ်ရေးအတွက် လူမှုရေးအဖွဲ့များ အကူအညီဖြင့် ဆေးဖြန်းခြင်းဆောင်ရွက်

တာချီလိတ်မြို့နယ်အတွင်း အခြေခံပညာကျောင်းများတွင် သွေးလွန်တုပ်ကွေးနှင့် COVID-19 ကာကွယ်ရေးအတွက် လူမှုရေးအဖွဲ့များ အကူအညီဖြင့် ဆေးဖြန်းခြင်းဆောင်ရွက်
ဇူလိုင် 16, 2020
By 🌸

တာချီလိတ်မြို့နယ်အတွင်း အခြေခံပညာကျောင်းများတွင် သွေးလွန်တုပ်ကွေးနှင့် COVID-19 ကာကွယ်ရေးအတွက် လူမှုရေးအဖွဲ့များ အကူအညီဖြင့် ဆေးဖြန်းခြင်းဆောင်ရွက်

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ အခြေခံပညာအထက်တန်းကျောင်းများတွင် သွေးလွန်တုပ်ကွေးနှင့် COVID-19 ရောဂါကာကွယ်ရေးအတွက် ဆေးဖြန်းခြင်းလုပ်ငန်းများကို တာချီလိတ်မြို့နယ် Coronavirus Disease 2019 (COVID-19) ကူးစက်ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီက လူမှုရေးအဖွဲ့များ အကူအညီဖြင့် ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ (၁၆) ရက်နေ့ နံနက်ပိုင်းမှစ၍ လုပ်ဆောင်နေကြသည်။

ခြင်ဆေးဖြန်းခြင်းနှင့် ကလိုရင်းဖြန်းခြင်းလုပ်ငန်းများကို သက်ဆိုင်ရာဌာနများ၏ ပံ့ပိုးဦးဆောင်မှုဖြင့် မဇ္ဇျိမလူမှုကူညီရေးအသင်း၊ ကြက်ခြေနီနှင့် မီးသတ်တပ်ဖွဲ့တို့က ကူညီဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။

"မြို့ပေါ်ကျောင်း (၄) ကျောင်းမှာ မနက်ပိုင်းက ခြင်ဆေးဖြန်းတယ်။ နေ့လယ် (၂) နာရီမှာ COVID-19 အတွက် ဆေးဖြန်းမယ်။ ဝမ်ပုံကတော့ နောက်ရက်မှ သွားနိုင်မယ်"ဟု မဇ္ဇိမလူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင့်ဆွေက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အခြေခံပညာအထက်တန်းများကို ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ (၂၁) ရက်နေ့၌ စတင်ဖွင့်လှစ်တော့မည်ဖြစ်ရာ အထက(တာချီလိတ်)၊ အထကခွဲ(ပုန်းထွန်)၊ အထက(ဆန်ဆိုင်း)၊ အထက(ဟောင်လိတ်)၊ အထကခွဲ(ဝမ်ပုံ)၊ အထကခွဲ(မယ်ဟုတ်)၊ အထက(မိုင်းကိုး)၊ အထကခွဲ(နားအွန်)၊ အထက(တာလေ)နှင့် အထက(ကျိုင်းလပ်)တို့တွင် ပိုးသတ်ဆေးခြင်းဆောင်ရွက်နေခြင်းဖြစ်သည်။

Tachileik News Agency
ဓာတ်ပုံ - ကျော်ဇင်ဟိန်း


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~