ရွမ္းျပည္နယ္အေရွ႕ပိုင္းေဒသ၌ အသက္(၁၈)ႏွစ္ေအာက္ မႈခင္းရင္ဆုိင္ရသူမ်ားတြင္ မူးယစ္ေဆးမႈ အမ်ားဆံုးပါဝင္

ရွမ္းျပည္နယ္အေရွ႕ပိုင္းေဒသ၌ အသက္(၁၈)ႏွစ္ေအာက္ မႈခင္းရင္ဆုိင္ရသူမ်ားတြင္ မူးယစ္ေဆးမႈ အမ်ားဆံုးပါဝင္
သြဂုတ် 30, 2019
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)တြင္ အသက္(၁၈)ႏွစ္ေအာက္အရြယ္မ်ား မႈခင္းရင္ဆုိင္ရမႈတြင္ မူးယစ္ေဆးမႈ ပိုမိုမ်ားျပားေၾကာင္း ကေလးသူငယ္အခြင့္အေရးကာကြယ္ေစာင့္ေရွာက္ေရးလုပ္ငန္းမ်ား လုပ္ေဆာင္ေပးေနသည့္ ရွမ္းျပည္နယ္အေရွ႕ပိုင္း လူမႈဝန္ထမ္းဦးစီးဌာန၏ တာဝန္ရိွသူထံမွ သိရသည္။

၂၀၁၉ ခုနွစ္တြင္ ျပ႒ာန္းလုိက္သည့္ ကေလးသူငယ္အခြင့္အေရးမ်ားဆိုင္ရာဥပေဒအရ အသက္(၁၈)ႏွစ္ ေအာက္ကို ကေလးသူငယ္ဟု သတ္မွတ္ထားသည့္အတြက္ အသက္ (၁၈)ႏွစ္ေအာက္ တရားရင္ဆုိင္ေနရသူမ်ားကို လူမႈဝန္ထမ္းဦးစီးဌာနက ကေလးသူငယ္အခြင့္အေရးဆုိင္ရာမ်ားကို လိုက္လံေဆာင္ရြက္ေပးေနျခင္းျဖစ္ေၾကာင္း သိရသည္။

"ရွမ္းျပည္နယ္ အေရွ႕ပိုင္းမွာေတာ့ မူးယစ္အမႈေတြ မ်ားပါတယ္။ က်ိဳင္းတံုမွာေရာ၊ တာခ်ီလိတ္မွာေရာ အျခားၿမိဳ႕နယ္ေတြမွာလည္း ရိွပါတယ္။ ကေလးသူငယ္ေတြ ဥပေဒနဲ႔ၿငိစြန္းတဲ့ဟာေတြကို လူမႈဝန္ထမ္းက ျဖစ္ရပ္စီမံခန္႔ခြဲသူအရာရိွက ကြင္းဆင္းၿပီးေတာ့ ေနအိမ္ပတ္ဝန္းက်င္၊ ေက်ာင္းေနရင္ ေက်ာင္းေပါ့။ ရပ္ရြာအကုန္လံုး ကြင္းဆင္းေဆာင္ရြက္ၿပီးေတာ့ ကေလးသူငယ္အတြက္ အေကာင္းဆံုး အက်ိဳးစီးပြား ျဖစ္ထြန္းေစမႈေပါ့။ ကြင္းဆင္းစံုစမ္းခ်က္ေတြကို တရားရံုးကို ျပန္တင္ေပးတာေပါ့။ ဥပေဒနဲ႔ ၿငိစြန္းတဲ့အခါမွာ တစ္ခ်ို႕ဆိုရင္ ကေလးသူငယ္ရဲ႕ အက်င့္စာရိတၱကို ျပဳျပင္သင့္တယ္လို႔ တရားရံုးကယူဆတဲ့အခါမွာ လူမႈဝန္ထမ္းဌာန သင္တန္းေက်ာင္းေတြမွာ ျပဳစုေစာင့္ေရွာက္ၿပီးေတာ့ သတ္မွတ္တဲ့ႏွစ္၊ တရားသူႀကီးခ်မွတ္တဲ့ ရံုးမိန္႔ၿပီးသြားတဲ့အခါမွာ မိဘအုပ္ထိန္းသူထံ ျပန္လည္အပ္ႏွံေပးပါတယ္။ မိဘအုပ္ထိန္းသူေတြ မရိွေတာ့တဲ့ သူေတြဆိုရင္ လူမႈဝန္ထမ္းက ျပဳစုေစာင့္ေရွာက္ေပးပါတယ္"ဟု ရွမ္းျပည္နယ္အေရွ႕ပိုင္း လူမႈဝန္ထမ္းရံုး (က်ိဳင္းတံု)မွ ဒုတိယညႊန္ၾကားေရးမွဴး ေဒၚခင္ခင္ျမင့္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

၂၀၁၈ ခုႏွစ္ မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစေသာေဆးဝါးမ်ား ဥပေဒအရ အသက္(၁၆)ႏွစ္ေအာက္ ကိုသာ ကေလးသူငယ္အျဖစ္ သတ္မွတ္ထားၿပီး မူးယစ္ေဆးဝါးႏွင့္ပတ္သက္သည့္အမႈမ်ားတြင္ အသက္အရြယ္မေရြး ျပစ္ဒဏ္က်ခံရႏုိင္ျခင္းျဖစ္ေၾကာင္း သိရသည္။

"ကေလးသူငယ္တစ္ေယာက္က ဘိန္းျဖဴ၊ ေမာ္ဖင္း၊ စိတ္ၾကြရူးသြပ္ေဆးျပား၊ မက္သာအဖက္တမင္းေတြ (၃) ဂရမ္ထက္ပိုၿပီး လက္ဝယ္ေတြ႕ရိွမယ္ဆိုရင္ ဒီကေလးသူငယ္က မူးယစ္ေဆး၀ါးနဲ႔ စိတ္ကိုေျပာင္းလဲေစေသာ ေဆး၀ါးမ်ားဆိုင္ရာ ဥပေဒပုဒ္မ ၁၉(က) နဲ႔ၿငိစြန္းေစမွာျဖစ္ပါတယ္။ ၁၉(က) ရဲ႕ျပစ္ဒဏ္ကေတာ့ မူးယစ္ေဆး၀ါး (သို႔မဟုတ္) စိတ္ကိုေျပာင္းလဲေစေသာေဆး၀ါးကို ေရာင္းခ်ရန္အတြက္ လက္ဝယ္ထားမယ္၊ သယ္ယူပို႔ေဆာင္မယ္၊ တဆင့္ေပးပို႔မယ္၊ လႊဲေျပာင္းမယ္ဆိုရင္ အနည္းဆံုးေထာင္ဒဏ္ (၁၀) ႏွစ္ကေန အမ်ားဆံုး ႏွစ္အကန္႔အသတ္မရိွ ေထာင္ဒဏ္အထိ ခ်မွတ္ရမယ္ဆိုၿပီးေတာ့ ေဖာ္ျပျပဌာန္းထားတာရိွပါတယ္။ သို႔ေသာ္လည္းပဲ ကေလးသူငယ္နဲ႔ စပ္လ်ဥ္းၿပီးေတာ့ ကေလးသူငယ္အခြင့္အေရးမ်ားဆိုင္ရာဥပေဒမွာ အကာအကြယ္ေပးထားတာလည္း ရိွပါတယ္။ ဒါကတစ္ပိုင္းပါ။ ကေလးသူငယ္ကို အသံုးခ်ၿပီးေတာ့ မူးယစ္ေဆး၀ါးေတြ ေရာင္းခ်ရန္အတြက္ လက္ဝယ္ထားႏိုင္ေအာင္ ပူးေပါင္းႀကံစည္မယ္၊ စည္းရံုးမယ္၊ စီမံခန္႔ခြဲမယ္၊ ေငြေၾကးေတြေထာက္ပ့ံေပးမယ္ ဒီလိုျပစ္မႈေတြ က်ဴးလြန္ေအာင္လို႔ အားေပးကူညီမႈ ျပဳလုပ္မယ္ဆိုရင္ ျပဳလုပ္တဲ့သူဟာ ကေလးသူငယ္မွာၿငိစြန္းေနတဲ့ ဥပေဒပုဒ္မ ၁၉(က)ရဲ႕ အျမင့္ဆံုးျပစ္ဒဏ္ျဖစ္တဲ့ ႏွစ္အကန္႔အသတ္မရိွေထာင္ဒဏ္ကို က်ခံရမွာပဲ ျဖစ္ပါတယ္"ဟု တာခ်ီလိတ္ခရိုင္ ကေလးသူငယ္အခြင့္အေရးဆိုင္ရာ ေကာ္မတီ အဖြဲ႕၀င္ ခရိုင္ဥပေဒအရာရွိ ဦးသိန္းထြန္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

မူးယစ္ဥပေဒအရ ကေလးသူငယ္မ်ားႏွင့္ သက္ႀကီးရြယ္အိုမ်ားကို ျပစ္ဒဏ္ခ်မွတ္ခံရျခင္းမရိွဟု လိမ္လည္ဖ်ားေယာင္းကာ မူးယစ္ေဆးသယ္ေဆာင္ခုိင္းျခင္းမ်ားကို လုပ္ေဆာင္ေလ့ရိွသည္ကိုလည္း ေတြ႔ရတတ္သည္ဟုလည္း ရဲတပ္ဖြဲ႕ဝင္တစ္ဦးက သတိေပးထားသည္။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~


ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် အသက်(၁၈)နှစ်အောက်အရွယ်များ မှုခင်းရင်ဆိုင်ရမှုတွင် မူးယစ်ဆေးမှု ပိုမိုများပြားကြောင်း ကလေးသူငယ်အခွင့်အရေးကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ လုပ်ဆောင်ပေးနေသည့် ရှမ်းပြည်နယ်အရှေ့ပိုင်း လူမှုဝန်ထမ်းဦးစီးဌာန၏ တာဝန်ရှိသူထံမှ သိရသည်။

၂၀၁၉ ခုနှစ်တွင် ပြဋ္ဌာန်းလိုက်သည့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေအရ အသက်(၁၈)နှစ် အောက်ကို ကလေးသူငယ်ဟု သတ်မှတ်ထားသည့်အတွက် အသက် (၁၈)နှစ်အောက် တရားရင်ဆိုင်နေရသူများကို လူမှုဝန်ထမ်းဦးစီးဌာနက ကလေးသူငယ်အခွင့်အရေးဆိုင်ရာများကို လိုက်လံဆောင်ရွက်ပေးနခြေင်းဖြစ်ကြောင်း သိရသည်။

"ရှမ်းပြည်နယ် အရှေ့ပိုင်းမှာတော့ မူးယစ်အမှုတွေ များပါတယ်။ ကျိုင်းတုံမှာရော၊ တာချီလိတ်မှာရော အခြားမြို့နယ်တွေမှာလည်း ရှိပါတယ်။ ကလေးသူငယ်တွေ ဥပဒေနဲ့ငြိစွန်းတဲ့ဟာတွေကို လူမှုဝန်ထမ်းက ဖြစ်ရပ်စီမံခန့်ခွဲသူအရာရှိက ကွင်းဆင်းပြီးတော့ နေအိမ်ပတ်ဝန်းကျင်၊ ကျောင်းနေရင် ကျောင်းပေါ့။ ရပ်ရွာအကုန်လုံး ကွင်းဆင်းဆောင်ရွက်ပြီးတော့ ကလေးသူငယ်အတွက် အကောင်းဆုံး အကျိုးစီးပွား ဖြစ်ထွန်းစေမှုပေါ့။ ကွင်းဆင်းစုံစမ်းချက်တွေကို တရားရုံးကို ပြန်တင်ပေးတာပေါ့။ ဥပဒေနဲ့ ငြိစွန်းတဲ့အခါမှာ တစ်ချို့ဆိုရင် ကလေးသူငယ်ရဲ့ အကျင့်စာရိတ္တကို ပြုပြင်သင့်တယ်လို့ တရားရုံးကယူဆတဲ့အခါမှာ လူမှုဝန်ထမ်းဌာန သင်တန်းကျောင်းတွေမှာ ပြုစုစောင့်ရှောက်ပြီးတော့ သတ်မှတ်တဲ့နှစ်၊ တရားသူကြီးချမှတ်တဲ့ ရုံးမိန့်ပြီးသွားတဲ့အခါမှာ မိဘအုပ်ထိန်းသူထံ ပြန်လည်အပ်နှံပေးပါတယ်။ မိဘအုပ်ထိန်းသူတွေ မရှိတော့တဲ့ သူတွေဆိုရင် လူမှုဝန်ထမ်းက ပြုစုစောင့်ရှောက်ပေးပါတယ်"ဟု ရှမ်းပြည်နယ်အရှေ့ပိုင်း လူမှုဝန်ထမ်းရုံး (ကျိုင်းတုံ)မှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်ခင်မြင့်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

၂၀၁၈ ခုနှစ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဥပဒေအရ အသက်(၁၆)နှစ်အောက် ကိုသာ ကလေးသူငယ်အဖြစ် သတ်မှတ်ထားပြီး မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့်အမှုများတွင် အသက်အရွယ်မရွေး ပြစ်ဒဏ်ကျခံရနိုင်ခြင်းဖြစ်ကြောင်း သိရသည်။

"ကလေးသူငယ်တစ်ယောက်က ဘိန်းဖြူ၊ မော်ဖင်း၊ စိတ်ကြွရူးသွပ်ဆေးပြား၊ မက်သာအဖက်တမင်းတွေ (၃) ဂရမ်ထက်ပိုပြီး လက်ဝယ်တွေ့ရှိမယ်ဆိုရင် ဒီကလေးသူငယ်က မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၉(က) နဲ့ငြိစွန်းစေမှာဖြစ်ပါတယ်။ ၁၉(က) ရဲ့ပြစ်ဒဏ်ကတော့ မူးယစ်ဆေးဝါး (သို့မဟုတ်) စိတ်ကိုပြောင်းလဲစေသောဆေးဝါးကို ရောင်းချရန်အတွက် လက်ဝယ်ထားမယ်၊ သယ်ယူပို့ဆောင်မယ်၊ တဆင့်ပေးပို့မယ်၊ လွှဲပြောင်းမယ်ဆိုရင် အနည်းဆုံးထောင်ဒဏ် (၁၀) နှစ်ကနေ အများဆုံး နှစ်အကန့်အသတ်မရှိ ထောင်ဒဏ်အထိ ချမှတ်ရမယ်ဆိုပြီးတော့ ဖော်ပြပြဌာန်းထားတာရှိပါတယ်။ သို့သော်လည်းပဲ ကလေးသူငယ်နဲ့ စပ်လျဉ်းပြီးတော့ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေမှာ အကာအကွယ်ပေးထားတာလည်း ရှိပါတယ်။ ဒါကတစ်ပိုင်းပါ။ ကလေးသူငယ်ကို အသုံးချပြီးတော့ မူးယစ်ဆေးဝါးတွေ ရောင်းချရန်အတွက် လက်ဝယ်ထားနိုင်အောင် ပူးပေါင်းကြံစည်မယ်၊ စည်းရုံးမယ်၊ စီမံခန့်ခွဲမယ်၊ ငွေကြေးတွေထောက်ပံ့ပေးမယ် ဒီလိုပြစ်မှုတွေ ကျူးလွန်အောင်လို့ အားပေးကူညီမှု ပြုလုပ်မယ်ဆိုရင် ပြုလုပ်တဲ့သူဟာ ကလေးသူငယ်မှာငြိစွန်းနေတဲ့ ဥပဒေပုဒ်မ ၁၉(က)ရဲ့ အမြင့်ဆုံးပြစ်ဒဏ်ဖြစ်တဲ့ နှစ်အကန့်အသတ်မရှိထောင်ဒဏ်ကို ကျခံရမှာပဲ ဖြစ်ပါတယ်"ဟု တာချီလိတ်ခရိုင် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီ အဖွဲ့ဝင် ခရိုင်ဥပဒေအရာရှိ ဦးသိန်းထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မူးယစ်ဥပဒေအရ ကလေးသူငယ်များနှင့် သက်ကြီးရွယ်အိုများကို ပြစ်ဒဏ်ချမှတ်ခံရခြင်းမရှိဟု လိမ်လည်ဖျားယောင်းကာ မူးယစ်ဆေးသယ်ဆောင်ခိုင်းခြင်းများကို လုပ်ဆောင်လေ့ရှိသည်ကိုလည်း တွေ့ရတတ်သည်ဟုလည်း ရဲတပ်ဖွဲ့ဝင်တစ်ဦးက သတိပေးထားသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net