မိုင်းဆတ်မြို့နယ်အတွင်း ပူနားကိုသို့ မဲဆွယ်စည်းရုံးရေးဆင်းသည့် NLD ၏ လားဟူတိုင်းရင်းသားလူမျိုးကိုယ်စားလှယ်လောင်းကို ပြည်သူ့စစ်အဖွဲ့က တားမြစ်

မိုင်းဆတ်မြို့နယ်အတွင်း ပူနားကိုသို့ မဲဆွယ်စည်းရုံးရေးဆင်းသည့် NLD ၏ လားဟူတိုင်းရင်းသားလူမျိုးကိုယ်စားလှယ်လောင်းကို ပြည်သူ့စစ်အဖွဲ့က တားမြစ်
နိုဝင်ဘာ 2, 2020
By Tachileik News Agency
မိုင်းဆတ်မြို့နယ်အတွင်း ပူနားကိုသို့ မဲဆွယ်စည်းရုံးရေးဆင်းသည့် NLD ၏ လားဟူတိုင်းရင်းသားလူမျိုးကိုယ်စားလှယ်လောင်းကို ပြည်သူ့စစ်အဖွဲ့က တားမြစ် 
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့နယ်၊ ပူနားကိုတွင် မဲဆွယ်စည်းရုံးရေးသွားသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD)၏ လားဟူတိုင်းရင်းသားလူမျိုးကိုယ်စားလှယ်လောင်းကို ပြည်သူ့စစ်အဖွဲ့က ကျေးရွာအတွင်း မဝင်ရန်တားမြစ်သဖြင့် ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၂)ရက်နေ့၌ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ညှိနှိုင်းဖြေရှင်းပေးထားရကြောင်း သိရသည်။
"အဲဒီနေ့က ညတွင်းချင်းပြန်လာခဲ့ရတာပေါ့။ ပြန်လာပြီးနောက်တစ်နေ့မှာ ရွေးကောက်ပွဲကော်မရှင်ကို စာတင်လိုက်ရတာပေါ့။ စာတင်လိုက်တော့ ကျွန်တော်တို့နဲ့ ထိပ်တိုက်တွေ့တဲ့သူတွေကိုခေါ်ပြီးတော့ ရွေးကောက်ပွဲကော်မရှင်ရုံးမှာ ရှင်းပေးတယ်။ ညှိနှိုင်းပေးတယ်။ ညှိနှိုင်းပေးတော့ သူတို့အမှား သူတို့ဝန်ခံတော့ ကျွန်တော်တို့လည်း ကြေအေးပေးလိုက်တာပေါ့။ နောက် သူတို့ရွာကိုလည်း တစ်ရက်ဝင်ဖို့ကိုလည်း သူတို့ သဘောတူတယ်။ သူတို့ရွာမှာ ကျွန်တော်တို့ စည်းရုံးရေးတစ်ရက်ဝင်မယ်ဆိုတာ ကော်မရှင်မှာ ညှိလိုက်တော့ သူတို့လည်း သဘောတူတယ်လေ"ဟု NLD မှ လားဟူတိုင်းရင်းသားလူမျိုး ကိုယ်စားလှယ်လောင်း ဦးပေါလုက တာချီလိတ်သတင်းအေဂျင်စီသို့ အောက်တိုဘာလ(၂)ရက်နေ့ ညနေပိုင်းက ပြောသည်။
NLD ၏ လားဟူတိုင်းရင်းသားလူမျိုး ကိုယ်စားလှယ်လောင်း ဦးပေါလု အပါအဝင် (၆)ဦးပါဝင်သည့် အဖွဲ့သည် ၂၀၂၀ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရန် လားဟူတိုင်းရင်းသား အများအပြား နေထိုင်သည့် ပူနားကိုကျေးရွာသို့ အောက်တိုဘာလ (၃၀) ရက်နေ့က သွားရောက်စဉ် ပြည်သူ့စစ်အဖွဲ့က ပူနားကိုကျေးရွာအတွင်း ဝင်ခွင့်မပြုသဖြင့် ညတွင်းချင်း ပြန်လှည့်ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
မိုင်းဆတ်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ ညှိနှိုင်းပေးချက်အရ NLD ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းနှင့် လားဟူတိုင်းရင်းသားလူမျိုးကိုယ်စားလှယ်လောင်းတို့က ဝန်းရံသူများနှင့်အတူ ပူနားကိုကျေးရွာ၌ နိုဝင်ဘာလ (၅)ရက်နေ့တွင် မဲဆွယ်စည်းရုံးရေးဆင်းမည်ဖြစ်ကြောင်း သိရသည်။
Tachileik News Agency
သတင်း - ချယ်ရီထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~