"ဝ" အထူးဒေသ(၂) ဟွေအောတွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အား ဂုဏ်ပြုသောအားဖြင့် မူးယစ်ဆေးဝါးများအား မီးရှိုဖျက်ဆီး

"ဝ" အထူးဒေသ(၂) ဟွေအောတွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အား ဂုဏ်ပြုသောအားဖြင့် မူးယစ်ဆေးဝါးများအား မီးရှိုဖျက်ဆီး
ဇှနျ 27, 2019
By Tachileik News Agency


"၀" ဒေသတွင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်ငန်းလုပ်ဆောင်ရာ၌ နှစ်စဉ်နှစ်တိုင်း(သို့မဟုတ်) (၃)နှစ်လျှင် တစ်ကြိမ် ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများအား မီးရှို့ဖျက်ဆီးခြင်း အခမ်းအနားပြုလုပ်ခဲ့ကြောင်း၊ ဆက်စပ်ပစ္စည်းများဖြစ်သော ကား၊ ဆိုင်ကယ်၊ လက်နက်ခဲယမ်း၊ လူပုဂ္ဂိုလ်များကိုလည်း ထုတ်ဖော်ကြေငြာလျက်ရှိကြောင်း၊ ၂၀၁၈ ခုနှစ်မှ ယခု ၂၀၁၉ ခုနှစ်၊ ဇွန် ၂၆ ရက်နေ့အထိ ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးအရေအတွက်မှာ စိတ်ကြွရှုးသွပ်ဆေးပြား(၁၆၉,၅၂၇)ပြား၊ ဘိန်းဖြူ(၀.၉၉၄)ကီလိုဂရမ်၊ ice(၂.၁)ကီလို၊ ခေါင်းခါဆေး(၁၁)ဘူး၊ ဘိန်းမဲ(၁၆.၇)ကီလိုနှင့် ဆိုင်ကယ်(၁၃)စီး၊ လက်ကိုင်ဖုန်း(၁၄)လုံး၊ စကားပြောစက် (၃)လုံး၊ ငွေသားထိုင်းဘတ်ငွေ(၄၈,၄၃၄) ဘတ်နှင့် မြန်မာကျပ်ငွေ(၆၃,၃၀၀) ကျပ်၊ ပွိုင့် ၂၂ သေနတ် (၂)လက်၊ ၎င်းကျည်(၆)တောင့်၊ မူးယစ်ဆေးဝါးရောင်း ၀ယ်သူ ကျား(၁၄)ဦးနှင့် မ(၂)ဦး၊ သုံးစွဲသူ ကျား (၃၄၀)ဦးနှင့် မ(၂၇)ဦးတို့ကို ဖမ်းဆီးရမိခဲ့ကြောင်းကို အခမ်းအနားတွင် မူးယစ်တိုက်ဖျက်ရေးတပ်ဖွဲ့မှူး ဦးရန်ကော်ကျုံးက  ပြောကြားသည်။


Tachileik News Agency
သတင်း -  သန်းဇော်ဦး


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်၊ "ဝ"အဖွဲ့အထူးဒေသ(၂)၊ စစ်ဒေသ(၁၇၁)၊ တပ်မဟာ(၇၇၅)ဟွေအော"ဝ"မူးယစ်တိုက်ဖျက်ရေးတပ်ဖွဲ့မှ ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးမျာအား မီးရှို့ဖျက်ဆီးခြင်းအဖြစ် ၂၀၁၉ခုနှစ် ဇွန်လ(၂၆)ရက်နေ့ နံနက်ပိုင်းက ဟွေအော "ဝ" မြို့နယ်ရုံးအနီး "ဝ" အားကစားကွင်းရှိ ဟွေအောခန်းမဆောင်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

"ဝ" ဒေသတွင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်ငန်းလုပ်ဆောင်ရာ၌ နှစ်စဉ်နှစ်တိုင်း(သို့မဟုတ်) (၃)နှစ်လျှင် တစ်ကြိမ် ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများအား မီးရှို့ဖျက်ဆီးခြင်း အခမ်းအနားပြုလုပ်ခဲ့ကြောင်း၊ ဆက်စပ်ပစ္စည်းများဖြစ်သော ကား၊ ဆိုင်ကယ်၊ လက်နက်ခဲယမ်း၊ လူပုဂ္ဂိုလ်များကိုလည်း ထုတ်ဖော်ကြငြောလျက်ရှိကြောင်း၊ ၂၀၁၈ ခုနှစ်မှ ယခု ၂၀၁၉ ခုနှစ်၊ ဇွန် ၂၆ ရက်နေ့အထိ ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးအရေအတွက်မှာ စိတ်ကြွရှုးသွပ်ဆေးပြား(၁၆၉,၅၂၇)ပြား၊ ဘိန်းဖြူ(ဝ.၉၉၄)ကီလိုဂရမ်၊ ice(၂.၁)ကီလို၊ ခေါင်းခါဆေး(၁၁)ဘူး၊ ဘိန်းမဲ(၁၆.၇)ကီလိုနှင့် ဆိုင်ကယ်(၁၃)စီး၊ လက်ကိုင်ဖုန်း(၁၄)လုံး၊ စကားပြောစက် (၃)လုံး၊ ငွေသားထိုင်းဘတ်ငွေ(၄၈,၄၃၄) ဘတ်နှင့် မြန်မာကျပ်ငွေ(၆၃,၃၀၀) ကျပ်၊ ပွိုင့် ၂၂ သေနတ် (၂)လက်၊၎င်းကျည်(၆)တောင့်၊ မူးယစ်ဆေးဝါးရောင်း ဝယ်သူ ကျား(၁၄)ဦးနှင့် မ(၂)ဦး၊ သုံးစွဲသူ ကျား (၃၄၀)ဦးနှင့် မ(၂၇)ဦးတို့ကို ဖမ်းဆီးရမိခဲ့ကြောင်းကို အခမ်းအနားတွင် မူးယစ်တိုက်ဖျက်ရေးတပ်ဖွဲ့မှူး ဦးရန်ကော်ကျုံးက ပြောကြားသည်။

ယင်းနောက် "ဝ"အဖွဲ့အထူးဒေသ(၂)၊ စစ်ဒေသ(၁၇၁)၊ တပ်မဟာ(၇၇၅)မှ စစ်ဒေသမှူး ဦးအိုက်လော၊ ဒုစစ်ဒေသမှူး ဦးကျလောဘို၊ နိုင်ငံရေးမှူးအဆင့်ရှိ ဦးညီကပ်၊ ဒုတိယနိုင်ငံရေးမှူးအဆင့်ရှိရှောင်ကျန်စေ့၊ မူးယစ်တိုက်ဖျက်ရေးအဖွဲ့ခေါင်းဆောင်ရန်ကော်ကျုံး၊ ဒုတိယမူးယစ်တိုက်ဖျက်ရေးအဖွဲ့ခေါင်းဆောင်အိုက်စုန်း၊ စစ်ဒေသ (၁၇၁)အုပ်ချုပ်ရေးမှူးအိုက်တီတို့က ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အား ဂုဏ်ပြုသောအားဖြင့် အဆိုပါ မူးယစ်ဆေးဝါးများအား မီးရှို့ဖျက်ဆီးခဲ့ကြသည်။

Tachileik News Agency
သတင်း - သန်းဇော်ဦး

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net