တာချီလိတ်မြို့တွင် Mask မတပ်ဘဲ အပြင်ထွက် သွားလာသူများကို ကျပ်ငွေ(၂၀၀)ဒဏ်ရိုက်သည့် ပထမ၌ (၂၈၅)ဦးအထိ စစ်ဆေးတွေ့ရှိ

တာချီလိတ်မြို့တွင် Mask မတပ်ဘဲ အပြင်ထွက် သွားလာသူများကို ကျပ်ငွေ(၂၀၀)ဒဏ်ရိုက်သည့် ပထမ၌ (၂၈၅)ဦးအထိ စစ်ဆေးတွေ့ရှိ
အောက်တိုဘာ 10, 2020
By Tachileik News Agency
တာချီလိတ်မြို့တွင်  Mask မတပ်ဘဲ အပြင်ထွက် သွားလာသူများကို ကျပ်ငွေ(၂၀၀)ဒဏ်ရိုက်သည့် ပထမ၌   (၂၈၅)ဦးအထိ စစ်ဆေးတွေ့ရှိ
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် Mask မတပ်ဘဲ အပြင်ထွက်သွားလာသူများအား ကျပ်ငွေ(၂၀၀) ဒဏ်ရိုက်သည့်စနစ်ဖြင့် ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ (၁၀)ရက်နေ့မှစ၍ ကြပ်မတ်နေရာ ပထမဆုံးနေ့တွင် ညနေ (၅)နာရီအထိ Mask မတပ်သူ (၂၈၅) ဦးကို အရေးယူထားရကြောင်း သိရသည်။
“အဖွဲ့ (၃)ဖွဲ့ခွဲပြီး ဆောင်ရွက်တာမှာ မြို့ထဲအဖွဲ့ကတော့ စစ်တာပြီးသွားပြီ။ မယ်ယန်းဂိတ်က စစ်ဆေးရေးအဖွဲ့ကတော့ ညနေ (၅)နာရီကျော်တဲ့အထိ ဆက်စစ်နေတုန်းပဲ။ ဒီနေ့ ညနေ (၅)နာရီအထိတော့ စုစုပေါင်း (၂၈၅)ဦးကို ဒဏ်ရိုက်ခဲ့ရပါတယ်။ ဒါကို ရောဂါကာလပြီးတဲ့အထိ ဒါမှမဟုတ် အားလုံး Mask တပ်တာကို လိုက်နာကြပြီဆိုတဲ့အထိ လုပ်နေပါတယ်။ Mask ဝေချင်တယ်ဆိုရင်လည်း ရပါတယ်။”ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ရောဂါပိုးရှိသူ နှာချေ၊ချောင်းဆိုးရာမှ  COVID 19 ဗိုင်းရပ်စ် လေတွင်ပျံ့နှံ့ပြီး အခြားသူများအား ကူးစက်စေနိုင်သဖြင့် အပြင်ထွက်သွားလာပါက Mask မဖြစ်မနေ တပ်ဆင်ကြရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ လမ်းညွှန်ထားသည့်အပြင် အများပြည်သူအား အသိပညာပေးခြင်းကို မြို့နယ်အဆင့် COVID ကော်မတီများက ဆောင်ရွက်ခဲ့ကြသော်လည်း လိုက်နာသူနည်းနေသဖြင့် ဒဏ်ရိုက်သည့်စနစ်ကို ပြောင်းလဲကျင့်သုံးနေခြင်းဖြစ်သည်။
COVID 19 ပြည်တွင်းကူးစက်မှု အများအပြားဖြစ်နေ၍ အများပြည်သူအနေဖြင့် လူစုလူဝေးရှောင်ပြီး မဖြစ်မနေ အပြင်ထွက်သွားလာရပါက Mask တပ်ဆင်ရန်ညွှန်ကြားချက်အား မလိုက်နာပါက ကျပ် (၂၀၀) ဒဏ်ငွေပေးဆောင်စေခြင်းအပြင် Mask ချက်ချင်းဝယ်ယူတပ်ဆင်စေသည့်စနစ်ဖြင့် ကြပ်မတ်နေခြင်းဖြစ်သည်။
Tachileik News Agency
သတင်း - ဟန်စိုးထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~