တာခ်ီလိတ္ၿမိဳ႕ လြယ္ေတာ္ခမ္းေက်းရြာအုပ္စုအတြင္း စိတ္ၾကြေဆးျပား(၁၆,၀၀၀)နီးပါးႏွင့္မူးယစ္ေဆး၀ါးမ်ား အပါအ၀င္ တူမီးေသနတ္(၃)လက္ကို ရွာေဖြဖမ္းဆီးရမိ

တာခ်ီလိတ္ၿမိဳ႕ လြယ္ေတာ္ခမ္းေက်းရြာအုပ္စုအတြင္း စိတ္ၾကြေဆးျပား(၁၆,၀၀၀)နီးပါးႏွင့္မူးယစ္ေဆး၀ါးမ်ား အပါအ၀င္ တူမီးေသနတ္(၃)လက္ကို ရွာေဖြဖမ္းဆီးရမိ
ဇွန် 6, 2019
By Tachileik News Agency

ျမန္မာ - ထိုင္းနယ္စပ္ေဒသ၊ တာခ်ီလိတ္ၿမိဳ႕နယ္ လြယ္ေတာ္ခမ္းေက်းရြာအုပ္စုအတြင္း စန္းလုရြာသြားကားလမ္းေဘးရွိ ေနအိမ္အား မူးယစ္ရဲတပ္ဖြဲ႔မွ ၀င္ေရာက္စစ္ေဆးရွာေဖြရာက စိတ္ၾကြေဆးျပား (၁၆,၀၀၀)နီးပါးႏွင့္ ဘိန္းျဖဴ၊ ဘိန္းစိမ္းစသည့္ မူးယစ္ေဆး၀ါးမ်ား အပါအ၀င္ တူမီးေသနတ္(၃)လက္တို႔ႏွင့္အတူ အမ်ဳိးသား၊ အမ်ဳိးသမီး (၄)ဦးတို႔အား ၂၀၁၉ခုႏွစ္ ဇြန္လ(၆)ရက္ေန႔ နံနက္ပိုင္းက ဖမ္းဆီးရမိ၍ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္စစ္ေဆးေနလ်က္ရွိေၾကာင္း သိရသည္။

မူးယစ္တပ္ဖြဲ႔စု(၃၀)တာခ်ီလိတ္မွ တပ္ဖြဲ႔၀င္မ်ားႏွင့္ သက္ဆိုင္ရာပူးေပါင္းအဖြဲ႔တို႔က မူးယစ္ေဆး၀ါးသတင္းအရ တာခ်ီလိတ္ၿမိဳ႕နယ္ လြယ္ေတာ္ခမ္းေက်းရြာအုပ္စုအတြင္း မယ္ေခါင္ - နားေက်ာရြာ မွ စန္းလုရြာသို႔ သြားရာကားလမ္းေဘးရွိ အားေခြ ႏွင့္ မီခ်ဴးတို႔ ေနထိုင္သည့္ ေနအိမ္သို႔ ဇြန္လ(၆)ရက္ေန႔ နံနက္(၆)နာရီေက်ာ္က သြားေရာက္ စစ္ေဆးရွာေဖြရာက ဖမ္းဆီးရမိျခင္း ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ပူးေပါင္းအဖြဲ႔က သတင္းရရွိထားသည့္ ေနအိမ္သို႔ ၀င္ေရာက္စစ္ေဆးရွာေဖြရာတြင္ ေနအိမ္၌ အားတ၊ မီခ်ဴး ႏွင့္ အားေခြတို႔အား ေတြ႔ရွိရၿပီး ဆက္လက္ရွာေဖြမႈမ်ားျပဳလုပ္ရာ အားတ ထံက စိတ္ၾကြေဆးျပား (၅)ျပားႏွင့္ ဘိန္းျဖဴမႈန္႔ (၀.၂)ဂရမ္ခန္႔ကို လည္းေကာင္း၊ မီးခ်ဴး၏ အိပ္ယာေဘးက စိတ္ၾကြေဆးျပား (၁၀,၀၀၀)ျပားႏွင့္ ဘိန္းျဖဴမႈန္႔ (၈၀)ဂရမ္အျပင္ မူးယစ္ေဆး၀ါးေရာင္းခ်ရေငြဟု ယူဆရသည့္ ထိုင္းဘတ္ေငြ (၄၀,၀၀၀)ဘတ္ တို႔ကို ရွာေဖြေတြ႔ရွိရေၾကာင္း သိရသည္။

ယင္းအျပင္ စိတ္ၾကြေဆးျပားမ်ားထုပ္ပိုးရာတြင္ အသံုးျပဳသည့္ အျပာေရာင္ပလပ္စတစ္ကပ္ခြာအိတ္ခြံ အလံုး(၅၀၀)တို႔အား လည္းေကာင္း၊ အားေခြ အိပ္သည့္ အခန္းအတြင္းက စိတ္ၾကြေဆးျပား (၅,၉၅၀)ျပား ႏွင့္ အေလးခ်ိန္ (၁၀၀)ဂရမ္ခန္႔ရွိ ဘိန္းစိမ္းအမဲေရာင္အေစး အျပင္ အေလးခ်ိန္(၂၄၀)ဂရမ္ခန္႔ရွိ စိတ္ၾကြေဆးအမႈန္႔ေတြ႔ရွိ သိမ္းဆည္းရမိၿပီး နံရံေဘးတြင္ အရွည္(၅)ေပရွိ တူမီးေသနတ္(၃)လက္ကိုလည္း ေတြ႔ရွိရ၍ သိမ္းဆည္းခဲ့ၾကေၾကာင္း သိရသည္။

ပူးေပါင္းအဖြဲ႔မွ အဆိုပါ ေနအိမ္တြင္ ရွာေဖြစစ္ေဆးမႈျပဳလုပ္ေနစဥ္ အားဆက္ ဆိုသူမွာ မူးယစ္ေဆး၀ါး၀ယ္ယူသံုးစြဲရန္အတြက္ ဆိုင္ကယ္ျဖင့္ ေရာက္ရွိလာ၍ ၎အား စစ္ေဆးရွာေဖြရာ ဆိုင္ကယ္အတြင္းမွ စိတ္ၾကြေဆးျပား (၄၂)ျပားကို ေတြ႔ရွိ သိမ္းဆည္းရမိေၾကာင္း သိရသည္။

ပူးေပါင္းအဖြဲ႔ျဖင့္ ရွာေဖြသိမ္းဆည္းရမိသည့္ စိတ္ၾကြေဆးျပား စုစုေပါင္း (၁၅,၉၅၅)ျပား၊ အေလးခ်ိန္(၂၄၀)ဂရမ္ခန္႔ရွိ စိတ္ၾကြေဆးအေျကမႈန္႔၊ ဘိန္းျဖဴ(၈၀.၂)ဂရမ္ခန္႔ႏွင့္ အေလးခ်ိန္ (၁၀၀)ဂရမ္ရွိ ဘိန္းစိမ္းႏွင့္အတူ  တူမီးေသနတ္ (၃)လက္ႏွင့္ ထိုင္းဘတ္ေငြ (၄၀,၀၀၀)ဘတ္တို႔အား သက္ေသခံပစၥည္းအျဖစ္ သိမ္းဆည္းခဲ့ၾကၿပီးေနာက္ အသက္(၅၈)ႏွစ္ရွိ အားေခြ၊ အသက္(၅၀)ႏွစ္ရွိ မီခ်ဴး ႏွင့္ အသက္(၃၈)ႏွစ္ရွိ အားတ တို႔အား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ မယ(ပ)၇၅/၂၀၁၉၊ မူး/စိတ္ပုဒ္မ ၁၉(က)/၂၀(က)/၂၂(ခ)/၂၁အရ လည္းေကာင္း၊ ဆိုင္ကယ္ျဖင့္ ေရာက္လာသည့္ အားဆက္ဆိုသူအား မယ(ပ)၇၆/၂၀၁၉၊ မူး/စိတ္ပုဒ္မ ၁၉(က)အရ လည္းေကာင္း အသီးသီး အမႈဖြင့္အေရးယူ ေဆာင္ရြက္ထားရွိေၾကာင္း သိရသည္။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့နယ် လွယ်တော်ခမ်းကျေးရွာအုပ်စုအတွင်း စန်းလုရွာသွားကားလမ်းဘေးရှိ နေအိမ်အား မူးယစ်ရဲတပ်ဖွဲ့မှ ဝင်ရောက်စစ်ဆေးရှာဖွေရာက စိတ်ကြွဆေးပြား (၁၆,ဝဝဝ)နီးပါးနှင့် ဘိန်းဖြူ၊ ဘိန်းစိမ်းစသည့် မူးယစ်ဆေးဝါးများ အပါအဝင် တူမီးသေနတ်(၃)လက်တို့နှင့်အတူ အမျိုးသား၊ အမျိုးသမီး (၄)ဦးတို့အား ၂၀၁၉ခုနှစ် ဇွန်လ(၆)ရက်နေ့ နံနက်ပိုင်းက ဖမ်းဆီးရမိ၍ တာချီလိတ်မြို့မရဲစခန်းတွင် အမှုဖွင့်စစ်ဆေးနေလျက်ရှိကြောင်း သိရသည်။

မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာပူးပေါင်းအဖွဲ့တို့က မူးယစ်ဆေးဝါးသတင်းအရ တာချီလိတ်မြို့နယ် လွယ်တော်ခမ်းကျေးရွာအုပ်စုအတွင်း မယ်ခေါင် - နားကျောရွာ မှ စန်းလုရွာသို့ သွားရာကားလမ်းဘေးရှိ အားခွေ နှင့် မီချူးတို့ နေထိုင်သည့် နေအိမ်သို့ ဇွန်လ(၆)ရက်နေ့ နံနက်(၆)နာရီကျော်က သွားရောက် စစ်ဆေးရှာဖွေရာက ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပူးပေါင်းအဖွဲ့က သတင်းရရှိထားသည့် နေအိမ်သို့ ဝင်ရောက်စစ်ဆေးရှာဖွေရာတွင် နေအိမ်၌ အားတ၊ မီချူး နှင့် အားခွေတို့အား တွေ့ရှိရပြီး ဆက်လက်ရှာဖွေမှုများပြုလုပ်ရာ အားတ ထံက စိတ်ကြွဆေးပြား (၅)ပြားနှင့် ဘိန်းဖြူမှုန့် (ဝ.၂)ဂရမ်ခန့်ကို လည်းကောင်း၊ မီးချူး၏ အိပ်ယာဘေးက စိတ်ကြွဆေးပြား (၁၀,ဝဝဝ)ပြားနှင့် ဘိန်းဖြူမှုန့် (၈၀)ဂရမ်အပြင် မူးယစ်ဆေးဝါးရောင်းချရငွေဟု ယူဆရသည့် ထိုင်းဘတ်ငွေ (၄၀,ဝဝဝ)ဘတ် တို့ကို ရှာဖွေတွေ့ရှိရကြောင်း သိရသည်။

ယင်းအပြင် စိတ်ကြွဆေးပြားများထုပ်ပိုးရာတွင် အသုံးပြုသည့် အပြာရောင်ပလပ်စတစ်ကပ်ခွာအိတ်ခွံ အလုံး(၅၀၀)တို့အား လည်းကောင်း၊ အားခွေ အိပ်သည့် အခန်းအတွင်းက စိတ်ကြွဆေးပြား (၅,၉၅၀)ပြား နှင့် အလေးချိန် (၁၀၀)ဂရမ်ခန့်ရှိ ဘိန်းစိမ်းအမဲရောင်အစေး အပြင် အလေးချိန်(၂၄၀)ဂရမ်ခန့်ရှိ စိတ်ကြွဆေးအမှုန့်တွေ့ရှိ သိမ်းဆည်းရမိပြီး နံရံဘေးတွင် အရှည်(၅)ပေရှိ တူမီးသေနတ်(၃)လက်ကိုလည်း တွေ့ရှိရ၍ သိမ်းဆည်းခဲ့ကြကြောင်း သိရသည်။

ပူးပေါင်းအဖွဲ့မှ အဆိုပါ နေအိမ်တွင် ရှာဖွေစစ်ဆေးမှုပြုလုပ်နေစဉ် အားဆက် ဆိုသူမှာ မူးယစ်ဆေးဝါးဝယ်ယူသုံးစွဲရန်အတွက် ဆိုင်ကယ်ဖြင့် ရောက်ရှိလာ၍၎င်းအား စစ်ဆေးရှာဖွေရာ ဆိုင်ကယ်အတွင်းမှ စိတ်ကြွဆေးပြား (၄၂)ပြားကို တွေ့ရှိ သိမ်းဆည်းရမိကြောင်း သိရသည်။

ပူးပေါင်းအဖွဲ့ဖြင့် ရှာဖွေသိမ်းဆည်းရမိသည့် စိတ်ကြွဆေးပြား စုစုပေါင်း (၁၅,၉၅၅)ပြား၊ အလေးချိန်(၂၄၀)ဂရမ်ခန့်ရှိ စိတ်ကြွဆေးအကြေမှုန့်၊ ဘိန်းဖြူ(၈၀.၂)ဂရမ်ခန့်နှင့် အလေးချိန် (၁၀၀)ဂရမ်ရှိ ဘိန်းစိမ်းနှင့်အတူ တူမီးသေနတ် (၃)လက်နှင့် ထိုင်းဘတ်ငွေ (၄၀,ဝဝဝ)ဘတ်တို့အား သက်သေခံပစ္စည်းအဖြစ် သိမ်းဆည်းခဲ့ကြပြီးနောက် အသက်(၅၈)နှစ်ရှိ အားခွေ၊ အသက်(၅၀)နှစ်ရှိ မီချူး နှင့် အသက်(၃၈)နှစ်ရှိ အားတ တို့အား တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ)၇၅/၂၀၁၉၊ မူး/စိတ်ပုဒ်မ ၁၉(က)/၂၀(က)/၂၂(ခ)/၂၁အရ လည်းကောင်း၊

ဆိုင်ကယ်ဖြင့် ရောက်လာသည့် အားဆက်ဆိုသူအား မယ(ပ)၇၆/၂၀၁၉၊ မူး/စိတ်ပုဒ်မ ၁၉(က)အရ လည်းကောင်း အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရသည်။

Tachileik News Agency 

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net