တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက် ငွေတောင်ဦးကမ္မဋ္ဌာန်းကျောင်းသို့ သွားရာလမ်းတွင် သစ်ပင်ပြိုလဲရာမှ ဓါတ်တိုင်များ ကျိုးကျကာ လျှပ်စစ်မီးပြတ်တောက်

တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက် ငွေတောင်ဦးကမ္မဋ္ဌာန်းကျောင်းသို့ သွားရာလမ်းတွင် သစ်ပင်ပြိုလဲရာမှ ဓါတ်တိုင်များ ကျိုးကျကာ လျှပ်စစ်မီးပြတ်တောက်
မေ 31, 2019
By 🌸



Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~


ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက် ငွေတောင်ဦးကမ္မဌာန်းကျောင်းသွားရာလမ်းတွင် ၂၀၁၉ ခုနှစ် မေလ (၃၀)ရက်နေ့ ည (၁၁)နာရီခွဲကျော်က သစ်ပင်ကျိုးကျပြီး လျှပ်စစ်မီးကြိုးပေါ်ကျကာ ဓါတ်အားပြတ်တောက်မှုဖြစ်ပွားနေသဖြင့် မီးသတ်တပ်ဖွဲ့၊ ဆက်သွယ်ရေးနှင့် မီးလင်းရေးကော်မတီတို့က ရှင်းလင်းဖယ်ရှားမှုများ ပြုလုပ်နေပြီး လျှပ်စစ်မီး အမြန်ဆုံးပြန်လည်ပေးနိုင်ရန် ဆောင်ရွက်နေကြသည်။

သစ်ပင်ကျိုးကျမှုကြောင့် ပုန်းထွန်ရပ်ကွက်၊ ငွေတောင်ဦးကျောင်းနှင့် ဆက်သွယ်ရေးကုန်းတို့တွင် လျှပ်စစ်မီးပြတ်တောက်သွားသဖြင့် သစ်ပင်သစ်ကိုင်းများရှင်းလင်းပြီး ဘေးအန္တရာယ်ကင်းချိန်တွင် လျှပ်စစ်မီး ပြန်လည်ပို့လွှတ်မည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ကားနှစ်စီးပေါ်ပိနေသည့် သစ်ကိုင်းများကို ရှင်းလင်းဖယ်ရှားနေပြီဖြစ်သည်။
Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net