အသက်မပြည့်သေးသည့် မြန်မာမိန်းကလေးကို ပေါင်းသင်းမှုဖြင့် တရုတ်နိုင်ငံသားအား အမှုဖွင့် အရေးယူ

အသက်မပြည့်သေးသည့် မြန်မာမိန်းကလေးကို ပေါင်းသင်းမှုဖြင့် တရုတ်နိုင်ငံသားအား အမှုဖွင့် အရေးယူ
သြဂုတ် 4, 2020
By Tachileik News Agency

အသက်မပြည့်သေးသည့် မြန်မာမိန်းကလေးကို ပေါင်းသင်းမှုဖြင့် တရုတ်နိုင်ငံသားအား အမှုဖွင့် အရေးယူ

အုပ်ထိန်းသူအောက်တွင် ရှိနေဆဲ အသက် (၁၈)နှစ်မပြည့်သေးသည့် မိန်းကလေးအား ပေါင်းသင်းမှုဖြင့် တရုတ်နိုင်ငံသားတစ်ဦးကို နောင်ချိုမြို့မရဲစခန်းတွင် ၂၀၂၀ ခုနှစ်၊ သြဂုတ်လ (၃)ရက်နေ့က အမှုဖွင့်ခံထားရကြောင်း သိရသည်။

ရှမ်းပြည်နယ် (မြောက်ပိုင်း) နောင်ချိုမြို့နယ်၊ ရွှေညောင်ပင်ကျေးရွာရှိ ကန်စွန်းဥစိုက်ခင်းတွင် ပိုးသတ်ဆေးဖြန့်ဖြူးရေးလုပ်ငန်း၏ တာဝန်ခံအဖြစ် တရားဝင်လာရောက်လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား Jing Zhirong သည် ကန်စွန်းဥခင်းတွင် အလုပ် လုပ်သည့် အသက် (၁၇)နှစ်ဝန်းကျင် မိန်းကလေးတစ်ဦးနှင့် ချစ်ကြိုက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနောက် အဆိုပါမိန်းကလေးသည် ကန်စွန်းဥခင်းတွင် အလုပ်မလုပ်တော့ဘဲ ရန်ကုန်ရှိ အထည်ချုပ်စက်ရုံသို့ သွားရောက် အလုပ်လုပ်ကိုင်နေခဲ့စဉ်  တရုတ်နိုင်ငံသား Jing Zhirong အား ရန်ကုန်သို့လာရောက်ခေါ်ဆောင်စေပြီး မိဘများရှိရာ မြစ်သားမြို့နယ်၊ ချမ်းငြိမ်းသာကျေးရွာသို့ သြဂုတ်လ (၂)ရက်နေ့က ပြန်လာစဉ် ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ခေါ်ယူထိန်းသိမ်းခံရခြင်းဖြစ်ကြောင်း သိရသည်။

ကျေးရွာအုပ်ချုပ်ရေးမှူးရုံးက အကြောင်းကြားသဖြင့် ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးရာ တရုတ်နိုင်ငံသား ပေါင်းသင်းနေသည့် မိန်းကလေးမှာ အသက် (၁၆)နှစ်နှင့် (၆)လသာရှိသေးသဖြင့် အုပ်ထိန်းမှုအောက်တွင်ရှိနေဆဲဖြစ်၍ အရွယ်မရောက်သေးသော မိန်းကလေးအား မိဘများ၏ သဘောတူခွင့်ပြုချက်မရရှိဘဲ သားမယားအဖြစ် ခိုးယူပေါင်းသင်းမှုဖြင့် အသက် (၂၉) နှစ်အရွယ် တရုတ်နိုင်ငံသားအား နောင်ချိုမြို့မစခန်းတွင် (ပ) ၁၀၂/၂၀၂၀ ၊ ရာဇသတ်ကြီးဥပဒေပုဒ်မ-၃၇၆/၃၆၃ ဖြင့် အမှုဖွင့်ထားခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာအမျိုးသမီးများမှာ တရုတ်နိုင်ငံဘက်တွင် အလုပ်အကိုင်ရမည်ဟုဆိုကာ ခေါ်ဆောင်သွားခံရပြီး ဇနီးအဖြစ် ရောင်းစားခံရခြင်း၊ တရုတ်နိုင်ငံသားများက မြန်မာနိုင်ငံဘက်တွင် လာရောက်လက်ထပ်ပြီး တရုတ်နိုင်ငံသို့ ခေါ်ဆောင်သွားကာ ပြန်လည်ရောင်းစားခြင်းများလည်း ဖြစ်ပွားတတ်ခြင်းများရှိသဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးက ခေါ်ယူထားခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency
သတင်း - နေဖြိုးမြင့်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~