ကျောက်မဲမြို့ DENKO စက်သုံးဆီဆိုင်တွင် လက်လုပ်ဗုံးအတုဖြင့် ခြိမ်းခြောက်ငွေတောင်းသူဟု ယူဆရသည့် အမျိုးသားကို နာရီပိုင်းအတွင်း ဖမ်းမိ

ကျောက်မဲမြို့ DENKO စက်သုံးဆီဆိုင်တွင် လက်လုပ်ဗုံးအတုဖြင့် ခြိမ်းခြောက်ငွေတောင်းသူဟု ယူဆရသည့် အမျိုးသားကို နာရီပိုင်းအတွင်း ဖမ်းမိ
အောက်တိုဘာ 21, 2019
By 🌸
ကျောက်မဲမြို့ DENKO စက်သုံးဆီဆိုင်တွင် လက်လုပ်ဗုံးအတုဖြင့် ခြိမ်းခြောက်ငွေတောင်းသူဟု ယူဆရသည့် အမျိုးသားကို နာရီပိုင်းအတွင်း ဖမ်းမိ

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့အဝင်ရှိ DENKO စက်သုံးဆီအရောင်းဆိုင်၌ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၂၁)ရက်နေ့ နံနက်အစောပိုင်းတွင် လက်လုပ်ဗုံးအတုဖြင့် ခြိမ်းခြောက်ငွေတောင်းခံသူဟု ယူဆရသူအား ရဲတပ်ဖွဲ့က နာရီပိုင်းအတွင်း ဖေါ်ထုတ်ဖမ်းဆီးရမိလိုက်ကြောင်း သိရသည်။

"မနက် ၁၀ နာရီလောက်မှာ အဲဒီအမျိုးသား အိမ်ငှားပြီးနေထိုင်တဲ့နေရာကို စုံစမ်းဖေါ်ထုတ်နိုင်ခဲ့ပြီး ချက်ချင်း ဖမ်းဆီးနိုင်ခဲ့တာဖြစ်ပါတယ်။ ဗုံးကတော့အတုပါ၊ ကီးပက်ဖုန်းတစ်လုံးရယ်၊ ဆိုင်ကယ်ပစ္စည်းတစ်ခုရယ်၊ ဖုန်း အားသွင်းတဲ့ အတုံးတစ်ခုရယ်ကို ဆင်ထားတယ်။ ကတ္ထူစက္ကူတွေပတ်ပြီး တိပ်ပတ်ထားတော့ ရုတ်တရက်ဆို တကယ့်ဗုံးတစ်လုံးလို့ထင်ရအောင် လုပ်ထားတာ " ဟု ကျောက်မဲမြို့မရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကျောက်မဲမြို့အဝင် ခိုအုံကျေးရွာအနီး ပြည်ထောင်စုလမ်းမကြီးဘေးရှိ DENKO စက်သုံးဆီအရောင်းဆိုင်၏ အများသုံးအိမ်သာထဲတွင် ဗုံးထောင်ထားကြောင်းနှင့် ငွေကျပ်ဆယ်သိန်းအား Wave Money ဖြင့်လွှဲပေးရန် ရေးထားသည့်စာကို ဆိုင်ဝန်ထမ်းများက ဆိုင်ဧရိယာအတွင်း သန့်ရှင်းလုပ်နေစဉ် နံနက် (၄) နာရီ (၄၅) မိနစ်ခန့်က တွေ့ခဲ့ရသဖြင့် သက်ဆိုင်ရာသို့ အကြောင်းကြားခဲ့ခြင်းဖြစ်သည်။
ဆိုင်အိမ်သာအတွင်းမှ လက်လုပ်ဗုံးအား နယ်မြေခံတပ်မှ ဗုံးရှင်းလင်းရေးအဖွဲ့က ဖယ်ရှားကာ ဗုံးအတုဖြစ်ကြောင်း အတည်ပြုပေးခဲ့ခြင်းဖြစ်သည်။

ယင်းနောက် Wave Money မှ ငွေထုတ်ယူသွားသူမှာ ကျောက်မဲမြို့တွင် အိမ်ငှားနေထိုင်သည့် အမျိုးသားတစ်ဦးဖြစ်ကြောင်း ရဲတပ်ဖွဲ့က ဖေါ်ထုတ်နိုင်ခဲ့ပြီး ခြိမ်းခြောက် ငွေတောင်းခံသူဟု ယူဆရသည့် အသက် (၃၂)နှစ်အရွယ် စောအေးမြင့်စန်း(ခ) စောချစ်ကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

စောအေးမြင့်စန်း (ခ) စောချစ်ကို ကျောက်မဲမြို့မရဲစခန်းတွင် (ပ) ၁၅၆/ ၂၀၁၉၊ ရာဇသတ်ကြီး ပုဒ်မ-၃၈၆ ဖြင့် အမှုဖွင့် စစ်ဆေးနေကြောင်း သိရသည်။

သတင်း #နေဖြိုးမြင့်
ဓါတ်ပုံ - ရဲတပ်ဖွဲ့

~~~~~~~~⊰❂ Zawgyi Version ~~~~~~~~
ေက်ာက္မဲၿမိဳ႕ DENKO စက္သံုးဆီဆုိင္တြင္ လက္လုပ္ဗံုးအတုျဖင့္ ၿခိမ္းေျခာက္ေငြေတာင္းသူဟု ယူဆရသည့္ အမ်ိဳးသားကို နာရီပိုင္းအတြင္း ဖမ္းမိ

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေက်ာက္မဲၿမိဳ႕အဝင္ရိွ DENKO စက္သံုးဆီအေရာင္းဆိုင္၌ ၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလ (၂၁)ရက္ေန႔ နံနက္အေစာပိုင္းတြင္ လက္လုပ္ဗံုးအတုျဖင့္ ၿခိမ္းေျခာက္ေငြေတာင္းခံသူဟု ယူဆရသူအား ရဲတပ္ဖြဲ႕က နာရီပိုင္းအတြင္း ေဖၚထုတ္ဖမ္းဆီးရမိလုိက္ေၾကာင္း သိရသည္။

"မနက္ ၁၀ နာရီေလာက္မွာ အဲဒီအမ်ိဳးသား အိမ္ငွားၿပီးေနထိုင္တဲ့ေနရာကို စံုစမ္းေဖၚထုတ္ႏိုင္ခဲ့ၿပီး ခ်က္ခ်င္း ဖမ္းဆီးႏိုင္ခဲ့တာျဖစ္ပါတယ္။ ဗံုးကေတာ့အတုပါ၊ ကီးပက္ဖုန္းတစ္လံုးရယ္၊ ဆိုင္ကယ္ပစၥည္းတစ္ခုရယ္၊ ဖုန္း အားသြင္းတဲ့ အတံုးတစ္ခုရယ္ကို ဆင္ထားတယ္။ ကတၳဴစကၠဴေတြပတ္ၿပီး တိပ္ပတ္ထားေတာ့ ရုတ္တရက္ဆို တကယ့္ဗံုးတစ္လံုးလို႔ထင္ရေအာင္ လုပ္ထားတာ " ဟု ေက်ာက္မဲၿမိဳ႕မရဲတပ္ဖြဲ႔မွ ရဲအရာရွိတစ္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသုိ႔ ေျပာသည္။

ေက်ာက္မဲၿမိဳ႕အဝင္ ခိုအံုေက်းရြာအနီး ျပည္ေထာင္စုလမ္းမႀကီးေဘးရွိ DENKO စက္သံုးဆီအေရာင္းဆိုင္၏ အမ်ားသံုးအိမ္သာထဲတြင္ ဗံုးေထာင္ထားေၾကာင္းႏွင့္ ေငြက်ပ္ဆယ္သိန္းအား Wave Money ျဖင့္လႊဲေပးရန္ ေရးထားသည့္စာကို ဆုိင္ဝန္ထမ္းမ်ားက ဆုိင္ဧရိယာအတြင္း သန္႔ရွင္းလုပ္ေနစဥ္ နံနက္ (၄) နာရီ (၄၅) မိနစ္ခန္႔က ေတြ႔ခဲ့ရသျဖင့္ သက္ဆုိင္ရာသို႔ အေၾကာင္းၾကားခဲ့ျခင္းျဖစ္သည္။

ဆုိင္အိမ္သာအတြင္းမွ လက္လုပ္ဗံုးအား နယ္ေျမခံတပ္မွ ဗံုးရွင္းလင္းေရးအဖြဲ႕က ဖယ္ရွားကာ ဗံုးအတုျဖစ္ေၾကာင္း အတည္ျပဳေပးခဲ့ျခင္းျဖစ္သည္။

ယင္းေနာက္ Wave Money မွ ေငြထုတ္ယူသြားသူမွာ ေက်ာက္မဲၿမိဳ႕တြင္ အိမ္ငွားေနထုိင္သည့္ အမ်ိဳးသားတစ္ဦးျဖစ္ေၾကာင္း ရဲတပ္ဖြဲ႕က ေဖၚထုတ္ႏုိင္ခဲ့ၿပီး ၿခိမ္းေျခာက္ ေငြေတာင္းခံသူဟု ယူဆရသည့္ အသက္ (၃၂)ႏွစ္အရြယ္ ေစာေအးျမင့္စန္း(ခ) ေစာခ်စ္ကို ဖမ္းဆီးရမိခဲ့ျခင္းျဖစ္သည္။

ေစာေအးျမင့္စန္း (ခ) ေစာခ်စ္ကို ေက်ာက္မဲၿမိဳ႕မရဲစခန္းတြင္ (ပ) ၁၅၆/ ၂၀၁၉၊ ရာဇသတ္ႀကီး ပုဒ္မ-၃၈၆ ျဖင့္ အမႈဖြင့္ စစ္ေဆးေနေၾကာင္း သိရသည္။

သတင္း #ေနၿဖိဳးျမင့္
ဓါတ္ပံု - ရဲတပ္ဖြဲ႕

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net