မိုင်းဖုန်းဆရာတော် တာချီလိတ်သို့ ပြန်မကြွဖြစ်သေး ရှမ်းပြည်တောင်ပိုင်းခရီးစဉ်အဖြစ် ဆက်လက် ကြွချီမည်

မိုင်းဖုန်းဆရာတော် နှင့် တောင်တန်းသာသနာပြုဆရာတော် ဦးသုခမိန္ဒ (စဝ်ဆုခမ်း တန့်ယန်း) [ Photo: Sao Su Kham ] Tachileik News Agency  - TNA
မိုင်းဖုန်းဆရာတော် နှင့် တောင်တန်းသာသနာပြုဆရာတော် ဦးသုခမိန္ဒ (စဝ်ဆုခမ်း တန့်ယန်း) [ Photo: Sao Su Kham ] Tachileik News Agency - TNA
မိုင်းဖုန်းဆရာတော် တာချီလိတ်သို့ ပြန်မကြွဖြစ်သေး ရှမ်းပြည်တောင်ပိုင်းခရီးစဉ်အဖြစ် ဆက်လက် ကြွချီမည်

ဩဂုတ်လ(၆)ရက်နေ့တွင် တာချီလိတ်မြို့သို့ ပြန်ကြွမည်ဟု စီစဉ်ထားသည့် မိုင်းဖုန်းဆရာတော်ဘုရား၏  ခရီးစဉ်ကို ရက်ရွှေ့လိုက်ပြီး တာချီလိတ်သို့ မကြွသေးဘဲ မိုင်းပန်မြို့သို့ ဆက်လက်ကြွချီမည်ဖြစ်ကြောင်း မိုင်းဖုန်းဆရာတော်၏ သာသနာပြုညီနောင်ဖြစ်သည့် တောင်တန်းသာသနာပြုဆရာတော် ဦးသုခမိန္ဒ (စဝ်ဆုခမ်း တန့်ယန်း)က ဩဂုတ်လ(၅)ရက်နေ့ ညပိုင်းတွင် အသိပေးထားရှိသည်။

မိုင်းဖုန်းဆရာတော်ဘုရားသည် ၂၀၂၂ခုနှစ် ဩဂုတ်လ(၆)ရက်နေ့တွင် မိုင်းတုံမြို့နယ်  နားကောင်းမူးမှ မိုင်းပန်သို့ ကြွမည်ဖြစ်ပြီး ဩဂုတ်လ(၇)ရက်နေ့တွင် မိုင်းပန်မှ တဆင့် လင်းခေး၊ မိုးနဲ၊ နမ့်စန် ပန်လှိုင်းဆိုင် မှ ပင်လုံသို့ ကြွမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိ အစီအစဉ်အရ မိုင်းဖုန်းဆရာတော်သည် ပင်လုံခရီးစဉ်ပြီးမှ လွိုင်လင် ၊ ကျိုင်းတုံ၊ တာချီလိတ် မိုင်းဖုန်းသို့ ကြွမည်ဟု အသိပေးထားခြင်း ဖြစ်သည်။

 ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ၊ မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြိုနယ်အတွင်း မိုင်းကျက်ကျေးရွာအနီးရှိ မိုင်းကျက်အထက်ဂူအတွင်း (၃)နှစ်၊ (၃)လ၊ (၃)ရက် တရားအကျင့်ကြံအားထုတ်ကာ အဓိဌာန်ဝင်တော်မူခဲ့သည့်  သဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယ မိုင်းဖုန်းဆရာတော် ဘဒ္ဒန္တဉာဏသံဝရသည် ဂူမှ ၂၀၂၂ခုနှစ် ဩဂုတ်လ(၁)ရက်နေ့က ထွက်လာတော်မူခြင်း ဖြစ်သည်။

ဆရာတော်သည် ၂၀၁၉ခုနှစ် ဧပြီလ(၂၈)ရက်နေ့က စပြီး အဆိုပါ ဂူအတွင်း တရားအကျင့်ကြံအားထုတ်ကာ အဓိဌာန်ဝင်ခဲ့ခြင်း ဖြစ်သည်။