တာချီလိတ်မြို့ မယ်ဆိုင်ချောင်း၏ တစ်ဖက် ပါကွေ့(အပေါ်)ကျေးရွာတွင် နေအိမ်တစ်လုံး မီးလောင်

တာချီလိတ်မြို့ မယ်ဆိုင်ချောင်း၏ တစ်ဖက် ပါကွေ့(အပေါ်)ကျေးရွာတွင် နေအိမ်တစ်လုံး မီးလောင်

 ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်အတွင်း လွယ်တော်ခမ်းကျေးရွာအုပ်စု၏ မယ်ဆိုင်ချောင်း တစ်ဖက် ပါကွေ့(အပေါ်)ရွာတွင် လူနေအိမ်တစ်လုံး မီးလောင်မှု ၂၀၂၁ခုနှစ် ဇူလိုင်လ(၉)ရက်နေ့ ညပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

တာချီလိတ်မြို့ လွယ်တော်ခမ်းကျေးရွာအုပ်စု၊ ပါကွေ့(အပေါ်)ရွာရှိ ဒေါ်မနန်း၏  သွပ်မိုးသက်ကယ်ထရံကာ နေအိမ်တွင် ဇူလိုင်လ(၉)ရက်နေ့ ည(၈)နာရီချိန်ဝန်းကျင်အချိန်က မီးလောင်မှု ဖြစ်ပွားရာနေအိမ်တစ်လုံး လုံး မီးလောင်ဆုံးရှုံးသွားခြင်း ဖြစ်ကြောင်း သိရသည်။

မီးလောင်မှု ဖြစ်ပွားရာသို့ တာချီလိတ် မီးသတ်တပ်ဖွဲ့မှ မီးငြှိမ်းသတ်ယာဉ် (၂)စီး နှင့်အတူ သန္ဓနှင့်အရန် မီးသတ်တပ်ဖွဲ့ဝင် (၁၅)ဦး အပါအဝင် ကျေးရွာတွင်းနေသူများဖြင့် စုပေါင်း ငြှိမ်းသတ်ခဲ့ကြကြောင်း သိရသည်။

 

မီးလောင်မှုကြောင့် နေအိမ်တစ်လုံးသာ မီးလောင်ကျွမ်းခဲ့သော်လည်း ဘေးပတ်ဝန်းကျင်သို့ ကူးစက်မှု မရှိကြောင်း နှင့် နေအိမ်ပိုင်ရှင်မှာ စိတ်ဝေဒနာရှင်ဖြစ်ကြောင်း သိရသည်။

မီးလောင်ရခြင်း အကြောင်းအရင်းကိုတော့ မသိရပါ။

#TachileikNewsAgency

Photo: တာချီလိတ်မီးသတ် တပ်ဖွဲ့