အဂတိမႈျဖင့္ အမႈဖြင့္ခံထားရသည့္ ေပါက္ၿမိဳ႕နယ္ရဲတပ္ဖဲြ႔မွဴးႏွင့္ မႈခင္းတပ္ဖဲြ႔မွ ရဲအရာရိွတစ္ဦးတို႔ တိမ္းေရွာင္ေန

အဂတိမႈျဖင့္ အမႈဖြင့္ခံထားရသည့္ ေပါက္ၿမိဳ႕နယ္ရဲတပ္ဖဲြ႔မွဴးႏွင့္ မႈခင္းတပ္ဖဲြ႔မွ ရဲအရာရိွတစ္ဦးတို႔ တိမ္းေရွာင္ေန
ဇွန် 8, 2019
By Tachileik News Agency

ေက်းရြာရန္ပံုေငြႏွင့္ပတ္သက္၍ အဂတိမႈျဖင့္ အမႈဖြင့္ခံထားရသည့္ မေကြးတိုင္းေဒသႀကီး ေပါက္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးအား ၂၀၁၉ ခုႏွစ္၊ ဇြန္လ(၇)ရက္ ညေနပိုင္းက  ဖမ္းဆီးရမိခဲ့ေသာ္လည္း ယခင္ေပါက္ၿမိဳ႕နယ္ရဲတပ္ဖဲြ႔မွဴးႏွင့္ ယခင္ ပခုကၠဴၿမိဳ႕ မႈခင္းရဲတပ္ဖဲြ႔မွ ရဲအုပ္အဆင့္ ရိွသူတို႔မွာ တိမ္းေရွာင္ေနၾကေၾကာင္း သိရသည္။

“သရက္ကန္ေက်းရြာအုပ္ခ်ဳပ္ေရးမွဴးက လြန္ခဲ့တဲ့(၁၅)ရက္ေလာက္ကတည္းက ဖမ္းဆီးထားတာျဖစ္ၿပီး မေန႔ (ဇြန္လ၇ရက္) ညေနကေတာ့ ေပါက္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးကို ဖမ္းဆီးပါတယ္။ (ယခင္)ၿမိဳ႕နယ္ရဲ တပ္ဖဲြ႔ မွဴးနဲ႔ (ယခင္)ပခုကၠဴ မႈခင္းတပ္ဖဲြ႔က ရဲအရာရိွတို႔ကိုေတာ့ လတ္တေလာ ဖမ္းဆီးရမိျခင္းမရိွေသးပါဘူး”ဟု ေပါက္ၿမိဳ႕မရဲ စခန္းမွ တာဝန္ရိွသူတစ္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ဇြန္လ(၈)ရက္ေန႔တြင္  ေျပာသည္။

ေရနံလက္ယက္တြင္းလုပ္ငန္းမ်ားမွရရိွေသာ သရက္ကန္ေက်းရြာရန္ပံုေငြ က်ပ္သိန္းေပါင္း (၉,၇၀၀)ေက်ာ္ ႏွင့္ပတ္သက္၍ ေငြစာရင္းရွင္းတမ္းေတာင္းခံၾကရာမွ အဂတိလိုက္စားမႈကို စစ္ေဆးေတြ႔ရိွရသျဖင့္ သရက္ကန္ေက်းရြာအုပ္စုအုပ္ခ်ဳပ္ေရးမွဴး ဦးေဇာ္မင္းဦး၏ ညီေတာ္စပ္သူ ကိုေဇာ္ထြန္းမိုးကို လြန္ခဲ့သည့္ (၂)လေက်ာ္ခန္႔က ဖမ္းဆီးစစ္ေဆးခဲ့ၿပီးေနာက္ တစ္လခဲြခန္႔အၾကာတြင္ သရက္ကန္ေက်းရြာအုပ္စုအုပ္ခ်ဳပ္ေရးမွဴးကို ဖမ္းဆီးစစ္ေဆးခဲ့ၿပီး ေနာက္ဆက္တဲြအျဖစ္  ေပါက္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးေက်ာ္စြာအုုန္း၊ (ယခင္) ေပါက္ၿမိဳ႕နယ္ရဲတပ္ဖဲြ႔မွဴး ရဲမွဴး ေဇာ္ဝင္းေရႊ (လက္ရိွ) စစ္ကိုင္းတိုင္းေဒသႀကီး ရဲတပ္ဖဲြ႔မွဴးရံုး၊ (ယခင္) ပခုကၠဴၿမိဳ႕ မႈခင္းရဲတပ္ဖဲြ႔မွ ရဲအုပ္သန္းေဇာ္(လက္ရိွ) မႈခင္းရဲတပ္ဖဲြ႔မွဴးရံုး၊ ေနျပည္ေတာ္ တို႔ကို ဆက္လက္ ဖမ္းဆီးရန္ ေဆာင္ရြက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“ေရနံလက္ယက္တြင္းေတြကေန ထြက္ရိွတဲ့ေရနံေတြကို ပုဂၢလိက ခ်က္ဖိုေတြရိွတဲ့ ေနရာေဒသေတြဆီ သယ္ေဆာင္တာမွာ သရက္ကန္ေက်းရြာရန္ပံုေငြအတြက္ ေရနံတဲြကား(၁)စီးကို က်ပ္(၇)ေသာင္းကေန က်ပ္(၁)သိန္းအထိ ေကာက္ခံပါတယ္။ သရက္ကန္ကထြက္ရိွတဲ့ေရနံအေပၚက်ေတာ့ (၁)ပီပါကို (၅,၀၀၀) က်ပ္ ႏွဳန္းေကာက္တာမွာ (၃,၀၀၀)ကို ေက်းရြာရန္ပံုေငြအတြက္၊ (၂,၀၀၀)ကို အုပ္ခ်ဳပ္ေရးမွဴးအတြက္ဆိုၿပီး ရယူခဲ့တာပါ” ဟု ေဒသခံတစ္ဦးျဖစ္သည့္ ဦးမင္းႏိုင္က ေျပာသည္။

အဆိုပါ အဂတိလိုက္စားမႈကို ၿမိဳ႕နယ္အဆင့္မွ ၂၀၁၇ ခုႏွစ္ ဒီဇင္ဘာလတြင္ ခရိုင္အဆင့္ႏွင့္ ၂၀၁၈ခုႏွစ္ ဇန္နဝါရီလတြင္ တိုင္းေဒသႀကီးအစိုးရအဆင့္သို႔ တိုင္ၾကားခဲ့ေသာ္လည္း ေက်းရြာအုပ္ခ်ဳပ္ေရးမွဴး တာဝန္မွ ရပ္နားေစခဲ့သည့္ အေရးယူမႈသာ ျပဳလုပ္ခဲ့သျဖင့္  ၂၀၁၈ခု ၾသဂုတ္လ(၂၉)ရက္ေန႔တြင္ အဂတိ လိုက္စားမႈ တုိက္ဖ်က္ေရးေကာ္မရွင္ဆီသို႔  တိုင္ၾကားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“အဂတိ ေကာ္မရွင္က တိုင္းအစိုးရအဖဲြ႔ ဝန္ႀကီးခ်ဳပ္ဆီ ညႊန္ၾကားတဲ့စာက ဝန္ႀကီးခ်ဳပ္ဆီမေရာက္ဘဲ ဌာန ဆိုင္ရာဝန္ထမ္းေတြက လွ်ိဳ႕ဝွက္ထားတာေၾကာင့္ ၾကန္႔ၾကာခဲ့တဲ့ျဖစ္စဥ္လည္း ရိွခဲ့တယ္ဗ်။ အဂတိေကာ္ မရွင္က တိုင္းေဒသႀကီးအစိုးရအဖဲြ႔က စစ္ေဆးၿပီး ရက္(၃၀)အတြင္း ျပန္လည္တင္ျပဖို႔ ညႊန္ၾကားစာပို႔ တယ္။ တိုင္တဲ့အဖဲြ႔က ကၽြန္ေတာ့္ကိုေျပာေတာ့ ကၽြန္ေတာ္က ေစာင့္ၾကည့္ဖို႔ေျပာၿပီး ရက္(၆၀)အထိေစာင့္ေပမဲ့ တိုင္းအစိုးရအဖဲြ႔ရဲ႕ ေဆာင္ရြက္ခ်က္မေတြ႔ရဘူး။ ဒါနဲ႔ ကၽြန္ေတာ္ကိုယ္တိုင္ပဲ ဝန္ႀကီးခ်ဳပ္နဲ႔ေတြ႔ၿပီး အက်ိဳး အေၾကာင္းေျပာေတာ့ ဝန္ႀကီးခ်ဳပ္က ဒီကိစၥ ကၽြန္ေတာ္ေျပာမွသိရတာျဖစ္ေနတယ္”ဟု ေပါက္ၿမိဳ႕နယ္မွ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးရဲထြန္းဝင္းက ေျပာသည္။

ဝန္ႀကီးခ်ဳပ္က အဆိုပါကိစၥအတြက္ စစ္ေဆးရန္  တိုင္းေထြအုပ္မွ (၁)ဦး၊ ခရိုင္ေထြအုပ္မွ(၁)ဦး၊ ခရိုင္စာ ရင္းစစ္မွ(၁)ဦး ဦးေဆာင္သည့္ အဖဲြ႔ျဖင့္ စစ္ေဆးေစခဲ့ရာတြင္ တိုင္တန္းသူမ်ားအေပၚ ဖိအားေပး ျခိမ္း ေျခာက္မႈမ်ားလည္းရိွခဲ့သည္ဟု လႊတ္ေတာ္ကိုယ္စားလွယ္က ဆိုသည္။

“စစ္ေဆးတဲ့သူေတြထဲကပဲ ၿပီးၿပီးသားကိစၥ မင္းတို႔ထပ္တင္လို႔ ငါတို႔အလုပ္ရႈပ္တာဆိုၿပီး ႀကိမ္းေမာင္း တာမ်ိဳး ျခိမ္းေျခာက္တာမ်ိဳး လုပ္ၾကေတာ့ တိုင္တဲ့အဖဲြ႔က ဝန္ႀကီးခ်ဳပ္မသိေအာင္ ထိန္ခ်န္ထားၾကတာေရာ၊ ၾကိမ္းေမာင္း ျခိမ္းေျခာက္တာေတြအတြက္ပါ  ထပ္ၿပီးတိုင္စာတင္ၾကတာေၾကာင့္ ဒီအေျခအေနအထိျဖစ္ခဲ့ ရတာလို႔ ယူဆပါတယ္”ဟု ဦးရဲထြန္းဝင္း က ေျပာသည္။

သရက္ကန္ေက်းရြာအုပ္စု အုပ္ခ်ဳပ္ေရးမွဴး ဦးေဇာ္မင္းဦး လက္ထက္တြင္ ၂၀၁၆ ခုႏွစ္ႏွင့္ ၂၀၁၇ ခုႏွစ္မ်ားတြင္ ရန္ပံုေငြ က်ပ္သိန္းေပါင္း(၉,၇၀၀)ေက်ာ္ရရိွခဲ့ရာ စာရင္းရွင္းေပးရန္ ေတာင္းဆိုရာတြင္ ခရိုင္၊ ၿမိဳ႕နယ္ ဌာနဆိုင္ရာမ်ားမွ  တာဝန္ရိွသူမ်ားသို႔ မည္၍ မည္မွ်ေပးရေၾကာင္းသာ ရွင္းလင္းေျပာၾကားခဲ့သျဖင့္ ဘဏ္ အပ္ေငြ က်ပ္သိန္း(၅၀၀)ပါ စုစုေပါင္းရန္ပံုေငြ က်ပ္သိန္း(၁,၀၀၀) ေက်ာ္အား ျပန္လည္ေဖာ္ထုတ္ေပးရန္ ႏွင့္ အဂတိလိုက္စားသည့္ ဌာနဆိုင္ရာတာဝန္ရိွသူမ်ားကို အေရးယူေပးပါရန္ ၂၀၁၈ခု ၾသဂုတ္လ(၂၉) ရက္ေန႔တြင္ အဂတိလိုက္စားမႈတိုက္ဖ်က္ေရး ေကာ္မရွင္သို႔ တိုင္တန္းခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း  - ဖီးနစ္


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ကျေးရွာရန်ပုံငွေနှင့်ပတ်သက်၍ အဂတိမှုဖြင့် အမှုဖွင့်ခံထားရသည့် မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ်အုပ်ချုပ်ရေးမှူးအား ၂၀၁၉ ခုနှစ်၊ ဇွန်လ(၇)ရက် ညနေပိုင်းက ဖမ်းဆီးရမိခဲ့သော်လည်း ယခင်ပေါက်မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် ယခင် ပခုက္ကူမြို့ မှုခင်းရဲတပ်ဖွဲ့မှ ရဲအုပ်အဆင့် ရှိသူတို့မှာ တိမ်းရှောင်နကြေကြောင်း သိရသည်။

“သရက်ကန်ကျေးရွာအုပ်ချုပ်ရေးမှူးက လွန်ခဲ့တဲ့(၁၅)ရက်လောက်ကတည်းက ဖမ်းဆီးထားတာဖြစ်ပြီး မနေ့ (ဇွန်လ၇ရက်) ညနေကတော့ ပေါက်မြို့နယ်အုပ်ချုပ်ရေးမှူးကို ဖမ်းဆီးပါတယ်။ (ယခင်)မြို့နယ်ရဲ တပ်ဖွဲ့ မှူးနဲ့ (ယခင်)ပခုက္ကူ မှုခင်းတပ်ဖွဲ့က ရဲအရာရှိတို့ကိုတော့ လတ်တလော ဖမ်းဆီးရမိခြင်းမရှိသေးပါဘူး”ဟု ပေါက်မြို့မရဲ စခန်းမှ တာဝန်ရှိသူတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ဇွန်လ(၈)ရက်နေ့တွင် ပြောသည်။

ရေနံလက်ယက်တွင်းလုပ်ငန်းများမှရရှိသော သရက်ကန်ကျေးရွာရန်ပုံငွေ ကျပ်သိန်းပေါင်း (၉,၇၀၀)ကျော် နှင့်ပတ်သက်၍ ငွေစာရင်းရှင်းတမ်းတောင်းခံကြရာမှ အဂတိလိုက်စားမှုကို စစ်ဆေးတွေ့ရှိရသဖြင့် သရက်ကန်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးဇော်မင်းဦး၏ ညီတော်စပ်သူ ကိုဇော်ထွန်းမိုးကို လွန်ခဲ့သည့် (၂)လကျော်ခန့်က ဖမ်းဆီးစစ်ဆေးခဲ့ပြီးနောက် တစ်လခွဲခန့်အကြာတွင် သရက်ကန်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးကို ဖမ်းဆီးစစ်ဆေးခဲ့ပြီး နောက်ဆက်တွဲအဖြစ် ပေါက်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စွာအုန်း၊ (ယခင်) ပေါက်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဇော်ဝင်းရွှေ (လက်ရှိ) စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၊ (ယခင်) ပခုက္ကူမြို့ မှုခင်းရဲတပ်ဖွဲ့မှ ရဲအုပ်သန်းဇော်(လက်ရှိ) မှုခင်းရဲတပ်ဖွဲ့မှူးရုံး၊ နပြေည်တော် တို့ကို ဆက်လက် ဖမ်းဆီးရန် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ရေနံလက်ယက်တွင်းတွေကနေ ထွက်ရှိတဲ့ရေနံတွေကို ပုဂ္ဂလိက ချက်ဖိုတွေရှိတဲ့ နေရာဒေသတွေဆီ သယ်ဆောင်တာမှာ သရက်ကန်ကျေးရွာရန်ပုံငွေအတွက် ရေနံတွဲကား(၁)စီးကို ကျပ်(၇)သောင်းကနေ ကျပ်(၁)သိန်းအထိ ကောက်ခံပါတယ်။ သရက်ကန်ကထွက်ရှိတဲ့ရေနံအပေါ်ကျတော့ (၁)ပီပါကို (၅,ဝဝဝ) ကျပ် နှုန်းကောက်တာမှာ (၃,ဝဝဝ)ကို ကျေးရွာရန်ပုံငွေအတွက်၊ (၂,ဝဝဝ)ကို အုပ်ချုပ်ရေးမှူးအတွက်ဆိုပြီး ရယူခဲ့တာပါ” ဟု ဒေသခံတစ်ဦးဖြစ်သည့် ဦးမင်းနိုင်က ပြောသည်။

အဆိုပါ အဂတိလိုက်စားမှုကို မြို့နယ်အဆင့်မှ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလတွင် ခရိုင်အဆင့်နှင့် ၂၀၁၈ခုနှစ် ဇန်နဝါရီလတွင် တိုင်းဒေသကြီးအစိုးရအဆင့်သို့ တိုင်ကြားခဲ့သော်လည်း ကျေးရွာအုပ်ချုပ်ရေးမှူး တာဝန်မှ ရပ်နားစေခဲ့သည့် အရေးယူမှုသာ ပြုလုပ်ခဲ့သဖြင့် ၂၀၁၈ခု သြဂုတ်လ(၂၉)ရက်နေ့တွင် အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဆီသို့ တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အဂတိ ကော်မရှင်က တိုင်းအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဆီ ညွှန်ကြားတဲ့စာက ဝန်ကြီးချုပ်ဆီမရောက်ဘဲ ဌာန ဆိုင်ရာဝန်ထမ်းတွေက လျှို့ဝှက်ထားတာကြောင့် ကြန့်ကြာခဲ့တဲ့ဖြစ်စဉ်လည်း ရှိခဲ့တယ်ဗျ။ အဂတိကော် မရှင်က တိုင်းဒေသကြီးအစိုးရအဖွဲ့က စစ်ဆေးပြီး ရက်(၃၀)အတွင်း ပြန်လည်တင်ပြဖို့ ညွှန်ကြားစာပို့ တယ်။ တိုင်တဲ့အဖွဲ့က ကျွန်တော့်ကိုပြောတော့ ကျွန်တော်က စောင့်ကြည့်ဖို့ပြောပြီး ရက်(၆၀)အထိစောင့်ပေမဲ့ တိုင်းအစိုးရအဖွဲ့ရဲ့ ဆောင်ရွက်ချက်မတွေ့ရဘူး။ ဒါနဲ့ ကျွန်တော်ကိုယ်တိုင်ပဲ ဝန်ကြီးချုပ်နဲ့တွေ့ပြီး အကျိုး အကြောင်းပြောတော့ ဝန်ကြီးချုပ်က ဒီကိစ္စ ကျွန်တော်ပြောမှသိရတာဖြစ်နေတယ်”ဟု ပေါက်မြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းဝင်းက ပြောသည်။

ဝန်ကြီးချုပ်က အဆိုပါကိစ္စအတွက် စစ်ဆေးရန် တိုင်းထွေအုပ်မှ (၁)ဦး၊ ခရိုင်ထွေအုပ်မှ(၁)ဦး၊ ခရိုင်စာ ရင်းစစ်မှ(၁)ဦး ဦးဆောင်သည့် အဖွဲ့ဖြင့် စစ်ဆေးစေခဲ့ရာတွင် တိုင်တန်းသူများအပေါ် ဖိအားပေး ခြိမ်း ခြောက်မှုများလည်းရှိခဲ့သည်ဟု လွှတ်တော်ကိုယ်စားလှယ်က ဆိုသည်။

“စစ်ဆေးတဲ့သူတွေထဲကပဲ ပြီးပြီးသားကိစ္စ မင်းတို့ထပ်တင်လို့ ငါတို့အလုပ်ရှုပ်တာဆိုပြီး ကြိမ်းမောင်း တာမျိုး ခြိမ်းခြောက်တာမျိုး လုပ်ကြတော့ တိုင်တဲ့အဖွဲ့က ဝန်ကြီးချုပ်မသိအောင် ထိန်ချန်ထားကြတာရော၊ ကြိမ်းမောင်း ခြိမ်းခြောက်တာတွေအတွက်ပါ ထပ်ပြီးတိုင်စာတင်ကြတာကြောင့် ဒီအခြေအနေအထိဖြစ်ခဲ့ ရတာလို့ ယူဆပါတယ်”ဟု ဦးရဲထွန်းဝင်း က ပြောသည်။

သရက်ကန်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဇော်မင်းဦး လက်ထက်တွင် ၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်များတွင် ရန်ပုံငွေ ကျပ်သိန်းပေါင်း(၉,၇၀၀)ကျော်ရရှိခဲ့ရာ စာရင်းရှင်းပေးရန် တောင်းဆိုရာတွင် ခရိုင်၊ မြို့နယ် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများသို့ မည်၍ မည်မျှပေးရကြောင်းသာ ရှင်းလင်းပြောကြားခဲ့သဖြင့် ဘဏ် အပ်ငွေ ကျပ်သိန်း(၅၀၀)ပါ စုစုပေါင်းရန်ပုံငွေ ကျပ်သိန်း(၁,ဝဝဝ) ကျော်အား ပြန်လည်ဖော်ထုတ်ပေးရန် နှင့် အဂတိလိုက်စားသည့် ဌာနဆိုင်ရာတာဝန်ရှိသူများကို အရေးယူပေးပါရန် ၂၀၁၈ခု သြဂုတ်လ(၂၉) ရက်နေ့တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်သို့ တိုင်တန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သတင်း - ဖီးနစ်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net