တာချီလိတ်တွင် ညမထွက်ရအမိန့် ချိုးဖောက်သူ (၉)ဦးကို ထောင်ဒဏ် (၃)လစီ ချမှတ်ပြီးနောက် ညထွက်သူ နည်းသွား

တာချီလိတ်တွင် ညမထွက်ရအမိန့် ချိုးဖောက်သူ (၉)ဦးကို ထောင်ဒဏ် (၃)လစီ ချမှတ်ပြီးနောက် ညထွက်သူ နည်းသွား
ဧပြီ 30, 2020
By Tachileik News Agency

တာချီလိတ်တွင် ညမထွက်ရအမိန့် ချိုးဖောက်သူ (၉)ဦးကို ထောင်ဒဏ် (၃)လစီ ချမှတ်ပြီးနောက် ညထွက်သူ နည်းသွား

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့မှာ ညမထွက်ရအမိန့်ချိုးဖေါက်သူ (၉)ဦးအထိ ရှိလာတဲ့အထဲမှာ ထိုင်းနိုင်ငံသားတစ်ဦး ပါဝင်ပြီးနောက်ပိုင်းမှာတော့ ညပိုင်းတွေမှာ ကျန်းမာရေးအရ ဆေးရုံဆေးခန်းသွားသူတွေက လွဲလို့ ညပိုင်းထွက်သူတွေ နည်းသွားပြီဖြစ်ကြောင်း တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။၊

ကိုဗစ်နိုင်တီး ကာကွယ်ထိန်းချုပ်ရေးအတွက် တာချီလိတ်မြို့မှာ ညမထွက်ရ အမိန့်ကို ၂၀၂၀ခုနှစ် ဧပြီလ(၂၀)ရက်နေ့က စတင်ခဲ့ပြီးနောက်  ဧပြီလ(၂၂)(၂၃)နဲ့(၂၈)ရက်နေ့တွေမှာ မြန်မာနိုင်ငံသား (၈)ဦး နဲ့ ထိုင်းနိုင်ငံသား တစ်ဦး စုစုပေါင်း (၉)ဦးဖမ်းမိခဲ့တဲ့အတွက် သူတို့ကို  ပုဒ်မ ၁၈၈ နဲ့ ထောင်ဒဏ် (၃)လစီ ချမှတ်လိုက်ကြတာပဲ ဖြစ်ပါတယ်။

တာချီလိတ်မြို့နယ်အပါအဝင် ရှမ်းပြည်နယ်တစ်ခုလုံး ညမထွက်ရအမိန့်ကို ၂၀၂၀ခုနှစ် ဇွန်လ (၂၂)ရက်နေ့အထိ သတ်မှတ်ထားတာဖြစ်ပြီး ည(၁၀)နာရီကနေ နံနက်(၄)နာရီအတွင်း ထွက်သူတွေကို ဖမ်းဆီးအရေးယူနေတာပဲ ဖြစ်ပါတယ်။

Tachileik News Agency
တင်ဆက် - ကိုဇောင်း
သတင်း၊ရိုက်ကူး - ချယ်ရီထိုက်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~