တာချီလိတ်မြို့ ရန်အောင်မြေ နှင့် မိုင်းကိုးတို့တွင် အမျိုးသား(၃)ဦးအား မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းမိ

တာချီလိတ်မြို့ ရန်အောင်မြေ နှင့် မိုင်းကိုးတို့တွင် အမျိုးသား(၃)ဦးအား မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းမိ
သြဂုတ် 6, 2020
By Tachileik News Agency

တာချီလိတ်မြို့ ရန်အောင်မြေ နှင့် မိုင်းကိုးတို့တွင် အမျိုးသား(၃)ဦးအား မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းမိ

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့တွင် ဟိုတယ်တစ်ခု၏ ကားရပ်နားရာ နေရာ၌ မူးယစ်ဆေးဝါးသတင်းအရ စောင့်ဖမ်းရာမှ နေရာပေါင်း (၂)နေရာတွင် အမျိုးသား(၃)ဦးကို စိတ်ကြွရူးသွပ်ဆေးပြား (၁၆,၀၀၀)ပြားနှင့်အတူ  ဖမ်းဆီးရမိကြောင်း သိရသည်။

မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ၂၀၂၀ခုနှစ် ဩဂုတ်လ (၅)ရက်နေ့ နေ့လည်ပိုင်းက တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက်ရှိ ဟိုတယ်တစ်ခု၏ ကားရပ်နားရာ ဝန်းကျင်တွင် မူးယစ်ဆေးဝါးသတင်းအရ စောင့်ဆိုင်းနေစဉ် အိုက်ဆွန် မောင်းနှင်လာပြီး အိုက်တစ်(ခ)အိုက်အေး လိုက်ပါလာသည့် ဆိုင်ကယ်အား ရပ်တန့် စစ်ဆေးရှာဖွေရာက ဆိုင်ကယ်တူးဘောက်အတွင်းမှ စိတ်ကြွဆေးပြား (၆,၀၀၀)ပြားကို တွေ့ရှိ သိမ်းဆည်းရမိခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိပြီး ဆက်လက်စစ်ဆေးရာက ၎င်းတို့နှင့် ဆက်စပ်သည့် တာချီလိတ်မြို့နယ်၊ မိုင်းကိုးကျေးရွာအုပ်စုအတွင်း ဆီလီငေါ့ကျေးရွာရှိ  အိုက်ဆမ်တစ်၏ နေအိမ်အား သွားရောက် စစ်ဆေးရှာဖွေခဲ့ကြကြောင်း သိရသည်။

ဆီလီငေါ့ကျေးရွာရှိ နေအိမ်တွင် အိုက်ဆမ်တစ်အား တွေ့ရှိရပြီး ရှာဖွေမှုများ ပြုလုပ်ရာက နေအိမ်၏ မီးဖိုစင်အောက်တွင် ဝှက်ထားသည့် စိတ်ကြွဆေးပြား (၁၀,၀၀၀)ကို ထပ်မံတွေ့ရှိကြောင်း သိရသည်။

နေရာနှစ်နေရာတွင် စိတ်ကြွရူးသွပ်ဆေးပြား စုစုပေါင်း (၁၆,၀၀၀)ပြား သိမ်းဆည်းရမိခြင်း နှင့် ပတ်သက်၍ အိုက်ဆွန်၊ အိုက်တစ်(ခ)အိုက်အေး နှင့် အိုက်ဆမ်တစ်တို့ (၃)ဦးအား တာချီလိတ်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့် အရေးယူကာ စစ်ဆေးနေလျက်ရှိကြောင်း သိရသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~