မူဆယ်ဘက်မှ ခရီးသည်တင်ယာဉ်ဖြင့် သယ်လာသည့် အမိုနီယမ်နိုက်ထရိတ်များ ရေပူစခန်းတွင် ဖမ်းမိပြီး ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်ထွက်ပြေးနေ

မူဆယ်ဘက်မှ ခရီးသည်တင်ယာဉ်ဖြင့် သယ်လာသည့် အမိုနီယမ်နိုက်ထရိတ်များ ရေပူစခန်းတွင် ဖမ်းမိပြီး ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်ထွက်ပြေးနေ
ဖေဖော်ဝါရီ 24, 2020
By 🌸
မူဆယ်ဘက်မှ ခရီးသည်တင်ယာဉ်ဖြင့် သယ်လာသည့် အမိုနီယမ်နိုက်ထရိတ်များ ရေပူစခန်းတွင် ဖမ်းမိပြီး ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်ထွက်ပြေးနေ

ရှမ်းပြည်နယ်(မြောက်ပိုင်း) သိန်းနီမြို့အနီး ရေပူအမြဲတမ်းစစ်ဆေးရေးဂိတ်တွင် ၂၀၂၀ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၂၃) ရက်နေ့ ညပိုင်း၌ ခရီးသည်တင်ယာဉ်တစ်စီးဖြင့် တင်ဆောင်လာသည့် အမိုနီယမ်နိုက်ထရိတ်များ ဖမ်းမိပြီး ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် ထွက်ပြေးသွားကြောင်း သိရသည်။

မူဆယ်ဘက်မှ လားရှိုးဘက်သို့ ဖေဖေါ်ဝါရီလ (၂၃) ရက်နေ့ ည (၇) နာရီ (၁၅) မိနစ်ဝန်းကျင်က မောင်းနှင်လာသည့် ထက်ဦး Express ယာဉ်လိုင်းတံဆိပ်ပါ ယာဉ်အမှတ် NPW-2C/ 1522 ခရီးသည်တင်ယာဉ်အား အကောက်ခွန်ဦးစီးဌာနနှင့် သက်ဆိုင်ရာတာဝန်ရှိသူများပါဝင်သည့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးစဉ် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့မှာ တိမ်းရှောင် ထွက်ပြေးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယာဉ်အားစစ်ဆေးသည့်အခါ ယာဉ်၏ ကြမ်းခင်းအား အံဝှက်ပြုလုပ်၍ ထည့်သွင်း သယ်ဆောင် လာသည့် DIAMOND တံဆိပ် ငုံးစာ အစာအိတ် (၄၈) အိတ်ကို တွေ့ရှိရပြီး ၎င်းငုံးစာများအား RIGAKU စက်ဖြင့် စစ်ဆေးရာ အမိုနီယမ်နိုက်ထရိတ်ဒြပ်ပေါင်း (၅၈)ရာခိုင်နှုန်းနှင့် အမိုနီယမ်နိုက်ထရိတ် (၄၂)ရာခိုင်နှုန်း ပါဝင်သည်ကို စစ်ဆေးတွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ထိန်းချုပ်ဓါတုပစ္စည်းများနှင့် သယ်ဆောင်လာသည့် မော်တော်ယာဉ်တို့ကို ထိန်းသိမ်းထားပြီး တရားမဝင် သယ်ဆောင်လာသူများကို အမှုဖွင့်ဆောင်ရွက်ကာ အရေးယူနိုင်ရေး ဆောင်ရွက်နေကြောင်း သိရသ်ည။

အမိုနီယမ်နိုက်ထရိတ်ကို ကျောက်မိုင်းခွဲခြင်း၊ ရွှေတွင်းမိုင်ခွဲရာများတွင် အများဆုံးအသုံးပြုလေ့ရှိကြပြီး လက်လုပ်မိုင်းအဖြစ်လည်း သုံးစွဲနိုင်သဖြင့် ထိန်းချုပ်ဓါတုပစ္စည်းအဖြစ် ကန့်သတ်ထားခြင်းဖြစ်သည်။

Tachileik News Agency

သတင်း -နေဖြိုးမြင့်
ဓါတ်ပုံ -ရေပူစစ်ဆေးရေးစခန်း

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~