တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက် နှင့် ပါဆတ်ရပ်ကွက်တို့တွင် စိတ်ကြွဆေးများ ဖမ်းမိ

တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက် နှင့် ပါဆတ်ရပ်ကွက်တို့တွင် စိတ်ကြွဆေးများ ဖမ်းမိ
ဇူလိုင် 14, 2020
By Tachileik News Agency

တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက် နှင့် ပါဆတ်ရပ်ကွက်တို့တွင် စိတ်ကြွဆေးများ ဖမ်းမိ

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက်အတွင်း၌ အမျိုးသားတစ်ဦးအား မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းဆီးရမိရာမှ ဆက်လက်ဖော်ထုတ်ချက်အရ ပါဆတ်ရပ်ကွက်တွင် နောက်ထပ်အမျိုးသားတစ်ဦးအား မူးယစ်ဆေးဝါးနှင့်အတူ ထပ်မံ ဖမ်းဆီးရမိကြောင်း သိရသည်။

တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက်၊ ပါလျှံ(၂)အပိုင်း ခရစ်ယာန်ဘုရားကျောင်းသွားလမ်းပေါ်တွင် မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များက မူးယစ်ဆေးဝါးသတင်းအရ ၂၀၂၀ခုနှစ် ဇူလိုင်လ(၁၃)ရက်နေ့ နံနက်(၁၁)နာရီ(၄၅)မိနစ်ဝန်းကျင်အချိန်က  စောင့်ဆိုင်း ဖမ်းဆီးရာက ဇော်ထူး (ခ) စပါး မောင်းလာသည့် ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာမှ ၎င်းဝတ်ဆင်ထားသည့် ဘောင်းဘီတို ခါးကြားမှ Wy စာတမ်းပါ စိတ်ကြွဆေးပြား (၁,၀၀၀)ပြားကို တွေ့ရှိရကြောင်း သိရသည်။

၎င်းအား ဆက်လက်စစ်ဆေးချက်အရ တာချီလိတ်မြို့ ပါဆတ်ရပ်ကွက် အိမ်ခန်းငှားတစ်ခုရှိ အိုက်ဆမ်၏ အခန်းအား ဝင်ရောက်စစ်ဆေးရှာဖွေရာက  အိုက်ဆမ် နှင့်အတူ Wy စာတမ်းပါ စိတ်ကြွဆေးပြား (၁,၂၀၀)ပြား နှင့် လက်ကိုင်ဖုန်း တစ်လုံးတို့ကို ရှာဖွေတွေ့ရှိရခြင်း ဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးဝါးများနှင့်အတူ  ရန်အောင်မြေ နှင့် ပါဆတ်ရပ်ကွက်တို့မှ ဖမ်းဆီးရမိသည့် ဇော်ထူး(ခ)စပါး နှင့် အိုက်ဆမ် တို့(၂)ဦးအား တာချီလိတ်မြို့ရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့်အရေးယူလိုက်ကြောင်း သိရသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~