တာချီလိတ်မြို့တွင် နေ့လည်ပိုင်းအချိန်အတွင်း လည်ပင်းကို ဓါးထောက်ပြီး ဆိုင်ကယ်လုယူသွား

တာချီလိတ်မြို့တွင် နေ့လည်ပိုင်းအချိန်အတွင်း လည်ပင်းကို ဓါးထောက်ပြီး ဆိုင်ကယ်လုယူသွား

စစ်အာဏာရှင်ဆန့်ကျင်သူများကိုသာ ဖမ်းဆီးရန် အမြဲကင်းလှည့်နေသည့် တာချီလိတ်မြို့တွင် နေ့လည်ပိုင်းအချိန်အတွင်း လည်ပင်းကို ဓါးထောက်ပြီး ဆိုင်ကယ်လုယူမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

တာချီလိတ်မြို့ ပုံလို့လမ်း(ဗုဒ္ဓဂါရ လမ်းတည့်တည့်) ရွှေရောင်နှင့်စေတီတစ်ဆူတည်ထားသည့် နေရာတွင်  ၂၀၂၁ခုနှစ် စက်တင်ဘာလ(၂၃)ရက်နေ့ နေ့လည်(၁၂)နာရီ ဝန်းကျင်အချိန်က ဖြစ်ပွားခြင်း ဖြစ်ကြောင်း သိရသည်။

ဝဝတုတ်တုတ်ကောင်က အသားမဲတယ်။ ဆိုင်ကယ်ဦးထုပ်ဆောင်းထားတယ်။ လက်မှာ Tattoo အပြည့်ပဲ၊ အဲ့တစ်ယောက်က ဓါးမြှောင်ကိုင်ထားတာ၊ နောက်တစ်ယောက်ကတော့ ဓါးရှည်ရှည် ကိုင်ထားတာ။ ဝတုတ်တုတ်နဲ့လူက ကျွန်တော့် လည်ပင်းကို ဓါးထောက်ပြီး ဆိုင်ကယ်သော့ပေးဆိုတော့ ပေးလိုက်ရတာ

ဟု ဆိုင်ကယ်လုယက်ခံရသည့် လူငယ်က Tachileik News Agency သို့ ပြောသည်။

ယူဆောင်သွားသည့် ဆိုင်ကယ်အမျိုးအစားမှာ   ၂၀၁၇ ခုနှစ်ထုတ်  Honda MSX ဖြစ်ပြီး အရောင်မှာ ခရမ်းရောင်ဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့တွင် နိုင်ငံ့အာဏာသိမ်းခံရပြီးနောက် စစ်တပ်နှင့်ရဲက မြို့တွင်း၌ အရပ်ဝတ်များဖြင့်ပါ သွားလာကာ လှည့်ကင်းများလှည့်နေသော်လည်း ဆိုင်ကယ်များမှာ တစ်နေ့လျှင် အနည်းဆုံး (၂)စီးနှုန်းဖြင့် ခိုးခံနေရပြီး ရိုးရိုးခိုးရာမှ ယခုလို ဓါးထောက်လုယက်မှုများအထိ ဖြစ်ပွားလာနေသလို လမ်းတွင် ရိုက်၍ လုယူသည် ဖြစ်စဉ်များ မကြာခဏ ဖြစ်ပွားနေသော်လည်း ဖမ်းဆီးရမိနိုင်ခြင်း မရှိကြောင်း သိရသည်။

#TachileikNewsAgency