က်ိဳင္းတံုၿမိဳ႕တြင္ ယာဥ္အႏၱရာယ္၊ လမ္းအႏၱရာယ္ကင္းရွင္းေရး တနဂၤေႏြေန႔တိုင္း ေရြ႕လ်ားပညာေပး

က်ိဳင္းတံုၿမိဳ႕တြင္ ယာဥ္အႏၱရာယ္၊ လမ္းအႏၱရာယ္ကင္းရွင္းေရး တနဂၤေႏြေန႔တိုင္း ေရြ႕လ်ားပညာေပး
ဇွန် 23, 2019
By 🌸
ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ က်ိဳင္းတံုၿမိဳ႕တြင္ ယာဥ္အႏၱရာယ္၊ လမ္းအႏၱရာယ္ကင္းရွင္းေရးႏွင့္ ယာဥ္မေတာ္တဆမႈမ်ား ေလ်ာ့နည္းက်ဆင္းေရးအတြက္ ပူးေပါင္းအဖြဲ႕ျဖင့္ ေရြ႕လ်ားေဟာေျပာျခင္းကို ၂၀၁၉ ခုႏွစ္၊ ဇြန္လ (၂၃)ရက္ေန႔က ေဆာင္ရြက္သည္။

က်ိဳင္းတုံၿမိဳ႕နယ္ ယာဥ္စည္းကမ္း လမ္းစည္းကမ္း ေကာ္မတီ၊ ျမို့နယ္ရဲတပ္ဖြဲ့၊  ျမို့နယ္ပညာေရးမွဴး၊ စည္ပင္သာယာေရးဌာန၊ ကညန၊ ကညန(ကလ)၊ မထသ၊ ဥပေဒစသည့္ သက္ဆုိင္ရာဌာနမ်ားပါဝင္သည့္ ပူးေပါင္းအဖြဲ႕က အပတ္စဥ္ တနဂၤေႏြေန႔တုိင္း ယာဥ္စည္းကမ္းလမ္းစည္းကမ္းအသိပညာေပးျခင္းကို ေဆာင္ရြက္ေပးေနျခင္းျဖစ္ေၾကာင္း သိရသည္။

ယာဥ္၊လမ္းစည္းကမ္းအသိပညာေပးျခင္းကို အေဝးေျပးကားဝင္းတြင္ တစ္လလွ်င္ႏွစ္ၾကိမ္၊ စာသင္ေက်ာင္းမ်ားႏွင့္ OSS တြင္ ေသာၾကာေန႔တုိင္းႏွင့္ အဖြဲ႕ေပါင္းစံုျဖင့္ မိုဘိုင္းပညာေပးျခင္းကို တနဂၤေႏြေန႔တုိင္း လုပ္ေဆာင္ေနျခင္းျဖစ္ေၾကာင္း အမွတ္(၁၁၈) ယာဥ္ထိန္းရဲတပ္ဖြဲ႕စု(က်ိဳင္းတုံ)မွ တပ္ဖြဲ႔စုမွဴး ဒုရဲမွဴးေက်ာ္ေဇာေအာင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ယာဥ္အႏၱရာယ္၊ လမ္းအႏၱရာယ္ကင္းရွင္းေရးအတြက္ ျပည္သူလူထုအား ယာဥ္စည္းကမ္း၊ လမ္းစည္းကမ္းအသိပညာေပးျခင္းအျပင္ အေဝးေျပးယာဥ္မ်ားတြင္ ယာဥ္မေတာ္တဆမႈမ်ား ႀကိဳတင္ကာကြယ္ေရး၊ ခရီးသည္တင္ယာဥ္မ်ားတြင္ အေရးေပၚ ထြက္ေပါက္၊ မီးသတ္ေဆးဘူးႏွင့္ မွန္ခြဲရန္တူ၊ပုဆိန္မ်ား အသုံးျပဳေစေရး၊ သတ္မွတ္လမ္းၫႊန္အမွတ္အသားမ်ားႏွင့္ အခ်က္ျပမ်ားသိ႐ွိရန္ အသိပညာေပးလုပ္ေဆာင္ေပးေနျခင္းျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency

ဓါတ္ပံု -KZA

~~~~~~~~⊰❂ Unicode Version ~~~~~~~~
ကျိုင်းတုံမြို့တွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး တနင်္ဂနွေနေ့တိုင်း ရွေ့လျားပညာပေး
**********
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့တွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးနှင့် ယာဉ်မတော်တဆမှုများ လျော့နည်းကျဆင်းရေးအတွက် ပူးပေါင်းအဖွဲ့ဖြင့် ရွေ့လျားဟောပြောခြင်းကို ၂၀၁၉ ခုနှစ်၊ ဇွန်လ (၂၃)ရက်နေ့က ဆောင်ရွက်သည်။

ကျိုင်းတုံမြို့နယ် ယာဉ်စည်းကမ်း လမ်းစည်းကမ်း ကော်မတီ၊ မြို့နယ်ရဲတပ်ဖွဲ့၊  မြို့နယ်ပညာရေးမှူး၊ စည်ပင်သာယာရေးဌာန၊ ကညန၊ ကညန(ကလ)၊ မထသ၊ ဥပဒေစသည့် သက်ဆိုင်ရာဌာနများပါဝင်သည့် ပူးပေါင်းအဖွဲ့က အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ယာဉ်စည်းကမ်းလမ်းစည်းကမ်းအသိပညာပေးခြင်းကို ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း သိရသည်။

ယာဉ်၊လမ်းစည်းကမ်းအသိပညာပေးခြင်းကို အဝေးပြေးကားဝင်းတွင် တစ်လလျှင်နှစ်ကြိမ်၊ စာသင်ကျောင်းများနှင့် OSS တွင် သောကြာနေ့တိုင်းနှင့် အဖွဲ့ပေါင်းစုံဖြင့် မိုဘိုင်းပညာပေးခြင်းကို တနင်္ဂနွေနေ့တိုင်း လုပ်ဆောင်နေခြင်းဖြစ်ကြောင်း အမှတ်(၁၁၈) ယာဉ်ထိန်းရဲတပ်ဖွဲ့စု(ကျိုင်းတုံ)မှ တပ်ဖွဲ့စုမှူး ဒုရဲမှူးကျော်ဇောအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးအတွက် ပြည်သူလူထုအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေးခြင်းအပြင် အဝေးပြေးယာဉ်များတွင် ယာဉ်မတော်တဆမှုများ ကြိုတင်ကာကွယ်ရေး၊ ခရီးသည်တင်ယာဉ်များတွင် အရေးပေါ် ထွက်ပေါက်၊ မီးသတ်ဆေးဘူးနှင့် မှန်ခွဲရန်တူ၊ပုဆိန်များ အသုံးပြုစေရေး၊ သတ်မှတ်လမ်းညွှန်အမှတ်အသားများနှင့် အချက်ပြများသိရှိရန် အသိပညာပေးလုပ်ဆောင်ပေးနေခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ -KZA

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net