ရှမ်းပြည်နယ်(အရှေ့ပိုင်း)မှ (၆၃၆)ဦး၏ ဓါတ်ခွဲနမူနာများကို တောင်ကြီးတွင် ဒီဇင်ဘာလ(၁၂)ရက်နေ့၌ စစ်ဆေးရာ တာချီလိတ် (၁)ဦး နှင့် မိုင်းယောင်း (၁)ဦးတို့တွင်သာ Covid-19 တွေ့ပြီး ကျန်တာ အားလုံး ပိုးမတွေ့

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မှ (၆၃၆)ဦး၏ ဓါတ်ခွဲနမူနာများကို တောင်ကြီးတွင် ဒီဇင်ဘာလ(၁၂)ရက်နေ့၌ စစ်ဆေးရာ တာချီလိတ် (၁)ဦး နှင့် မိုင်းယောင်း (၁)ဦးတို့တွင်သာ Covid-19 တွေ့ပြီး ကျန်တာ အားလုံး ပိုးမတွေ့
ဒီဇင်ဘာ 12, 2020
By Tachileik News Agency
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မှ (၆၃၆)ဦး၏ ဓါတ်ခွဲနမူနာများကို တောင်ကြီးတွင် ဒီဇင်ဘာလ(၁၂)ရက်နေ့၌ စစ်ဆေးရာ တာချီလိတ် (၁)ဦး နှင့် မိုင်းယောင်း (၁)ဦးတို့တွင်သာ Covid-19 တွေ့ပြီး ကျန်တာ အားလုံး ပိုးမတွေ့
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်၊ ကျိုင်းတုံ၊ မိုင်းဖြတ်၊ မိုင်းတုံ၊ မိုင်းယောင်းနှင့် မိုင်းပျဉ်းတို့မှ တောင်ကြီးဓာတ်ခွဲဌာနသို့ ပို့စစ်ထားသည့် (၆၃၆) ဦးအနက် တာချီလိတ်နှင့် မိုင်းယောင်းတို့တွင် ပိုးတွေ့ရသူ (၁)ဦးစီသာ Covid-19 ပိုးတွေ့ရှိရပြီး  ကျန် (၆၃၄)ဦးတွင် ပိုးမတွေ့ရကြောင်း ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၁၂)ရက်နေ့၌ ဓာတ်ခွဲအဖြေရရှိသည်။
တာချီလိတ်မြို့မှ ဓာတ်ခွဲနမူနာ (၁၇၀)၊ ကျိုင်းတုံမှ ဓာတ်ခွဲနမူနာ(၂၉)၊ မိုင်းဖြတ်မှ ဓာတ်ခွဲနမူနာ (၁၁၉)၊ မိုင်းတုံမှ ဓာတ်ခွဲနမူနာ (၆၄)၊ မိုင်းယောင်းမှ ဓာတ်ခွဲနမူနာ (၂၄၀)နှင့် မိုင်းပျဉ်းမှ ဓာတ်ခွဲနမူနာ (၁၄) ခု စုစုပေါင်း ဓာတ်ခွဲနမူနာ (၆၃၆)ခုကို တောင်ကြီးမြို့ရှိ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲဌာနသို့ ပို့စစ်ထားခြင်းဖြစ်သည်။
အဆိုပါ ဓာတ်ခွဲနမူနာစစ်သူအားလုံးမှာ အတည်ပြုလူနာနှင့် ထိတွေ့၍ အသွားအလာကန့်သတ်ကာ ပထမအကြိမ်အဖြစ် RDT ဖြင့် စစ်ဆေးထားစဉ်က Negative ရထားသူများဖြစ်ပြီး ဒုတိယအကြိမ်အဖြစ် PCR ဖြင့် စစ်ဆေးထားခြင်းဖြစ်သည်။ 
ဒီဇင်ဘာလ (၁၂)ရက်နေ့တွင် ရရှိသည့် ဓာတ်ခွဲအဖြေများအရ တာချီလိတ်မြို့ရှိ 1G1 ဟိုတယ်၌ အသွားအလာကန့်သတ်ထားသည့် (၆၉)ဦးအနက်မှ အသက် (၃၅)နှစ်အရွယ် အမျိုးသား (၁)ဦးနှင့် မိုင်းယောင်း၌ တာချီလိတ်မှ ပြန်လာ၍ အသွားအလာကန့်သတ်ထားသည့် အသက် (၁၅) နှစ်အရွယ် အမျိုးသမီး (၁)ဦးတို့၌ COVID 19 ပိုးတွေ့ရခြင်းဖြစ်ကြောင်း သိရသည်။
အတည်ပြုလူနာ (၂) ဦးထပ်တိုးလာသဖြင့် ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသတွင် ဒီဇင်ဘာလ (၁၂)ရက်နေ့အထိ အတည်ပြုလူနာ တွေ့ရှိမှုမှာ (၁၃၄)ဦးရှိပြီဖြစ်ပြီး နိုဝင်ဘာလ (၂၅)ရက်နေ့မှစ၍ တာချီလိတ်မြို့နယ်၌ ဒေသတွင်း ကူးစက်မှုဖြစ်လာကာ မိုင်းယောင်း၌လည်း ဒေသတွင်း ကူးစက်မှုကို တွေ့လာရခြင်းဖြစ်သည်။
Tachileik News Agency

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~